Connect with us

China

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် မြောင်လူမျိုးတို့၏ ချည်ပန်းထိုးအနုပညာလက်ရာများ အီတလီနိုင်ငံ မီလန် ဖက်ရှင် ရက်သတ္တပတ်တွင် ပြသ

အီတလီနိုင်ငံ မီလန် ဖက်ရှင် ရက်သတ္တပတ်တွင် ကွေ့ကျိုးမြောင်လူမျိုး ချည်ပန်းထိုး ဒီဇိုင်းများအား မော်ဒန်တစ်ဦးက ဝတ်ဆင်ပြသနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မီလန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

《တရုတ်နိုင်ငံ မြောင်လူမျိုး အနုပညာပြပွဲ》ကို အီတလီနိုင်ငံ မီလန် ဖက်ရှင် ရက်သတ္တပတ်တွင် စက်တင်ဘာ ၂၄ ရက်က ကျင်းပခဲ့သည်။ ကွေ့ကျိုး မြောင်လူမျိုးတို့၏ ချည်ပန်းထိုးလက်ရာများဖြင့် ဖန်တီးထားသော ဖက်ရှင်များဒီဇိုင်း ၄၄ ခု ကို စင်မြင့်ပေါ်တွင် အလှည့်ကျ ပြသခဲ့ခြင်းဖြစ်ပြီး သေသပ်လှပသည့် လက်မှုပညာ ဒီဇိုင်းများဖြင့် ကွေ့ကျိုး မြောင်လူမျိုးတို့၏ အနုပညာပုံစံသည် မီလန် ဖက်ရှင် ရက်သတ္တပတ်၏ တောက်ပမှုဖြစ်ခဲ့သည်။

အဆိုပါ ဖက်ရှင်ပြပွဲကို အီတလီနိုင်ငံ မီလန်မြို့ အစိုးရ အရာရှိများ၊ တရုတ်-အီတလီ ကုမ္ပဏီလုပ်ငန်းနှင့် ကုန်သည်များအသင်း၏ ကိုယ်စားလှယ်များ ၊ ယဉ်ကျေးမှုခရီးသွားကဏ္ဍမှ လူပုဂ္ဂိုလ်များ စသည့် လူပေါင်း ၂၀၀ ကျော်က မြောင်လူမျိုးတို့၏ ချည်ပန်းထိုးအနုပညာ၊ တရုတ်နိုင်ငံ၏ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ကိုယ်စားပြု လက်မှုအနုပညာ၏အလှအပကို အနီးကပ်လေ့လာကြည့်ရှုခဲ့သည်။

ကွေ့ကျိုးပြည်နယ်သည် တရုတ်နိုင်ငံ မြောင်လူမျိုးတို့ စုဝေးနေထိုင်ရာ၊ မြောင်လူမျိုးတို့၏ယဉ်ကျေးမှုကို ထိန်းသိမ်းရာ အကောင်းဆုံး ပြည်နယ်များအနက် ပြည်နယ်တစ်ခု ဖြစ်သည်။ မြောင်လူမျိုးတို့၏ ချည်ပန်းထိုးအနုပညာသည် မြောင်လူမျိုးပြည်သူများ၏နေထိုင်မှုဘဝတွင် နှစ်ကာလ ကြာရှည်စွာ ဖန်တီးထားခြင်း ဖြစ်ရာ လူမှုရေးနှင့်အနုသုခုမ တန်ဖိုး ရှိသော တစ်မူထူခြား အနုပညာပုံစံ ဖြစ်ရာ သမိုင်းယဉ်ကျေးမှုအမွေအနှစ် နက်ရှိုင်းပေသည်။ ၂၀၀၆ ခုနှစ်တွင် မြောင်လူမျိုး ချည်ပန်းထိုးအနုပညာကို ပထမအသုတ် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့သည်။ (Xinhua)

အီတလီနိုင်ငံ မီလန် ဖက်ရှင် ရက်သတ္တပတ်တွင် ကွေ့ကျိုးမြောင်လူမျိုး ချည်ပန်းထိုး ဒီဇိုင်းများအား မော်ဒန်တစ်ဦးက ဝတ်ဆင်ပြသနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ မီလန် ဖက်ရှင် ရက်သတ္တပတ်တွင် ကွေ့ကျိုးမြောင်လူမျိုး ချည်ပန်းထိုး ဒီဇိုင်းများအား မော်ဒန်တစ်ဦးက ဝတ်ဆင်ပြသနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ မီလန် ဖက်ရှင် ရက်သတ္တပတ်တွင် ကွေ့ကျိုးမြောင်လူမျိုး ချည်ပန်းထိုး ဒီဇိုင်းများအား မော်ဒန်တစ်ဦးက ဝတ်ဆင်ပြသနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ မီလန် ဖက်ရှင် ရက်သတ္တပတ်တွင် ကွေ့ကျိုးမြောင်လူမျိုး ချည်ပန်းထိုး ဒီဇိုင်းများအား မော်ဒန်တစ်ဦးက ဝတ်ဆင်ပြသနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ မီလန် ဖက်ရှင် ရက်သတ္တပတ်တွင် ကွေ့ကျိုးမြောင်လူမျိုး ချည်ပန်းထိုး ဒီဇိုင်းများအား မော်ဒန်တစ်ဦးက ဝတ်ဆင်ပြသနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ မီလန် ဖက်ရှင် ရက်သတ္တပတ်တွင် ကွေ့ကျိုးမြောင်လူမျိုး ချည်ပန်းထိုး ဒီဇိုင်းများအား မော်ဒန်တစ်ဦးက ဝတ်ဆင်ပြသနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………….
(Chinese Version)
中国贵州苗绣亮相意大利米兰时装周
新华社意大利米兰9月24日电(记者周啸天 陈占杰)《中国苗•艺术展》24日在意大利米兰时装周举行。44件含有贵州苗绣元素的设计时装轮番登上舞台,以精美的纹样图案与细腻的手工工艺,展现了贵州苗绣的艺术风格,成为米兰时装周的一个亮点。
意大利米兰市政府官员、中意企业和商会组织代表、文化旅游界人士等200余人参观展览,近距离领略苗绣艺术,欣赏中国国家级非物质文化遗产代表性项目苗绣的技艺之美。
贵州是中国苗族聚居、苗族文化保存最完好的省份之一,苗族刺绣是苗族人民在长期生产生活中创造的、最具社会功能和审美价值的特殊艺术形式,有着深厚的历史文化内涵,被称为“穿在身上的历史”。2006年,苗绣被列入第一批国家级非物质文化遗产名录。
1. 9月24日,模特在意大利米兰时装周上展示含有贵州苗绣元素的设计时装。