Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က တရုတ်-အင်ဒိုနီးရှား စီးပွားရေးအသိုက်အဝန်း ညစာစားပွဲသို့ တက်ရောက် အမှာစကား ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ဂျကာတာမြို့၌ ကျင်းပသော တရုတ်-အင်ဒိုနီးရှား စီးပွားရေးအသိုက်အဝန်း ညစာစားပွဲသို့ စက်တင်ဘာ ၅ ရက် ညပိုင်းက တက်ရောက် အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် စက်တင်ဘာ ၅ ရက် ညပိုင်းက ဂျကာတာမြို့၌ ကျင်းပသော တရုတ်-အင်ဒိုနီးရှား စီးပွားရေးအသိုက်အဝန်း ညစာစားပွဲသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ အဆိုပါ ညစာ စားပွဲသို့ တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုတွင် အင်ဒိုနီးရှားနိုင်ငံ၏ ဦးဆောင်သူ၊ ရေကြောင်း နှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan နှင့်တကွ နှစ်နိုင်ငံ စီးပွားရေး အသိုက်အဝန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် လီချန်က မိမိအနေဖြင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် ရာထူးတာဝန်ယူသည့်အချိန်မှစပြီး ပထမဆုံးအကြိမ် အာရှနိုင်ငံများသို့ အလည်အပတ် လာရောက်ခြင်း ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကို ပထဆုံး ခရီးစဉ်အဖြစ်လာရခြင်းမှာ ဖွံ့ဖြိုးတိုးတက်ရေး၊ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့်အင်ဒိုနီးရှားသည် ပင်လယ်ခြားနေသည့် အိမ်နီးချင်းကောင်း၊ ညီအစ်ကိုကောင်း၊ မိတ်ဖက်ကောင်းများ ဖြစ်ရာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးသည် အချိန်ကြာလာသည်နှင့်အမျှ ပို၍ သစ်လွင် တောက်ပ ခိုင်မာလျက် ရှိကြောင်း၊ ယခုနှစ်များ၌ နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာ ဦးဆောက်မှုအောက်တွင် တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေးသည် အပြည့်အဝ တိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့ရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း ၊ နှစ်နိုင်ငံသည် အပြန်အလှန်အားဖြင့် အရေးကြီးသော ကုန်သွယ်ဖက်များ ဖြစ်ကြပြီး ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်း၊ စက်မှုလုပ်ငန်းကွင်းဆက် ၊ ထောက်ပံ့ရေးကွင်းဆက် ထဲထဲဝင်ဝင် ပေါင်းစည်းခြင်းတို့ကြောင့် အပြန်အလှန်အောင်မြင်မှုများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာကို ကျော်လွန်ခဲ့ရာ ဒေသတွင်း တည်ငြိမ်ဖွံ့ဖြိုးရေးအတွက် စံနမူနာ ဦးဆောင်မှု ဖြစ်ခဲ့ကြောင်း လီချန်က ပြောကြားခဲ့သည်။

လီချန်က တရုတ်နှင့်အင်ဒိုနီးရှားတွင် အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ကျယ်ပြန့်သလို အနာဂတ်မျှော်မှန်းဖွယ်ရာများ ရှိကြောင်း အလေးထားပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ အစိမ်းရောင်စွမ်းအင်၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဇီဝဆေးဝါး၊ ဉာဏ်ရည်တု စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး ထိရောက်မှုရှိစေရေး တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ နှစ်နိုင်ငံ ကုမ္ပဏီလုပ်ငန်းများအနေဖြင့်လည်း အဆင့်မြင့် ဆန်းသစ်ဖန်တီး ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း လီချန်က ပြောကြားခဲ့သည်။

Luhut က အမှာစကားပြောကြားရာတွင် အင်ဒိုနီးရှားနှင့် တရုတ်၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းက အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အင်အားဖြစ်စေခဲ့ရာ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်မြှင့်တင် ဆောင်ရွက်သွားလိုကြောင်း၊ စက်မှုလုပ်ငန်းကွင်းဆက် ၊ ထောက်ပံ့ရေးကွင်းဆက် နက်ရှိုင်းစွာ ပေါင်းစည်းပြီး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ကာ နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ်သို့ တက်လှမ်းရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)
李强出席中国-印度尼西亚工商界晚餐会并致辞
新华社雅加达9月5日电(记者史霄萌 许可)当地时间9月5日晚,国务院总理李强在雅加达出席中国-印度尼西亚工商界晚餐会并致辞。印尼对华合作牵头人、统筹部长卢胡特和约200名两国工商界代表出席。
李强表示,这是我担任中国国务院总理以来首次访问亚洲国家,我将印尼作为访问首站,是为发展而来、为友谊而来、为和平而来、为合作而来。中国和印尼是隔海相望的好邻邦、好兄弟、好伙伴,两国友好关系历久弥新。近年来,在两国元首战略引领下,中印尼关系实现长足发展,为两国人民带来了实实在在的利益。两国互为重要贸易伙伴,投资合作跨越式发展,产业链供应链深度交融,实现相互成就。两国合作超越双边范畴,对区域稳定繁荣具有示范引领意义。
李强强调,中国和印尼高质量合作空间广阔、未来可期。中国愿与印尼一道,拓展绿色能源、数字经济、生物医药、人工智能等领域合作,推动两国合作进一步扩面增效。希望两国企业加强高水平创新合作,助力两国发展。
卢胡特在致辞中表示,印尼和中国合作有力带动了印尼经济发展,实现互利双赢。印尼愿同中方进一步加强战略合作,深化产业链供应链融合,实现高质量发展,推动两国关系再上新台阶。
1. 当地时间9月5日晚,国务院总理李强在雅加达出席中国-印度尼西亚工商界晚餐会并致辞。 新华社记者 饶爱民 摄