Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အာရှ အိုလံပစ် ကောင်စီ ယာယီ ဥက္ကဋ္ဌ Raja Randhir Singh တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အာရှ အိုလံပစ် ကောင်စီ ယာယီ ဥက္ကဋ္ဌ Raja Randhir Singh တို့ တွေ့ဆုံဆွေးနွေး ဟန်ကျိုးမြို့ ရှီးဟူ နိုင်ငံတော်ဧည့်ဂေဟာတွင် စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် အာရှ အိုလံပစ် ကောင်စီ (OCA) ယာယီ ဥက္ကဋ္ဌ Raja Randhir Singh နှင့် ဟန်ကျိုးမြို့ ရှီးဟူ နိုင်ငံတော်ဧည့်ဂေဟာတွင် စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အာရှ အိုလံပစ် ကောင်စီ ယာယီ ဥက္ကဋ္ဌ Raja Randhir Singh တို့ တွေ့ဆုံဆွေးနွေး ဟန်ကျိုးမြို့ ရှီးဟူ နိုင်ငံတော်ဧည့်ဂေဟာတွင် စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

သမ္မတ ရှီကျင့်ဖိန်က တရုတ်အားကစားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် ဟန်ကျိုး အာရှ အားကစားပွဲ ကျင်းပရေး လုပ်ငန်းများတွင် Raja Randhir Singh နှင့် အာရှ အိုလံပစ် ကောင်စီ၏ တက်ကြွစွာ အကျိုးဆောင်မှုအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အာရှ အိုလံပစ် ကောင်စီက အာရှ အိုလံပစ် အားကစားကဏ္ဍ တွန်းအားပေးမှု၊ အာရှ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်မှုတွင် အပြုသဘောရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အာရှ အိုလံပစ် ကောင်စီ နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်သွားလိုကြောင်း၊ အာရှ အိုလံပစ် အားကစားကဏ္ဍကို အတူတကွ တွန်းအားပေးဆောင်ရွက်၍ အာရှတိုက်ပြည်သူများ၏ သွေးစည်းညီညွတ်မှုကို တိုးမြှင့်သွားလိုကြောင်း ပြောကြားခဲ့သည်။

Raja Randhir Singh က အာရှ အိုလံပစ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယခုအကြိမ် ဟန်ကျိုးအားကစားပွဲ ကျင်းပရေးအတွက် တရုတ် အစိုးရ၏ ရေရှည် အားပေးထောက်ခံသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ဟန်ကျိုး၏အဆော်အဦ နေရာတိုင်းသည် အလွန် လှပ၊ ခေတ်မီရာ အားကစားသမားများက အထူးကျေနပ်အားရမှု ရှိကြကြောင်း၊ တရုတ်နိုင်ငံပြည်သူများက အလွန် နွေးထွေး ဖော်ရွေမှု ရှိကြခြင်းကြောင့် နိုင်ငံအသီးသီး အားကစားသမားများနှင့်ဧည့်သည်တော်များအတွက် မိမိနေအိမ်သို့ ရောက်ရှိသကဲ့သို့သော နွေးထွေးမှုကို ခံစားရပါကြောင်း၊ ဟန်ကျိုး အာရှအားကစားပွဲသည် စည်ကားသိုက်မြိုက်ပြီး အောင်မြင်စွာ ကျင်းပနိုင်မည် ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံက အာရှ အားကစား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်၍ အရေးကြီးသည့် အကျိုးဆောင်မှု ပြုမည်ဟု မျှော်လင့်ကြောင်း Raja Randhir Singh က ပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)
习近平会见亚洲奥林匹克理事会代理主席辛格
新华社杭州9月22日电(记者杨依军、朱涵)9月22日下午,国家主席习近平在杭州西湖国宾馆会见来华出席第19届亚洲运动会开幕式的亚洲奥林匹克理事会代理主席辛格。
习近平对辛格和亚奥理事会长期以来为促进中国体育事业发展特别是为杭州亚运会筹办工作所作的积极贡献表示感谢。习近平指出,亚奥理事会长期致力于推动亚洲奥林匹克运动,促进亚洲和平和发展,取得了积极成果。中方愿同亚奥理事会加强合作,共同推动亚洲奥林匹克运动事业,增进亚洲人民团结。
辛格表示,我谨代表亚奥理事会对中国政府长期支持亚洲奥林匹克事业发展以及举办此次杭州亚运会表示感谢。杭州各种场馆设施都十分漂亮先进,令人印象深刻,运动员们非常满意。中国人民都十分热情友好,让各国运动员和嘉宾感到宾至如归。相信杭州亚运会一定会精彩成功!期待中国继续为亚洲运动事业发展作出重要贡献。
1. 9月22日下午,国家主席习近平在杭州西湖国宾馆会见来华出席第19届亚洲运动会开幕式的亚洲奥林匹克理事会代理主席辛格。