Connect with us

China

မြန်မာနိုင်ငံ မြောက်ပိုင်း ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု တိုက်ဖျက်ရေး အောင်မြင်မှု ထပ်မံရရှိ၊ ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု ကျူးလွန်သည့် သံသယ တရားခံ ၁,၂၀၇ ဦး တရုတ်နိုင်ငံသို့ လွှဲပြောင်း

သံသယတရားခံများအား တရုတ်နိုင်ငံသို့ လွှဲပြောင်းနေသည်ကို တွေ့ရစဉ်

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့် ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှုများ ဆိုးဝါးနေသည့်အပေါ် တရုတ်ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာန၏ အစီအမံဖြင့် ယူနန် စသည့် ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာနများက ဆက်တိုက် တွန်းအားပေး တိုက်ဖျက်လျက်ရှိသည်။

ယခုရက်ပိုင်းများတွင် ယူနန်ပြည်နယ် ဖူအော် ပြည်သူ့လုံခြုံရေးဌာနက မြန်မာနိုင်ငံ သက်ဆိုင်ရာ ဒေသ တရားဥပဒေစိုးမိုးရေးဌာနများနှင့် နယ်ခြားစောင့် ရဲဘက်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ လိမ်ညာမှုကျူးလွန်သည့် သံသယ တရားခံ ၁,၂၀၇ ဦးကို တရုတ်နိုင်ငံဘက်သို့ အောင်မြင်စွာ လွှဲပြောင်းပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အနက် အွန်လိုင်း တရားခံပြေး ၄၁ ဦး ပါဝင်ကြောင်း သိရသည်။

ယခုအကြိမ် တိုက်ဖျက်ရေးလှုပ်ရှားမှုသည် ပြီးခဲ့သည့်ကာလက မြန်မာနိုင်ငံ မြောက်ပိုင်းရှိ လိမ်ညာမှုကျူးလွန်သည့် သံသယတရားခံ ၂၆၉ ဦး ဖမ်းဆီးပြီးနောက် ထပ်မံရရှိသည့် အောင်မြင်မှု ရလဒ်ဖြစ်သည်။

စက်တင်ဘာ ၃ ရက်တွင် ရှစ်ဆောင်ပဏ္ဏား ပြည်သူ့လုံခြုံရေးဌာနနှင့် မြန်မာနိုင်ငံ သက်ဆိုင်ရာ ဒေသ တရားဥပဒေ စိုးမိုးရေးဌာနများနှင့် ပူးတွဲတိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ တိုက်ဖျက်ရေး ပထမ လှုပ်ရှားမှုတွင် သံသယ တရားခံ ပထမအသုတ်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်။ ပြစ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို နက်ရှိုင်းကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်ပြည်သူ့လုံခြုံရေးဌာန၏ အစီအမံဖြင့် ယူနန်ပြည်နယ် စသည့် ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာနများက အရှိန်မြှင့်တင်၍ ဘက်စုံ နည်းလမ်းစုံဖြင့် ပြစ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ တွန်းအားပေး ဆောင်ရွက်ခဲ့သည်။

ယခုရက်ပိုင်းများတွင် တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန နှင့် ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန၏ ညွှန်ကြားစီမံမှုဖြင့် ဖူအော် ပြည်သူ့လုံခြုံရေးဌာနက မြန်မာနိုင်ငံ သက်ဆိုင်ရာ ဒေသ တရားဥပဒေ စိုးမိုးရေး ဌာနနှင့်အတူ နယ်ခြားစောင့် ရဲဘက်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှုစခန်းနှင့်လူပုဂ္ဂိုလ်များ၏ သဲလွန်စများကို အချိန်မီ သတင်းပေးနိုင်ခဲ့သည်။ စက်တင်ဘာ ၆ ရက်တွင် မြန်မာနိုင်ငံ သက်ဆိုင်ရာ ဒေသ တရားဥပဒေ စိုးမိုးရေးဌာနများက ဖမ်းဆီးရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံဘက်သို့ သံသယတရားခံ ၁,၂၀၇ ဦး၊ ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုသည့် ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ ဖုန်းကတ်၊ ဘဏ်ကတ်များကို တစ်စုတစ်စည်းတည်း လွဲပြောင်းပေးခဲ့ရာ လိမ်ညာမှုတိုက်ဖျက်ရေးရလဒ်များ အဆက်မပြတ် တိုးပွားလာခဲ့သလို လိမ်ညာမှုကျူးလွန်သူများအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။ (Xinhua)

……………………………….
(Chinese Version)

打击缅北电诈再传捷报 1207名电信网络诈骗犯罪嫌疑人移交我方
针对当前缅北涉我电信网络诈骗犯罪严峻复杂形势,公安部部署云南等地公安机关持续推进打击行动。近日,云南普洱公安机关积极与缅甸相关地方执法部门开展边境警务合作,1207名缅北涉诈犯罪嫌疑人成功移交我方,其中网上在逃人员41名,这是继前期抓获269名缅北涉诈犯罪嫌疑人之后,打击行动取得的又一战果。
9月3日,西双版纳公安机关与缅甸相关地方执法部门开展联合行动,成功抓获一批犯罪嫌疑人,打击行动首战告捷。为延伸打击深度、拓展打击广度,公安部部署云南等地公安机关不断加大工作力度,综合采取多种措施,把打击行动向纵深推进。近日,在公安部和云南省公安厅指挥部署下,普洱公安机关积极与缅甸相关地方执法部门开展边境警务合作,及时向其通报诈骗窝点和人员线索。9月6日,缅甸相关地方执法部门开展抓捕行动,集中向我方移交涉诈犯罪嫌疑人1207名,以及电脑、手机、手机卡、银行卡等一大批作案工具,打击行动战果不断扩大,对诈骗分子形成持续震慑。
1. 图为嫌疑人移交我方。