Connect with us

China

ဟန်ကျိုးအာရှအားကစားပွဲ မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်မှု ရှီးဟူရေကန်အနီး စက်တင်ဘာ ၈ ရက်တွင် စတင်မည်

ဟန်ကျိုး အာရှအားကစားပွဲ ပင်မမီဒီယာစင်တာတွင် ၁၉ ကြိမ်မြောက် ဟန်ကျိုး အာရှအားကစားပွဲ မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ဟန်ကျိုး အာရှအားကစားပွဲ မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်မှုကို အထင်ကရနေရာဖြစ်သော ရှီးဟူရေကန်အနီး စက်တင်ဘာ ၈ ရက်၌ စတင်မည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူများက အာရှအားကစားပွဲ ပင်မမီဒီယာစင်တာတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ကြေညာခဲ့သည်။

အဆိုပါ မီးရှူးတိုင်သည် နောက်ဆုံးနေရာဖြစ်သော ဟန်ကျိုးမြို့သို့ စက်တင်ဘာ ၂၀ ရက်၌ ပြန်လည်မရောက်ရှိမီ ဟူကျိုး၊ ကျားရှင်း၊ ရှောင်ရှင်း၊ နင်းပေါ၊ ကျိုးဆန်း၊ ထိုင်ကျိုး၊ ဝန်းကျိုး၊ လိရွှေ၊ ကျင်းဟွာနှင့် ချီကျိုး စသည့်မြို့များအပါအဝင် ကျဲ့ကျန်းပြည်နယ်ရှိ မြို့ ၁၁ မြို့အား ဖြတ်သန်းသွားမည်ဖြစ်သည်။

၁၄ နှစ်မှ ၈၄ နှစ်အရွယ် မီးရှူးတိုင်သယ်ဆောင်သူ စုစုပေါင်း ၂,၀၂၂ ဦး ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်းကို အွန်လိုင်း (online) ရော အော့ဖ်လိုင်း (offline) တွင်ပါ ပြုလုပ်သွားမည်ဖြစ်သည်။ ဇွန် ၁၅ ရက်က အာရှအားကစားပွဲ မီးတောက်ထွန်းညှိခြင်းအခမ်းအနား ပြုလုပ်ပြီးနောက် “ဒစ်ဂျစ်တယ် မီးရှူးတိုင်သယ်ဆောင်သူများ” က အွန်လိုင်းမှ လက်ဆင့်ကမ်းသယ်ဆောင်ခြင်း အစီအစဉ်ကို စတင်ခဲ့သည်။ ယခုချိန်အထိ “ဒစ်ဂျစ်တယ် မီးရှူးတိုင်သယ်ဆောင်သူများ”အရေအတွက်မှာ ၈၄ သန်းကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
Hangzhou Asian Games torch relay to start on Sept. 8 near the West Lake

HANGZHOU, Sept. 6 (Xinhua) — The torch relay for the Hangzhou Asian Games is set to commence on Sept. 8 near the iconic West Lake, organizers announced during a press conference on Wednesday at the Asian Games Main Media Center.
The torch will journey through 11 cities in Zhejiang province, including Huzhou, Jiaxing, Shaoxing, Ningbo, Zhoushan, Taizhou, Wenzhou, Lishui, Jinhua, and Quzhou, before returning to Hangzhou on Sept. 20 to complete its final leg.
A total of 2,022 torchbearers will participate in the relay, ranging in age from 14 to 84 years old.
Furthermore, the torch relay incorporates both online and offline elements. Following the Asian Games Flame Lighting Ceremony on June 15, the “Digital Torchbearer” online relay activity was launched. To date, the number of “Digital Torchbearers” has surpassed 84 million.
Photo: The press conference for the torch relay of the 19th Asian Games Hangzhou is held at the Hangzhou Asian Games Main Media Center on Sept. 6, 2023. (Xinhua/Jiang Han)