China
တရုတ်နိုင်ငံ၏ ၁၃ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ သိပ္ပံလေ့လာရေးအဖွဲ့ ရှန်ဟိုင်းမြို့သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိ
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သယံဇာတ ဝန်ကြီးဌာနမှ ဖွဲ့စည်းထားသည့် တရုတ်နိုင်ငံ ၁၃ ကြိမ်မြောက် အာတိတ်သမုဒ္ဒရာ သိပ္ပံလေ့လာရေးအဖွဲ့သည် မစ်ရှင်များ အောင်မြင်စွာ ပြီးဆုံးခဲ့ရာ ဝင်ရိုးစွန်း သိပ္ပံသုတေသန ရေခဲခွဲသင်္ဘော “နှင်းနဂါး-၂” ဖြင့် ရှန်ဟိုင်းမြို့သို့ စက်တင်ဘာ ၂၇ ရက်တွင် ပြန်လည်ရောက်ရှိခဲ့သည်။
အဆိုပါလေ့လာရေးအဖွဲ့သည် ဇူလိုင် ၁၂ ရက်က ရှန်ဟိုင်းမြို့မှ စတင်ထွက်ခွာခဲ့ပြီး ၇၈ ရက်ကြာခရီးစဉ်တွင် ရေမိုင် စုစုပေါင်း ၁၅,၀၀၀ ကျော်ကို ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။ ခရီးစဉ်အတွင်း သတ်မှတ်ထားသည့် မစ်ရှင်များကို အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကိုယ်ပိုင်စက်ကိရိယာပစ္စည်းများ သုတေသနပြု ထုတ်လုပ်ခြင်း ၊ နည်းပညာသစ် အသုံးပြုခြင်း စသည့် ကဏ္ဍများတွင် အရေးကြီးသည့် တိုးတက်မှုများ ရရှိခဲ့သလို အဓိကကျသည့် သဘာဝပတ်ဝန်းကျင် အစိတ်အပိုင်းများကို ရေရှည် လေ့လာစောင့်ကြည့်မှု ၊ သမုဒ္ဒရာ အလယ်ကြော စူးစမ်းလေ့လာမှု၊ သိပ္ပံသုတေသန၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု စသည့် ကဏ္ဍများတွင် အောင်မြင်မှုရလဒ်များ ရရှိခဲ့သလို အဖိုးတန် အတွေ့အကြုံများ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………..
(Chinese Version)
中国第13次北冰洋科学考察队凯旋抵沪
当日,由自然资源部组织的中国第13次北冰洋科学考察队乘“雪龙2”号极地科考破冰船返回上海,标志着中国第13次北冰洋科学考察任务圆满完成。
考察队7月12日从上海出发,历时78天,总航程1.5万多海里,顺利完成各项预定任务,在自主装备研发、新型技术应用等方面取得重要进展,并在环境关键要素长期观监测、洋中脊调查、科学研究、国际合作等方面取得了一系列成果,积累了宝贵经验。
1. 9月27日,“雪龙2”号极地科考破冰船停泊在中国极地考察国内基地码头。
2,3. 9月27日,小朋友们在码头欢迎中国第13次北冰洋科学考察队凯旋。