Connect with us

China

တရုတ်နိုင်ငံက ရှန်ကျိုး-၁၅ မစ်ရှင် အာကာသယာဉ်မှူးများကို ဆုတံဆိပ်များ ချီးမြှင့်

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၅ အာကာသယာဉ်မှူးများဖြစ်သော ဖေ့ကျွင့်လုန် (လယ်)၊ တိန့်ချင်းမင် (ယာ) နှင့် ကျန်းလုတို့ သတင်းမီဒီယာနှင့် ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၁၅ (Shenzhou-15) မှ အာကာသယာဉ်မှူး ၃ ဦးကို တရုတ်နိုင်ငံ၏ အာကာသကြိုးပမ်းဆောင်ရွက်မှု၌ တာဝန်ထမ်းဆောင်ခဲ့ခြင်းအတွက် စက်တင်ဘာ ၇ ရက်က ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဖေ့ကျွင့်လုန်သည် ဒုတိယအဆင့် အာကာသနည်းပညာ အောင်မြင်မှုဆုတံဆိပ် ချီးမြှင့်ခြင်းခံခဲ့ရပြီး တိန့်ချင်းမင်နှင့် ကျန်းလုတို့က တတိယအဆင့် ဆုတံဆိပ်များနှင့် “အာကာသသူရဲကောင်းများ” ဂုဏ်ပြုဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။

အဆိုပါ ဆုတံဆိပ်များကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင်တို့က ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရှန်ကျိုး-၁၅ မစ်ရှင် ကွပ်ကဲရေးမှူးဖြစ်သော ဖေ့သည် ရှန်ကျိုး-၆ လူလိုက်ပါနိုင်သော အာကာသယာဉ်မစ်ရှင်တွင်လည်း ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံ၏ အာကာသစခန်း ထျန်းကုန်း တည်ဆောက်ပြီးနောက် အာကာသယာဉ်ပြင်ပ လုပ်ငန်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သော ပထမဆုံး တရုတ်အာကာသယာဉ်မှူး ဖြစ်သည်။

နှစ်ပေါင်း ၂၅ နှစ်ကြာ ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် အာကာသသို့ ထွက်ခွာခွင့်ရရှိခဲ့သော တိန့်သည် လက်တွေ့စမ်းသပ်မှုလုပ်ငန်းတာဝန်များစွာကို ထူးချွန်စွာဆောင်ရွက်နိုင်ခဲ့သည်။ ကျန်းအတွက်မူ အဆိုပါ အာကာသခရီးစဉ်က ပထမဆုံး အာကာသမစ်ရှင်ဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်၌ လွှတ်တင်ခဲ့သော ရှန်ကျိုး-၁၅ အာကာသယာဉ်သည် တရုတ်နိုင်ငံ၏ အာကာသစခန်း ပင်မမော်ဂျူး ထျန်းဟယ်ဆီသို့ အာကာသယာဉ်မှူး ၃ ဦးကို ပို့ဆောင်ခဲ့ပြီး ၎င်းတို့သည် ထိုနေရာ၌ အချိန် ၆ လကြာ နေထိုင်၍ လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့သည် အာကာသယာဉ်ပြင်ပ လုပ်ငန်းဆောင်ရွက်ခြင်း ၄ ကြိမ်ပြုလုပ်ခဲ့ကာ ထိုကာလအတွင်း အာကာသ သိပ္ပံနှင့် နည်းပညာ လက်တွေ့စမ်းသပ်မှုများစွာ ဆောင်ရွက်ခဲ့သည်။

အာကာသယာဉ်မှူး ၃ ဦးတို့သည် ၂၀၂၃ ခုနှစ် ဇွန် ၄ ရက်က ကမ္ဘာမြေသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
China honors Shenzhou-15 mission astronauts with medals
BEIJING, Sept. 7 (Xinhua) — Three astronauts from the Shenzhou-15 crewed mission were awarded medals for their service to China’s space endeavors on Thursday.
Fei Junlong was honored with a second-class aerospace achievement medal, while Deng Qingming and Zhang Lu received third-class medals and the honorary title of “heroic astronauts.”
The awards were given by the Communist Party of China Central Committee, the State Council, and the Central Military Commission.
Fei, the Shenzhou-15 mission commander, also participated in the Shenzhou-6 crewed spaceflight mission and was the first astronaut to perform extravehicular activities after China’s space station Tiangong was completed.
Deng, who got the chance to fly to space after 25 years of preparation, excellently performed a series of experimental tasks. The flight was also Zhang’s first space mission.
Launched on Nov. 29, 2022, the Shenzhou-15 spaceship sent the trio to China’s space station core module Tianhe, where they lived and worked for six months.
They performed extravehicular activities four times and conducted a series of space science and technology experiments during their stay.
The trio returned to Earth safely on June 4, 2023.
Photo: Fei Junlong (C), Deng Qingming (R) and Zhang Lu, astronauts of China’s Shenzhou-15 crewed mission, meet the press in Beijing, capital of China, July 31, 2023. (Xinhua/Guo Zhongzheng)