Connect with us

China

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက《လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း အတူလက်တွဲ တည်ဆောက်ရေး– တရုတ်နိုင်ငံ၏ အဆိုပြုချက်များနှင့် ဆောင်ရွက်ချက်များ》 စက္ကူဖြူစာတမ်း ထုတ်ပြန်

ရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးမှ ကျင်းပသည့်《လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း အတူလက်တွဲ တည်ဆောက်ရေး– တရုတ်နိုင်ငံ၏ အဆိုပြုချက်များနှင့် ဆောင်ရွက်ချက်များ》 စက္ကူဖြူစာတမ်း သတင်းစာရှင်းလင်းပွဲ မြင်ကွင်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်သည် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတွေးအခေါ်ကို သမ္မတ ရှီကျင့်ဖိန် အဆိုပြုခဲ့သည့် ၁၀ နှစ်ပြည့် အခါသမယ ဖြစ်သည်။

လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်းအတွေးအခေါ်၏ အနက်အဓိပ္ပါယ်နှင့် လက်တွေ့ဖော်ဆောင်မှုများကို ဘက်စုံ မိတ်ဆက်ပေးနိုင်ရန်၊ နိုင်ငံတကာ အသိုက်အဝန်း၏ သိရှိနားလည်မှုကို မြှင့်တင်ရန်၊ ကျယ်ပြန့်သည့် ဘုံသဘောတူညီချက်များကို စုစည်းရန်၊ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းကို နိုင်ငံသီးသီးနှင့်အတူ လက်တွဲ၍ ပိုမိုကောင်းမွန်စွာ တည်ဆောက်ရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးက《လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း အတူလက်တွဲ တည်ဆောက်ရေး– တရုတ်နိုင်ငံ၏ အဆိုပြုချက်များနှင့် ဆောင်ရွက်ချက်များ》 စက္ကူဖြူစာတမ်းကို စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

《လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း အတူလက်တွဲ တည်ဆောက်ရေး– တရုတ်နိုင်ငံ၏ အဆိုပြုချက်များနှင့် ဆောင်ရွက်ချက်များ》 စက္ကူဖြူစာတမ်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းနှင့်ပြန်ကြားရေးရုံးမှ ကျင်းပသည့်《လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း အတူလက်တွဲ တည်ဆောက်ရေး– တရုတ်နိုင်ငံ၏ အဆိုပြုချက်များနှင့် ဆောင်ရွက်ချက်များ》 စက္ကူဖြူစာတမ်း သတင်းစာရှင်းလင်းပွဲ မြင်ကွင်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လွန်ခဲ့သည့် ၁၀ နှစ်က လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းအတွေးအခေါ်ကို သမ္မတ ရှီကျင့်ဖိန်က အဆိုပြုခဲ့ကြောင်း၊ ၎င်း၏ရည်ရွယ်ချက်မှာ “လူသားတို့ အဘယ်သို့ ဦးတည် သွားရမည်နည်း” ဟူသော ကမ္ဘာ၏မေးခွန်း၊ သမိုင်း၏မေးခွန်း၊ ခေတ်ကာလ၏ မေးခွန်းကို ဖြေကြားခြင်း ဖြစ်ပြီး တုံ့ဆိုင်းနေသည့် ကမ္ဘာကြီးအတွက် လျှောက်လှမ်းရာလမ်းကို ထွန်းလင်းပြသခြင်း၊ နိုင်ငံ အသီးသီး ပြည်သူများ တစ်စိတ်တစ်ဝမ်းတည်း လက်ချင်းချိတ်ဆက်ကာ မိသားစုဥယျာဉ်ကြီးကို ကာကွယ်ရေး၊ သာယာဝပြောသော အနာဂတ်ကို မျှဝေရေးအတွက် တရုတ်နိုင်ငံ၏နည်းလမ်းကို ပံ့ပိုးပေးခြင်း ဖြစ်ကြောင်း အဆိုပါ စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်း ဆိုသည်မှာ လူမျိုးတိုင်း၊ နိုင်ငံတိုင်း၊ လူတိုင်း၏ အနာဂတ် ကံကြမ္မာသည် နီးကပ်စွာ ဆက်နွယ်ထားခြင်း ဖြစ်ကြောင်း ၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွား အခက်အခဲများကို ဖြတ်သန်း ကျော်လွှားသင့်သလို ချမ်းသာ၊ ဆင်းရဲ အတူယှဉ်တွဲနေထိုင်ကြခြင်း ဖြစ်ရာ မိမိတို့ မွေးဖွား၊ ရှင်သန် ၊ ကြီးပြင်းရာ ကမ္ဘာဂြိုဟ်တွင် သဟဇာတဖြစ် သင့်မြတ်မှုရှိသည့် မိသားစုကြီးကို ကြိုးစားတည်ဆောက်ခြင်း၊ ရေရှည်ငြိမ်းချမ်းမှု၊ အများလုံခြုံမှု၊ ဘုံဖွံ့ဖြိုးမှု၊ ပွင့်လင်း၍အားလုံးပါဝင်မှု ၊ သန့်စင်လှပမှုရှိသည့် ကမ္ဘာကြီး တည်ဆောက်မှုကို တွန်းအားပေးခြင်း၊ နိုင်ငံအသီးသီး ပြည်သူများ၏ သာယာလှပသော လူမှုဘဝ မျှော်မှန်းရာကို လက်တွေ့အဖြစ် ပြောင်းလဲဖော်ဆောင်ခြင်း ဖြစ်ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ညွှန်းရေးသားထားသည်။

၁၀ နှစ်ကြာကာလအတွင်း လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး အတွေးအခေါ်သည် အဆက်မပြတ် ပြည့်စုံတိုးတက်လာခဲ့သလို လက်တွေ့အကောင်အထည်ဖော်မှုများသည် ပုံမှန် တိုးတက်လျက်ရှိရာ ယင်းအတွေးအမြင်သည် နေ့စဉ်နှင့်အမျှ စွဲမြဲလာခဲ့ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတွေးအခေါ်သည် တစ်ကိုယ်ကောင်းဆန်မှု ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ကျော်လွန်ခြင်း၊ နိုင်ငံအချို့များ၏ ငါစွဲရှိဗိုလ်ကျစိုးမိုးရေးအတွေးအခေါ်ကို ဖောက်ထွက်ခြင်း ၊ လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်မှုအပေါ် တရုတ်နိုင်ငံ၏ ထိုးထွင်း သိမြင်မှုကို ထင်ဟပ်ပြသခြင်း၊ နိုင်ငံအသီးသီး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်းဖြစ်ပြီး လူသားမျိုးနွယ်တို့၏ သာယာလှပသော အနာဂတ်ကို အတူတကွ ဖန်တီးရာတွင် အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိသည်ဟု နိုင်ငံတကာ အသိုက်အဝန်းက ကျယ်ပြန့်စွာ ယူဆကြသည်။

စက္ကူဖြူစာတမ်းတွင် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတွေးအခေါ်၏ အဆိုပြုမှုနှင့် အကောင်အထည်ဖော်ဆောင်မှုသည် နိုင်ငံတကာတွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မည့် ကျယ်ပြန့်သော သဘောတူညီချက်များကို စုစည်းထားပြီး ဖြစ်သလို စိန်ခေါ်မှုများကို ရင်ဆိုင်မည့် စည်းလုံးခြင်း၏အင်အားကို ပေါင်းစည်းထားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းအတွေးအခေါ်သည် အနာဂတ်တွင် ဓမ္မတရား၏စွမ်းအားကို ပို၍တောက်ပစေမည် ဖြစ်သလို ဦးဆောင်သည့် အခန်းကဏ္ဍ၊ အချိန်ကာလကို ကျော်လွန်သည့် အတွေးအခေါ်၏ ကြီးမြတ်မှုကို ပြသမည်ဖြစ်ပြီး လူသားမျိုးနွယ် လူမှုအဖွဲ့အစည်းအတွက် အတူဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည်တည်ငြိမ်အေးချမ်းမှု၊ စဉ်ဆက်မပြတ် စည်ပင်ဝပြောမှုရှိသည့် သာယာလှပသော အနာဂတ်ကို ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးသည် သာယာလှပသည့် အနာဂတ်မျှော်မှန်းရာ ဖြစ်သလို သမိုင်း၏ဖြစ်စဉ်လည်း ဖြစ်ရာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလျှောက်လှမ်းမှသာ အကောင်အထည်ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ၊ ကမ္ဘာ့နိုင်ငံအသီးသီး စည်းလုံးညီညွတ်စွာ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၏ မှန်ကန်သည့်ဦးတည်ချက်သို့ အတူတကွ အစီအစဉ်ရေးဆွဲ၍ အချိန်နှင့်အမျှ တစ်ခုချင်းစီ မဆုတ်မနစ် ခိုင်မာစွာ ကြိုးပမ်းဖော်ဆောင်မည်ဆိုလျှင် လူသားမျိုးနွယ်တို့၏ ပိုမိုသာယာလှပသော အနာဂတ်ကို မုချမသွေ အတူတကွ ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။

အဆိုပါစက္ကူဖြူစာတမ်းတွင် စာလုံးရေ ၂၂,၀၀၀ ခန့်ရှိပြီး နိဒါန်းနှင့် နိဂုံးအပြင် အခန်း ၅ ခန်းပါရှိကြောင်း သိရသည်။ (Xinhua)

…………………………….
(Chinese Version)
国务院新闻办公室发布《携手构建人类命运共同体:中国的倡议与行动》白皮书
新华社北京9月26日电(记者郑明达、董雪)2023年是习近平主席提出构建人类命运共同体理念10周年。为全面介绍构建人类命运共同体的思想内涵和生动实践,增进国际社会了解和理解,凝聚广泛共识,更好与各国携手构建人类命运共同体,国务院新闻办公室26日发布《携手构建人类命运共同体:中国的倡议与行动》白皮书。
白皮书说,10年前,习近平主席提出构建人类命运共同体理念,目的就是回答“人类向何处去”的世界之问、历史之问、时代之问,为彷徨求索的世界点亮前行之路,为各国人民走向携手同心共护家园、共享繁荣的美好未来贡献中国方案。
白皮书指出,构建人类命运共同体,就是每个民族、每个国家、每个人的前途命运都紧紧联系在一起,应该风雨同舟,荣辱与共,努力把我们生于斯、长于斯的星球建成一个和睦的大家庭,推动建设持久和平、普遍安全、共同繁荣、开放包容、清洁美丽的世界,把各国人民对美好生活的向往变成现实。
白皮书说,10年来,构建人类命运共同体的理念不断丰富和发展,实践稳步推进,观念日益深入人心。国际社会普遍认为,人类命运共同体理念超越利己主义和保护主义,打破了个别国家唯我独尊的霸权思维,反映出中国对人类发展方向的独到见解,对于推动各国团结合作、共创人类美好未来具有重要意义。
白皮书指出,人类命运共同体理念的提出和实践,已经在国际上凝聚起团结合作的广泛共识,汇聚起应对挑战的强大合力。展望未来,这一理念必将焕发出愈发鲜明的真理力量、更为彰显的引领作用和超越时空的思想伟力,为人类社会开辟共同发展、长治久安、持续繁荣的美好愿景。
白皮书说,构建人类命运共同体既是一个美好愿景,也是一个历史过程,需要一代又一代人接力跑才能实现。只要世界各国团结起来,共行天下大道,向着构建人类命运共同体的正确方向,一起来规划,一起来实践,一点一滴坚持努力,日积月累不懈奋斗,就一定能够共同创造人类更加美好的未来。
白皮书共约2.2万字,除前言、结束语外分为五个部分。
1,3. 9月26日,国务院新闻办公室在北京举行《携手构建人类命运共同体:中国的倡议与行动》白皮书新闻发布会。
2. 这是9月26日发布的中、英文版《携手构建人类命运共同体:中国的倡议与行动》白皮书。