Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တွေ့ဆုံ ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့ မော်စကိုမြို့တွင် စက်တင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

မော်စကို၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် မော်စကိုမြို့တွင် စက်တင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ရုရှား ဆက်ဆံရေးသည် ကောင်းမွန် တည်ငြိမ်စွာ တိုးတက်သည့် အရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့ကြောင်း၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းလာသလို လူမှုယဉ်ကျေးမှု ဖလှယ်ရေးများ စုံလင်ကြွယ်ဝလာခဲ့ပြီး ဝန်ထမ်းအချင်းချင်းကူးလူးဆက်ဆံမှုများ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။
အစဉ်ထာဝရ အိမ်နီးချင်းကောင်း ဆက်ဆံမှု၊ ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုရှိသည့် တရုတ်-ရုရှား ဆက်ဆံရေးသည် နှစ်နိုင်ငံ ကိုယ်စီ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် အထောက်အကူပြုသလို နှစ်နိုင်ငံပြည်သူများအတွက် အရေးကြီးသည့်အကျိုးစီးပွားကို ဆောင်ကြဉ်းပေးပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံသည် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ကျင့်သုံးကြရာ နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုသည် တတိယတစ်ဖက်ကို ဦးတည်ခြင်း၊ တတိယတစ်ဖက်၏ ပါဝင်နှောင့်ယှက်ခြင်း မရှိသလို အခြားတတိယတစ်ဖက်၏ခြယ်လှယ်ထိန်းချုပ်မှုကို ခံရနိုင်ဖွယ် ပို၍ မရှိကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံကြီးနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များအနေဖြင့် တရုတ်-ရုရှား နှစ်နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အရေးကြီး တာဝန်ရှိကြောင်း ၊ တစ်ဖက်သတ် ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဦးမော့နေခြင်းများကို ရင်ဆိုင်ရာတွင် တရုတ်-ရုရှားအနေဖြင့် ခေတ်ကာလတိုးတက်မှု ဒီရေစီးကြောင်းနှင့်အညီ နိုင်ငံကြီး၏ တာဝန်ယူမှုကို ပြသသင့်သလို နိုင်ငံတကာ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်သင့်ပါကြောင်း၊ မဟာဗျူဟာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားဖြည့်၍ စစ်မှန်သော နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ လိုက်နာရမည် ဖြစ်ကြောင်း၊ ကမ္ဘာကြီး ဗဟုအသွင်ပြောင်းမှု ဖြစ်စဉ်ကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများ ပို၍ တရားမျှတမှုသို့ တိုးတက်လာအောင် တွန်းအားပေးရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
Sergey Lavrov က ယခုနှစ် မတ်လတွင် သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံသို့ အောင်မြင်စွာ လာရောက်လည်ပတ်ခဲ့ပြီး သမ္မတ ပူတင်နှင့်အတူ အရေးကြီးတွေ့ဆုံဆွေးနွေးမှုများပြုခဲ့ရာ ရုရှား-တရုတ် ဆက်ဆံရေး၏ အနာဂတ်အတွက် ရှင်းလင်းသည့် ဦးတည်ချက်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ အဆိုပါ လမ်းညွှန်ချက်ဖြင့် နောက်တစ်ဆင့် နှစ်နိုင်ငံ အဆင့်မြင့် ဆက်ဆံရေးကို ကောင်းမွန်စွာ ပြင်ဆင်သွားလိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ချိတ်ဆက်မှုများကို မြှင့်တင်သွားလိုပြီး ကုန်သွယ်စီးပွား၊ လူမှုယဉ်ကျေးမှု၊ အားကစား ၊ လူငယ်ရေးရာ စသည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း ၊ နိုင်ငံတကာအခင်းအကျင်း ဆိုးရွားစွာ ရှုပ်ထွေးပြောင်းလဲလာသည့်အပေါ် ရုရှား-တရုတ် နှစ်နိုင်ငံသည် ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စသည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် ညှိနှိုင်းဆွေးနွေးမှုများကို တစ်ဆင့်တိုး အားဖြည့် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း Sergey Lavrov က ပြောကြားခဲ့သည်။

Sergey Lavrov က ယူကရိန်း အကျပ်အတည်းအပေါ် အမြင်သဘောထား ပြောကြားခဲ့ရာတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်စာတမ်းနှင့် ဘက်ပေါင်းစုံ၏ လုံခြုံရေးကို ဂရုပြုမှုအပေါ် တန်ဖိုးထားကြောင်း ၊ ၎င်းမှာ ပဋိပက္ခ အရင်းအမြစ်ကို ဖြေရှင်းရာတွင် အကျိုးရှိပါကြောင်း၊ ရုရှားအနေဖြင့် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက် တံခါးဖွင့်ထားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ဟူသော မှန်ကန်သည့် ဦးတည်ချက်ကို အစဉ်အမြဲခိုင်မာစွာ လက်ကိုင်ထားရာ နိုင်ငံရေးနည်းလမ်းဖြင့် အကျပ်အတည်းဖြေရှင်းရာတွင် မိမိ၏နည်းလမ်းဖြင့် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………………….
(Chinese Version)
王毅会见俄罗斯外长拉夫罗夫
新华社莫斯科9月18日电(记者黄河)当地时间9月18日,中共中央政治局委员、外交部长王毅在莫斯科会见俄罗斯外长拉夫罗夫。
王毅说,在两国元首战略引领下,中俄关系保持健康稳定发展势头,务实合作不断深化,人文交流丰富多彩,人员往来快速增长。一个永久睦邻友好、全面战略协作、互利合作共赢的中俄关系将持续助力两国各自发展振兴,为两国人民带来重要利益。
王毅表示,中俄都奉行独立自主外交政策,双方合作不针对第三方,不受第三方干扰,更不会被第三方左右。作为世界大国和联合国安理会常任理事国,中俄对维护全球战略稳定,推动世界发展进步负有重要责任。面对单边行径、霸权主义和阵营对抗的逆流抬头,中俄应顺应时代进步潮流,展现大国担当,履行应尽国际义务,通过继续加强战略协作,坚守真正的多边主义,推进世界多极化进程,推动全球治理朝着更加公平合理的方向向前发展。
拉夫罗夫表示,今年3月,习近平主席成功访俄并同普京总统举行重要会晤,为俄中关系的未来明确方向。俄方愿同中方一道,以此为指引,筹备好两国下一步的高层交往,加强发展规划对接,深化经贸、人文、体育、青年等各领域合作。针对国际局势发生的复杂剧烈变化,俄中要进一步加强在联合国、上海合作组织等多边框架内的协调协作,共同维护国际关系基本准则。
拉夫罗夫介绍了对乌克兰危机的看法,赞赏中方立场文件兼顾各方安全关切,有利于消除冲突根源,俄方将继续对谈判对话持开放态度。王毅表示,中方一贯坚持和谈正确方向,将以自己的方式为政治解决危机发挥建设性作用。
1. 9月18日,中共中央政治局委员、外交部长王毅在莫斯科会见俄罗斯外长拉夫罗夫。