Connect with us

China

တရုတ် အမျိုးသား ကမ်းလွန် ရေနံ ကော်ပိုရေးရှင်းက ဝန်ချန်းပင်လယ်ပြင်တွင် မြန်မာ သင်္ဘောသား ၉ ဦး အပါအဝင် နိုင်ငံခြားသင်္ဘောသား ၂၀ ဦးအား အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့

တရုတ်နိုင်ငံ တောင်ပိုင်း ဆန်းကျန့်မြို့ အနောက်တောင်ပိုင်း ၂၀၀ ကီလိုမီတာ အကွာ၌ ရှိသည့် အန်းဖိန် ၁၅-၁ ရေနံ ပလက်ဖောင်းအား ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပင်လယ်ပြင်တွင် နာရီ ၅၀ ကျော် ရေမျောနေသည့် နိုင်ငံခြား သင်္ဘောတစ်စင်းနှင့် သင်္ဘောပေါ်ရှိ နိုင်ငံခြား သင်္ဘောသား ၂၀ ဦးကို စက်တင်ဘာ ၁၇ ရက်က အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း တရုတ် အမျိုးသား ကမ်းလွန် ရေနံ ကော်ပိုရေးရှင်း(CNOOC) ကျန့်ကျန်း ကုမ္ပဏီခွဲမှ သိရသည်။

“ဝန်ချန်း ၁၃၂” ပလက်ဖောင်း ရေမိုင် ၃၀ အကွာတွင် နိုင်ငံခြား သင်္ဘော “GRIFFIN”၏ ပင်မ အင်ဂျင် စက်ချို့ယွင်းမှုကြောင့် ထိန်းချုပ်မောင်းနှင်နိုင်စွမ်းမရှိတော့ကြောင်း၊ သင်္ဘောပေါ်ရှိ နိုင်ငံခြားသင်္ဘောသား ၂၀ ဦး (မြန်မာနိုင်ငံသား ၉ ဦး ၊ အိန္ဒိယနိုင်ငံသား ၈ ဦး ၊ ဂါနာနိုင်ငံသား ၂ ဦး ၊ အင်ဒိုနီးရှားနိုင်ငံသား ၁ ဦး ) တို့၏ အသက်အန္တရာယ်စိုးရိမ်ရကြောင်း နှင့် CNOOC ကျန့်ကျန်း ကုမ္ပဏီခွဲ သွားရောက်ကယ်ဆယ်ရန် စက်တင်ဘာ ၁၆ ရက် ၇ နာရီခန့်တွင် ချင်းလျန် ပင်လယ်ရေကြောင်းရေးရာ ဌာနက CNOOC ကျန့်ကျန်း ကုမ္ပဏီခွဲ အရေးပေါ်စခန်းကို အကြောင်းကြားခဲ့သည်။

စက်တင်ဘာ ၁၇ ရက် ၇ နာရီတွင် “CNPC 281” သင်္ဘောသည် အန္တရာယ်ရှိသည့် အဆိုပါသင်္ဘောကို သွားရောက် ဆွဲယူခဲ့ရာ ညွှန်ကြားချက်အရ ၁၈ နာရီ ၁၇ မိနစ် တွင် ဟိုင်နန်ပြည်နယ် ချင်းလျန်ဆိပ်ကမ်းတွင် ကျောက်ဆူးကြိုးချပြီး အရေးပေါ်ကူညီကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

CNOOC ကျန့်ကျန်း ကုမ္ပဏီခွဲ၏ ကိန်းဂဏန်းများအရ ၂၀၂၃ ခုနှစ် ယနေ့အထိ ပင်လယ်ပြင် ကယ်ဆယ်ရေး ၇ ကြိမ် ဆောင်ရွက်ပြီးဖြစ်ရာ သင်္ဘော ၆ စင်း၊ ရဟတ်ယာဉ် ၁ စင်း စေလွှတ်၍ အန္တရာယ်နှင့်ကြုံတွေ့နေရသူ ၃၇ ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(Chinese Version)
中国海油在文昌海域成功救助20名外籍船员
新华社广州9月18日电(记者孟盈如)记者从中国海油湛江分公司获悉,9月17日,湛江分公司成功救援一艘在海上漂泊了50多个小时的外籍船舶,船上20名外籍船员成功获救。
9月16日7时,全年24小时值班的中国海油湛江分公司应急值班室接到清澜海事局来电,距离“文昌132”平台30海里处的外籍船舶“GRIFFIN”轮主机故障失控,失去动力,船上有20名外籍船员(9名缅甸籍,8名印度籍,2名加纳籍,1名印度尼西亚籍)生命安全受到威胁,请中国海油有限公司湛江分公司进行救援。
据悉,该船舶为9月9日从柬埔寨出发,14号晚上发生故障,在海上漂泊了50多个小时,进入文昌海域。
9月17日7点,“中油海281”轮成功接拖遇险船只,并按照指令于下午18时17分将其拖带至海南清澜港锚地,完成紧急救援。
中国海油湛江分公司数据显示,2023年至今已协助完成7次海上救援任务,出动船舶6艘,直升机1架次,成功救助遇险人员37人。
1. This aerial photo shows the Enping 15-1 oil platform 200 km southwest of Shenzhen, south China, May 31, 2023.