Connect with us

International Organizations

“G77 နှင့် တရုတ်နိုင်ငံ” ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကျင်းပ ၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် လက်ရှိ စိန်ခေါ်မှုများကို ဖြေရှင်းရန် အဓိကထားဆွေးနွေး

ကျူးဘားနိုင်ငံ တော်လှန်ရေးခေါင်းဆောင် Raul Castro (ရှေ့တန်း အလယ်)၊ ကျူးဘားနိုင်ငံသမ္မတ Miguel Diaz-Canel (အရှေ့တန်း ယာ)နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် (ရှေ့တန်း ဝဲ)တို့အား “G77 နှင့် တရုတ်နိုင်ငံ” ထိပ်သီးအစည်းအဝေးတွင် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

“G77 နှင့် တရုတ်နိုင်ငံ” ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့ရာ ပူးပေါင်းဆောင်ရွက်မှုဖြင့် လက်ရှိ စိန်ခေါ်မှုများကို ဖြေရှင်းရန် အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel က “G77 နှင့် တရုတ်နိုင်ငံ” ထိပ်သီးအစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က “G77 နှင့် တရုတ်နိုင်ငံ” ထိပ်သီးအစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယခုအကြိမ် ထိပ်သီး အစည်းအဝေးကို “G77နှင့် တရုတ်နိုင်ငံ”၏ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံဖြစ်သည့် ကျူးဘားနိုင်ငံ၌ “လက်ရှိ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ- သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်ဖန်တီးမှု၏ အခန်းကဏ္ဍ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ကျူးဘားနိုင်ငံ သမ္မတ Miguel Díaz-Canel က ဖွင့်ပွဲအမှာစကားပြောကြားရာတွင် “G77 နှင့် တရုတ်နိုင်ငံ”သည် နိုင်ငံတကာစင်မြင့်တွင် နိုင်ငံအများအပြား၏ အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရသည့် ကြီးမားသော တာဝန်ကို ထမ်းဆောင်လျက်ရှိရာ ဖွံ့ဖြိုးတိုးတက်ခွင့်ကို စည်းလုံးညီညွတ်စွာ ရယူသင့်သလို နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေစီအသွင်ပြောင်းရန် တွန်းအားပေးဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(Chinese Version)
“77国集团和中国”峰会开幕 聚焦推动合作应对当前挑战
新华社哈瓦那9月15日电“77国集团和中国”峰会15日在古巴首都哈瓦那开幕,峰会聚焦推动南方国家协调合作应对当前挑战。
此次峰会由“77国集团和中国”轮值主席国古巴举办,主题为“当前发展面临的挑战:科学、技术和创新的作用”。古巴国家主席迪亚斯-卡内尔在开幕式致辞中表示,“77国集团和中国”肩负着在国际舞台维护大多数国家利益的巨大责任,应团结争取发展权,推动国际关系民主化。
1. 9月15日,古巴革命领袖劳尔•卡斯特罗(前排中)、古巴国家主席迪亚斯-卡内尔(前排右)和联合国秘书长古特雷斯(前排左)在哈瓦那出席“77国集团和中国”峰会集体合影仪式。
2. 9月15日,在古巴首都哈瓦那,古巴国家主席迪亚斯-卡内尔在“77国集团和中国”峰会开幕式上致辞。
3. 9月15日,在古巴首都哈瓦那,联合国秘书长古特雷斯在“77国集团和中国”峰会开幕式上致辞。