Connect with us

China

အာဆီယံ အထူးထုတ်ကုန်ပစ္စည်းများ တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် အရောင်းသွက်လျက်ရှိ

တရုတ်နိုင်ငံ နန်နင်း နိုင်ငံတကာပြပွဲ စင်တာတွင် မြန်မာနိုင်ငံ၏ထုတ်ကုန်ပစ္စည်းများအား ရွေးချယ်ဝယ်ယူနေကြသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မလေးရှား ကော်ဖီ၊ ထိုင်း ဒူးရင်းသီး၊ ဗီယက်နမ်ဖိနပ်တို့ကို နိုင်ငံခြားသို့ သွားရောက်စရာ မလိုအပ်ဘဲ တရုတ်-အာဆီယံ ဈေးကွက်ကြီးတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည်။

၂၀ ကြိမ်မြောက် တရုတ်-အာဆီယ့ ကုန်စည်ပြပွဲ အာဆီယံ ထုတ်ကုန်ပစ္စည်းများပြခန်းတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ လာရောက်၍ ခင်းကျင်း ပြသကြသည့် လုပ်ငန်းပေါင်း ၆၄၀ ကျော် ရှိသလို ပါဝင်ပြသသည့် နာမည်ကြီးတံဆိပ် ကုန်စည်ပစ္စည်း အများအပြားရှိရာ အာဆီယံ အထူးထုတ်ကုန်ပစ္စည်းများ ဝယ်ယူနိုင်သည့် ပလက်ဖောင်းအဖြစ် လာရောက်ကြည့်ရှုသူများ၏ နှစ်ခြိုက်အားပေးမှုကို ရရှိခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ နန်နင်း နိုင်ငံတကာပြပွဲ စင်တာတွင် ဒူးရင်းသီးများအား ပြသထားသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နန်နင်း နိုင်ငံတကာပြပွဲ စင်တာရှိ ထိုင်းကုန်စည်ပြခန်းတွင် ထိုင်းဆန်မွှေးအား မြည်းစမ်းနေကြသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(Chinese Version)

东盟特色商品热销东博会
品马来西亚咖啡、尝泰国榴莲、购越南拖鞋……不出国门,也能享受中国—东盟大市场带来的便利。在第二十届中国—东盟博览会东盟商品展区,来自东盟国家的参展企业达640家,参展品牌企业展出众多精品,打造东盟特色商品购物平台,深受参观者喜爱。
1. 9月18日,在南宁国际会展中心,观众在缅甸商品馆选购商品。
2. 9月18日,在南宁国际会展中心,越南客商在销售榴莲。
3. 9月18日,在南宁国际会展中心,观众在泰国商品馆排队品尝泰国香米。