Connect with us

Asia

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တီထွင်ထုတ်လုပ်သည့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး စမတ် ဓာတ်ရထား မလေးရှားနိုင်ငံတွင် စမ်းသပ် ပြေးဆွဲ

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ကူချင်းမြို့တွင် ဟိုက်ဒရိုဂျင် စွမ်းအင်သုံး စမတ် ဓာတ်ရထား စမ်းသပ် ပြေးဆွဲနေသည်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူချင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

CRRC Zhuzhou Electric Locomotive Institute ကုမ္ပဏီလီမိတက် ကိုယ်တိုင်တီထွင်ထုတ်လုပ်သည့် ဟိုက်ဒရိုဂျင် စွမ်းအင်သုံး စမတ် ဓာတ်ရထားကို မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ကူချင်းမြို့တွင် စက်တင်ဘာ ၆ ရက်က စတင် စမ်းသပ် ပြေးဆွဲခဲ့သည်။

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ကူချင်းမြို့တွင် ဟိုက်ဒရိုဂျင် စွမ်းအင်သုံး စမတ် ဓာတ်ရထားအား ၂၀၂၃ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် ကူချင်းမြို့တွင် ဟိုက်ဒရိုဂျင် စွမ်းအင်သုံး စမတ် ဓာတ်ရထားအား ၂၀၂၃ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါအခမ်းအနားသို့ ဆာရာဝပ်ပြည်နယ် ဝန်ကြီးချုပ် Tan Sri Abang Johari Tun တက်ရောက်ပြီး ရထားစမ်းသပ် ပြေးဆွဲမှုတွင် ကိုယ်တိုင်လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
Tan Sri Abang Johari Tun က ဆာရာဝပ်ပြည်နယ် အစိုးရအနေဖြင့် မြို့ပြ လမ်းပန်းဆက်သွယ်ရေး ကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် အများသုံးယာဉ် ဖွံ့ဖြိုးတိုးတက်ရေးကို အားထားဆောင်ရွက်လျက်ရှိရာ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး စမတ် ဓာတ်ရထားသည် ကူချင်းမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက် အစီအစဉ်နှင့် အထူးကိုက်ညီမှုရှိကြောင်း ပြောကြားခဲ့သည်။ ဆာရာဝပ်ပြည်နယ်က CRRC မှ စမတ် ဓာတ်ရထား ၃၈ စင်း အမှာယူထားကြောင်း၊ ယခုအကြိမ် စမ်းသပ်ပြေးဆွဲပြီးပါက မှာယူထားသည့် ရထားများမှာ အသုတ်ခွဲ၍ တရုတ်နိုင်ငံမှ ရောက်ရှိလာမည် ဖြစ်ရာ ကူချင်းမြို့ လမ်းကြောင်းသုံးခုတွင် လွှမ်းခြုံအသုံးပြုမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

CRRC Zhuzhou ကုမ္ပဏီ ဒုတိယ မန်နေဂျင်း ဒါရိုက်တာ ချန်ကျန့်က မလေးရှား၏ စမတ် ရထားလမ်းသည် တရုတ်-မလေးရှား “ရပ်ဝန်းနှင့်ပိုးလမ်းမ” လက်တွဲအတူ တည်ဆောက်မှု၏ လက်တွေ့ပြယုဂ်ဖြစ်ပြီး ဘက်ပေါင်းစုံ အထူးသဖြင့် ရထားလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုကို ရရှိခဲ့ကြောင်း၊ ၎င်းမှာ တရုတ်-မလေးရှား နိုင်ငံ ကုမ္ပဏီလုပ်ငန်းများ၏ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြည့်အဝယုံကြည်မှုကို ပြသခြင်း ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ဘုံအကျိုးစီးပွားကို လက်ကိုင်ထား၍ ပို၍တောက်ပမှု၊ ဆန်းသစ်မှုများကို ဖန်တီးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

စမတ်ရထားလမ်းသည် လျှပ်စစ်ရထားသယ်ယူပို့ဆောင်ရေးပုံစံ ထုတ်ကုန်ဖြစ်ရာ CRRC Zhuzhou ကုမ္ပဏီမှ ကိုယ်တိုင်တီထွင် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ စမတ် ဓာတ်ရထား၏ အပြင်ပန်း ပုံသဏ္ဌာန်သည် ရထားသံလမ်းပြေး ဓာတ်ရထားပုံစံနှင့်ဆင်တူသော်လည်း သံလမ်းနှင့်ပိုက်လမ်းခင်းထားစရာ မလိုအပ်ကြောင်း၊ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုပမဏ နည်းသလို ပြောင်းလွယ် ပြင်လွယ် ချိန်ညှိလွယ်သည့် ထူးခြားချက်များ ရှိကြောင်း သိရသည်။

မလေးရှား စမတ်ရထားလမ်း စီမံကိန်းသည် CRRC ၏ စမတ်ရထားလမ်း ပြည်ပ၌ ရင်းနှီးမြှုပ်နှံသည့် ပထမဆုံး အများသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း ဖြစ်ကြောင်း၊ ယခုအကြိမ်စမ်းသပ်ပြေးဆွဲသည့် စမတ် ဓာတ်ရထားသည် ခရီးမိုင် ပို၍ ရှည်သွားလာနိုင်ခြင်း၊ ကာဗွန်လျော့နည်းမှု ပိုများပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ခြင်း အားသာချက်များ ရှိကြောင်း သိရသည်။ (Xinhua)

…………………………………

(Chinese Version)

中企研发氢能源智轨电车在马来西亚试跑
新华社马来西亚古晋9月7日电(记者毛鹏飞)由中车株洲电力机车研究所有限公司自主研发制造的氢能源智轨电车6日在马来西亚沙捞越州古晋市开启试跑。
沙捞越州总理阿邦佐•哈里出席仪式并现场试乘。他表示,沙捞越州政府一直致力于重点发展公共交通,以解决城市交通拥堵问题,氢能智轨车辆高度契合古晋城市发展需求与规划。阿邦佐说,沙捞越州已向中国中车订购了38列智轨电车,在此次试跑结束后,这些车将分批次从中国交付抵达,投入使用并覆盖古晋三条线路。
中车株洲所副总经理陈剑表示,马来西亚智轨是中马共建“一带一路”的具体表现,受到各方尤其是轨道交通业内广泛关注,体现了中马企业深度合作与充分信任,希望双方秉承互惠共赢理念,创造出更多新亮点和新突破。
智轨是全电驱动轨道交通制式产品,由中车株洲所自主研发。智轨电车外形酷似有轨电车,却无需铺设钢轨和管线,具有基础设施投资小、调度灵活等特点。
据了解,马来西亚智轨项目是中车智轨在海外的第一个公共交通项目,本次试跑的智轨电车具有续航里程更长、更低碳节能环保的优势。

1. 9月6日,在马来西亚沙捞越州古晋市,氢能源智轨电车开启试跑。
2. 这是8月21日在马来西亚沙捞越州古晋市拍摄的氢能源智轨电车。