Connect with us

Europe

ရုရှားနှင့် မြောက်ကိုရီးယားတို့ အိမ်နီးချင်းကောင်း ဆက်ဆံရေးအားကောင်းစေရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး မြှင့်တင်ရန် ပူတင်ပြော

ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီတွင် Victory Day စစ်ရေးပြအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသော ရုရှား သမ္မတ ဗလာတီမာ ပူတင် (လယ်) ကို တွေ့ရစဉ် (ဓာတ်ပုံ - EPA/GAVRIIL GRIGOROV / SPUTNIK / KREMLIN POOL MANDATORY CREDIT)

မော်စကို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် အိမ်နီးချင်းကောင်း ဆက်ဆံရေး အားကောင်းစေရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်က မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းနှင့် စက်တင်ဘာ ၁၃ ရက်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ အရှေ့ဖျား Amur Oblast ဒေသရှိ ဗော့စ်တော့ချနီ ကော့မိုဒရုမ်းတွင် တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပြီး တွေ့ဆုံဆွေးနွေးချိန်တစ်နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထိုအစည်းအဝေးပြီးနောက် ခေါင်းဆောင်နှစ်ဦးတို့သည် တစ်ဦးချင်းတွေ့ဆုံခဲ့ကာ နေ့လယ်စာ အတူတကွ စားသုံးခဲ့ကြသည်။

“မိမိတို့ တွေ့ဆုံမှုက အထူးအချိန်အခါမှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲ၌ ပူတင်၏ ပြောကြားချက်အား ကိုးကား၍ ကရင်မလင်နန်းတော်က ပြောခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးမီက နိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်ကို ကျင်းပခဲ့ကြောင်းနှင့် မိမိတို့နှင့် သံတမန်ဆက်ဆံရေးထူထောင်ခဲ့တာကလည်း ၇၅ နှစ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း ပူတင်က မှတ်ချက်ပြုပြောကြားခဲ့သည်။

ဆိုဗီယက်ယူနီယံသည် မြောက်ကိုရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ပထမဆုံး အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း ပူတင်က ပြန်ပြောင်းအောက်မေ့လျက် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏ ခရီးစဉ်သည် နိုင်ငံတကာအခင်းအကျင်းတွင် ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားနေသည့်အချိန်အခါ၌ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
ထို့နောက် ကင်သည် ကိုရီးယားကျွန်းဆွယ်ပေါ်နှင့် ဥရောပရှိ စစ်ရေး-နိုင်ငံရေး အခြေအနေကို ရုရှားသမ္မတ ပူတင်နှင့် ဆွေးနွေးခဲ့ပြီး မဟာဗျူဟာမြောက် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်း၏ အရေးပါမှုကိုလည်း သဘောတူခဲ့ကြကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်သည် ပြုံယမ်းမြို့မှ အထူးရထားဖြင့် ရုရှားနိုင်ငံ နယ်စပ် ခါဆန်မြို့သို့ စက်တင်ဘာ ၁၂ ရက် ရောက်ရှိလာခဲ့သည်။ ကင်သည် ၂၀၁၉ ခုနှစ် ဧပြီလက ရုရှားနိုင်ငံသို့ လာရောက်ခဲ့ကာ ဗလာဒီဗော့စ်တော့ခ်မြို့တွင် ပူတင်နှင့် တွေ့ဆုံခဲ့သည်။ (Xinhua)

………………………………
(English Version)
Russia, DPRK to strengthen good-neighborly relations, promote regional peace: Putin
MOSCOW, Sept. 13 (Xinhua) — Moscow and Pyongyang will strive to strengthen good-neighborly relations and promote regional peace, Russian President Vladimir Putin said Wednesday during his meeting with Kim Jong Un, top leader of the Democratic People’s Republic of Korea (DPRK).
At the Vostochny Cosmodrome in the Amur Oblast of Russia’s Far East, both sides had a meeting in an expanded format, which was attended by the two delegations and lasted about an hour and a half.
After the meeting, the leaders met one-on-one, and the two sides had lunch together.
“Our meeting is taking place at a special time,” said the Kremlin, citing Putin at the talks. The DPRK “has recently celebrated the 75th anniversary of its founding, and we established diplomatic relations 75 years ago,” noted the Russian leader.
Putin recalled that the Soviet Union was the first to recognize the sovereignty and independence of the DPRK.
For his part, Kim noted that his visit is taking place at a time of fierce confrontation in the international arena.
Kim said he discussed the military-political situation on the Korean Peninsula and in Europe with his Russian counterpart, adding that both sides have agreed on the importance of strengthening strategic and tactical cooperation.
Kim arrived in the Russian border city of Khasan early on Tuesday on a special train from Pyongyang. Kim previously visited Russia in April 2019, when he held talks with Putin in Vladivostok.
Photo: Russian President Vladimir Putin (C) delivers his speech during a Victory Day military parade on Red Square in Moscow, Russia, 09 May 2023. EPA/GAVRIIL GRIGOROV / SPUTNIK / KREMLIN POOL MANDATORY CREDIT