Connect with us

China

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အီတလီနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အီတလီ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani တို့ ဩဂုတ် ၄ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် အီတလီနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani နှင့် စက်တင်ဘာ ၄ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အီတလီ ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Antonio Tajani တို့ ဩဂုတ် ၄ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက ပထဝီနိုင်ငံရေး စသည့် စိန်ခေါ်မှုများနှင့်အနှောင့်အယှက်များကို ရင်ဆိုင်ရာတွင် တရုတ်-အီတလီ နှစ်နိုင်ငံသည် အပြန်အလှန်ယုံကြည်လေးစားမှု၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှု၊ တန်းတူညီမျှတွေ့ဆုံဆွေးနွေးမှုရှိသည့် မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းကို ခိုင်မာစွာ ဆောင်ရွက်သင့်ပါကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အီတလီနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိပြီးသော အရေးကြီးသဘောတူညီချက်ကို ကောင်းမွန်စွာ ဖော်ဆောင်သွားလိုကြောင်း၊ အဆင့်မြင့်ဆက်ဆံရေးကို တိုးမြှင့်ခြင်း၊ နှစ်ဖက်ဆက်ဆံမှု နိုင်ငံရေးအခြေခံကို လက်တွေ့ဖော်ဆောင်ခြင်း၊ အဆင့်မြင့်လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ခြင်း ၊ လူမှုယဉ်ကျေးမှုဖလှယ်မှုများကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် တရုတ်-အီတလီ ဆက်ဆံရေး ဆက်လက် ကောင်းမွန်တည်ငြိမ်စွာ ရှေ့သို့ တိုးတက်ဖွံ့ဖြိုးရန်အတွက် ဆောင်ရွက်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

Antonio Tajani က အီတလီနိုင်ငံအနေဖြင့် အီတလီ-တရုတ် ဆက်ဆံရေး ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အထူးအလေးထားကြောင်း ပြောကြားခဲ့သည်။ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက် ခိုင်မာစွာ စောင့်ထိန်းသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံနှင့်အတူ နီးကပ်မှုရှိသည့် အဆင့်မြင့် ဆက်ဆံရေး၊ ကဏ္ဍစုံပူးပေါင်းဖလှယ်မှုများကို အားဖြည့်ဆောင်ရွက်ရေးကို မျှော်လင့်ကြောင်း၊ လက်ရှိ နိုင်ငံတကာ အခြေအနေ တည်ငြိမ်မှုမရှိ ပြောင်းလဲနေသော်လည်း အီတလီ-တရုတ် ဆက်ဆံရေးအပေါ် ထိခိုက်မှု ရှိမည်မဟုတ်ကြောင်း Antonio Tajani က ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
王毅同意大利副总理兼外长塔亚尼举行会谈
新华社北京9月4日电中共中央政治局委员、外交部长王毅4日在北京同意大利副总理兼外长塔亚尼举行会谈。
王毅说,面对地缘政治等挑战和干扰,中意应坚持互尊互信、开放合作、平等对话的正确相处之道。中方愿同意方落实好两国领导人重要共识,加强高层交往,夯实双边关系政治基础,拓展高水平务实合作,丰富人文交流,推动中意关系持续健康稳定向前发展。
塔亚尼表示,意方高度重视发展长期稳定的意中关系。将继续恪守一个中国政策,期待同中方密切高层交往,加强各领域交流合作。尽管当前国际局势动荡不定,但意中关系不会受其影响。
1. 9月4日,中共中央政治局委员、外交部长王毅在北京同意大利副总理兼外长塔亚尼举行会谈。