Connect with us

Politics

မြန်မာနိုင်ငံ မြောက်ပိုင်း ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု တိုက်ဖျက်ရေး ကြီးမားသည့်ရလဒ်ကောင်းများ ရရှိ

ပြစ်မှုကျူးလွန်သော သံသယ တရားခံအား တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးစဉ်

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနတို့၏ စီမံမှုအောက်တွင် ရှစ်ဆောင်ပဏ္ဏားပြည်သူ့လုံခြုံရေးဌာနက နယ်ခြားစောင့်ရဲတပ်ဖွဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ယန္တရားမှတစ်ဆင့် မြန်မာနိုင်ငံ သက်ဆိုင်ရာဒေသ တရားဥပဒေ စိုးမိုးရေး ဌာနများနှင့်အတူ စက်တင်ဘာ၃ ရက်က ပူးတွဲလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရှိ ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု အခြေစိုက်နေရာ ၁၁ ခု ကို တိုက်ဖျက်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၂၆၉ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနမှတစ်ဆင့် သိရသည်။

ယခုအကြိမ် ဖမ်းဆီးရမိသည့် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံများမှာ တရုတ်နိုင်ငံသား ၁၈၆ ဦး၊ မြန်မာနိုင်ငံသား ၆၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၅ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦး ၊ နောက်ကွယ်မှ “ထောက်ပံ့သူ”၊ အဖွဲ့ခေါင်းဆောင်နှင့် အမာခံအဖွဲ့သား ၂၁ ဦး ၊ ၁၉ နှစ်ကြာထွက်ပြေး တိမ်းရှောင်နေသည့် လူသတ်တရားခံ ၁ ဦး အပါအဝင် တရားခံပြေး ၁၃ ဦး ပါဝင်ကြောင်း သိရသည်။

အချင်းဖြစ်နေရာ၌ ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ ဖုန်းကတ်၊ ဘဏ်ကတ်နှင့် လိမ်ညာမှု ဇာတ်ညွှန်းစာအုပ် စသည့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သည့် သံသယတရားခံ တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးပြီးဖြစ်ရာ ပြည်သူ့လုံခြုံရေးဌာနက ပြစ်မှုကျူးလွန်သည့်ဖြစ်ရပ်မှန်ကို စစ်ဆေးဖော်ထုတ်၍ တရားဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………….
(Chinese Version)
打击缅北涉我电信网络诈骗犯罪取得重大战果
记者9月5日从公安部获悉,9月3日,在公安部和云南省公安厅的组织部署下,西双版纳公安机关依托边境警务执法合作机制,与缅甸相关地方执法部门开展联合打击行动,一举打掉盘踞在缅北的电信网络诈骗窝点11个,抓获电信网络诈骗犯罪嫌疑人269名。
此次抓获的电信网络诈骗犯罪嫌疑人中,中国籍186名、缅甸籍66名、越南籍15名、马来西亚籍2名,幕后“金主”、组织头目和骨干21名,网上在逃人员13名,包括1名潜逃19年的命案在逃人员。现场查获电脑、手机、手机卡、银行卡和诈骗话术脚本等一大批作案工具。目前,中国籍犯罪嫌疑人已移交我方,公安机关将彻查其违法犯罪事实,依法予以严惩。
1. 图为嫌疑人移交我方。