Connect with us

Asia

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ၁၈ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ကျင်းပသည့် ၁၈ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က တက်ရောက်စဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် ၁၈ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် လီချန်က ယခုနှစ်ပိုင်းများတွင် အရှေ့အာရှသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအသွင်ပြောင်းမှု ဒီရေလှိုင်းတွင် ခေတ်ကာလ၏ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ပြီး တံခါးဖွင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်သော မှန်ကန်သည့်လမ်းကြောင်းကို ခိုင်မာစွာ လျှောက်လှမ်းခဲ့ကြရာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သော အရေးကြီးသည့် မောင်းနှင်အား ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ မိမိတို့သည် ခဲယဉ်းစွာ ဖြစ်တည်လာသည့် ဖွံ့ဖြိုးတိုးတက်မှု၏တန်ဖိုး၊ တံခါးဖွင့်ဆောင်ရွက်ရေး မရှိမဖြစ်လိုအပ်မှု၊ ငြိမ်းချမ်းရေး၏ အဖိုးတန်မှုကို နက်ရှိုင်းစွာ သိရှိသလို စည်းလုံးခြင်းသည် တိုးတက်ခြင်း၊ ခွဲထွက်ခြင်းသည် ဆုတ်ယုတ်ခြင်း ဟူသော သဘောတရားကို နားလည်သိရှိထားသည်ဟု လီချန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများသည် တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်ကို အပြုသဘော တွန်းအားပေးဆောင်ရွက်လျက်ရှိရာ ဒေသပြင်ပနိုင်ငံများက ဒေသတွင်းနိုင်ငံများ၏ တောင်တရုတ်ပင်လယ်စည်းမျဉ်းစည်းကမ်း ဆွေးနွေးညှိနှိုင်းမှု၊ တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရာတွင် ကြိုးပမ်းမှုများကို အပြည့်အဝလေးစားစေလိုကြောင်း လီချန်က ပြောကြားခဲ့သည်။ ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှုက ရေရှည်ကြီးမားသည့် သက်ရောက်မှုရှိရာ သမိုင်းနှင့်လူသားမျိုးနွယ်များအပေါ် တာဝန်ယူမှုရှိစွာဖြင့် ပင်လယ်သမုဒ္ဒရာ၏ ဂေဟပတ်ဝန်းကျင်၊ ကမ္ဘာ၏ “အပြာရောင်နှလုံးအိမ်”ကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လီချန်က တရုတ်နိုင်ငံသည် နိုင်ငံ၏ အခြေခံမူဝါဒဖြစ်သည့် ပြည်ပ တံခါးဖွင့်ဝါဒကို ခိုင်မာစွာ ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံအသီးသီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို ဆက်လက်မျှဝေသွားမည် ဖြစ်ကြောင်း၊ တတိယအကြိမ်မြောက် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဘက်ပေါင်းစုံ တက်ကြွစွာ ပါဝင်ရန် ကြိုဆိုကြောင်း အလေးထားပြောကြားခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်ကြသည့် နိုင်ငံခေါင်းဆောင်များက တည်ငြိမ်အေးချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်ရေးကို လျှောက်လှမ်းရာတွင် အချက်အချာကျကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို နိုင်ငံခေါင်းဆောင်များ ဦးဆောင်သည့် မဟာဗျူဟာ ဆွေးနွေးမှုဖိုရမ်အဖြစ် ထိန်းသိမ်းထားသင့်ကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒကို ဖော်ဆောင်ရမည်ဖြစ်သလို အပြုသဘော တွေ့ဆုံဆွေးနွေးမှုများကို အားဖြည့်ရမည် ဖြစ်ကြောင်း၊ ဥတုရာသီပြောင်းလဲမှု၊ ပြည်သူ့ကျန်းမာရေး၊ စွမ်းအင်ကဏ္ဍနှင့် စားနပ်ရိက္ခာဖူလုံရေးစသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲအတူ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းနှင့် တိုးတက်ရေး ဗဟိုချက် တည်ဆောက်ပြီး ဒေသတွင်းနှင့်ကမ္ဘာ၏ ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
李强出席第18届东亚峰会
新华社雅加达9月7日电(记者张崇防 郑明达)当地时间9月7日上午,国务院总理李强在印度尼西亚雅加达出席第18届东亚峰会。
李强表示,近几十年来,东亚在经济全球化大潮中把握住时代机遇,坚定走上开放发展、合作共赢的正道坦途,成为促进世界发展的重要引擎。我们深知发展之不易、开放之必要、和平之珍贵,也切身体会到团结则兴、分裂则衰的道理。
李强表示,中国和东盟国家正积极推进“南海行为准则”磋商。希望域外国家充分尊重地区国家为商谈南海规则、维护南海和平稳定作出的努力。海洋污染影响深远,要以对历史、对人类负责的态度保护海洋生态环境,守护地球的“蓝色心脏”。
李强强调,中国将坚持对外开放的基本国策,继续同各国分享发展机遇。欢迎各方积极参加第三届“一带一路”国际合作高峰论坛。
与会领导人表示,和平稳定是通向发展繁荣的关键。地区国家应当维护东亚峰会作为领导人引领的战略论坛作用,践行多边主义,加强建设性对话,携手应对气候变化、公共卫生、能源和粮食安全等全球性挑战,打造地区合作平台和增长中心,促进地区和世界和平与可持续发展。

1. 当地时间9月7日上午,国务院总理李强在印度尼西亚雅加达出席第18届东亚峰会。