Connect with us

China

တရုတ်-အီဂျစ် နှစ်နိုင်ငံတို့က ပါလက်စတိုင်းအရေးနှင့် ပတ်သက်၍ ပူးတွဲကြေညာချက်ထုတ်ပြန်

တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Shoukry တို့မှ တရုတ်-အီဂျစ် နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး စာချုပ်အား ချုပ်ဆိုခဲ့စဉ် (ဆင်ဟွာ)

ကိုင်ရို ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီဂျစ်နိုင်ငံသို့သွားရောက်လည်ပတ်စဉ်အတွင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Shoukry နှင့်တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် ဂါဇာအရေးအပါအဝင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတို့နှင့် ပတ်သက်၍ သဘောထားအမြင်များဆွေးနွေးခဲ့ပြီး အောက်ပါသဘောတူညီချက်များကို ရရှိခဲ့သည်။

၁။ဘက်စုံပစ်ခတ်တိုက်ခိုက်မှုကို ချက်ချင်းရပ်ဆိုင်းရမည်ဖြစ်ပြီး အကြမ်းဖက်မှု နှင့် သတ်ဖြတ်မှုများ အားလုံးကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ၊ အရပ်ဘက်ပြည်သူလူထုအပေါ်တိုက်ခိုက်မှုနှင့် အရပ်ဘက်အဆောက်အအုံအား တိုက်ခိုက်မှုကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း ၊ နိုင်ငံတကာလူ့အခွင့်အရေးစသည့် နိုင်ငံတကာ လိုက်နာရမည့် စည်းကမ်းများအား ဖောက်ဖျက်သည့်အပေါ်ဝေဖန်ရှုတ်ချပြီး ပါလက်စတိုင်းပြည်သူလူထုတို့အား ၎င်းတို့နေထိုင်ရာဒေသမှ အစုလိုက်အဖွဲ့လိုက် အတင်းအကျပ် ပြောင်းရွှေ့ခိုင်းခြင်းအပေါ်လည်း ကန့်ကွက်ဆန့်ကျင်ကြောင်း ၊ နှစ်ဖက်အနေဖြင့် အပြန်အလှန် ဖမ်းဆီးထားခြင်းနှင့် ဓားစာခံပြုလုပ်ထားသူများကို အပြန်အလှန်ပြန်လည် လဲလှယ်ရန် အထူးတိုက်တွန်းကြောင်း သဘောတူညီခဲ့ကြသည်။

၂။ဂါဇာဒေသအတွင်း တစ်နေ့တစ်ခြားပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုအခက်အခဲနှင့် ဂါဇာဒေသတွင်းရှိ ပြည်သူလူထုတို့ခံစားနေရသည့်ဒုက္ခများအပေါ်ဝမ်းနည်းမိကြောင်း ၊ ပြည့်ဝသော ၊ မြန်ဆန်သော ၊ လုံခြုံသော ၊ အတားအဆီးမရှိသော ၊ ရေရှည်တည်တံ့သော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဂါဇာဒေသတွင် ဆောင်ရွက်သွားနိုင်ရန် အထူးလိုအပ်ကြောင်း၊ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို လိုက်နာပြီး ဆုံးဖြတ်ချက်များအနက်လုံခြုံရေးကောင်စီမှ အတည်ပြုထားသော ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယန္တရားတည်ဆောက်ရန် ဆုံးဖြတ်ချက် အမှတ် ၂၇၂၀ ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။

၃။ နိုင်ငံတကာအသိုင်းအဝိုင်း နှင့် နိုင်ငံတကာ အလှူရှင်များအနေဖြင့် ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့အား ပါလက်စတိုင်းနယ်မြေများအတွင်း ဘက်စုံဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို အပြည့်အဝဖော်ဆောင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကူညီထောက်ပံ့မှုများဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း သဘောတူညီခဲ့သည်။

၄။နှစ်နိုင်ငံအနေဖြင့် ပင်လယ်နီ၏ ရှေ့ဆက်ဖြစ်ပွားလာမည့်အခြေအနေကို အနီးကပ် လေ့လာစောင့်ကြည့်သွားရမည် ဖြစ်ပြီး ဂါဇာဒေသ၏ ရှေ့ဆက်ဖြစ်ပွားမည့် အခြေအနေကိုလည်း အလားတူ စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် ယင်းဒေသအတွင်းပဋိပက္ခများတိုးပွားလာမှုကိုစိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ဂါဇာဒေသတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ဒေသတွင်းနိုင်ငံများမှ အတူတကွ ကြိုးပမ်းရမည်ဖြစ်ကြောင်း ၊ ဒေသတွင်း တင်းမာမှုအခြေအနေနှင့်မတည်ငြိမ်မှုကို လျော့ကျအောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ပင်လယ်နီရေကြောင်းလုံခြုံရေးအပေါ် ဦးစားပေး အာမခံမှုရှိရန် သဘောတူညီခဲ့ကြသည်။

၅။နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် သက်ဆိုင်ရာတာဝန်များကိုထမ်းဆောင်သွားရမည်ဖြစ်ပြီး ကုလသမဂ္ဂ၏ “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း” ဆုံးဖြတ်ချက်ကို အခြေခံ၍ ပါလက်စတိုင်း နှင့် အစ္စရေး ငြိမ်းချမ်းရေး ၊ ပါလက်စတိုင်း နှင့် အစ္စရေး ပြည်သူလူထုများ အတူတကွယှဉ်တွဲနေထိုင်ရေး အတွက် နိုင်ငံရေးဆိုင်ရာ အနာဂတ်ကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ၊ နိုင်ငံတကာငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ကာ ကျူးကျော်မှုကို ရပ်တန့်ပြီး ၁၉၆၇ ခုနှစ် ဇွန်လ ၄ ရက် က တည်ထောင်ခဲ့သည့် နယ်မြေသတ်မှတ်မှုကို အခြေခံ၍ အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ်သတ်မှတ်ကာ နယ်မြေတစ်ဆက်တည်း အချုပ်အခြာအာဏာပိုင်ဆိုင်သော ပါလက်စတိုင်းနိုင်ငံကို ထူထောင်၍ ကုလသမဂ္ဂ၏ တရားဝင် အဖွဲ့ဝင်နိုင်ငံအဖြစ်သတ်မှတ်ရန်ထောက်ခံရမည်ဖြစ်ကြောင်း ၊ ထိုမှတစ်ဆင့် ပါလက်စတိုင်းအရေးအား ဘက်ပေါင်းစုံသော ၊ တရားမျှတသော ၊ ရေရှည်တည်တံ့သောဖြေရှင်းမှုနည်းလမ်းကိုရှာဖွေသွားရန် သဘောတူညီခဲ့ကြသည်။

၆။တရုတ်-အီဂျစ်နှစ်နိုင်ငံအနေဖြင့် ဒေသတွင်းတင်းမာမှုအခြေအနေလျော့ကျရေး နှင့် လက်ရှိ ဂါဇာဒေသတွင်ဖြစ်ပွားနေသော လူသားချင်းစာနာထောက်ထားမှု အခက်အခဲများ ဖြေရှင်းရာ၌ တွန်းအားပေးဆောင်ရွက်ပေးခဲ့မှုများ၊ ဂါဇာဒေသတိုက်ပွဲရပ်စဲရေး နှင့် ပါလက်စတိုင်းပြည်သူလူထုတို့၏တရားဝင်အခွင့်အရေးများအား တွန်းအားပေးဆောင်ရွက်မှု စသည်တို့အပေါ် အပြန်အလှန်ထောက်ခံအားပေးပြီး အီဂျစ်နိုင်ငံမှ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရန်အတွက် ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း သဘောတူညီခဲ့ကြသည်။

၇။တရုတ်-အီဂျစ် နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာသတ်မှတ်ချက်များနှင့်အညီပါလက်စတိုင်းအရေးနှင့်ပတ်သက်၍ ဘက်ပေါင်းစုံသော ၊ တရားမျှတသော ၊ ရေရှည်တည်တံ့သောဖြေရှင်းမှုနည်းလမ်းကိုရှာဖွေသွားရန်အတွက် ညှိနှိုင်းဆောင်ရွက်မှုများကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။(Xinhua)

………………………..
(Chinese Version)

中埃关于巴勒斯坦问题的联合声明
2024-01-15 10:56:19 分类: 政治法律
新华社开罗1月14日电 2024年1月14日,中共中央政治局委员、外交部长王毅访问埃及期间,同埃及外长舒凯里在开罗举行会谈。双方就包括加沙危机在内的巴勒斯坦问题和巴以冲突交换意见,达成以下共识:
一、应立即全面停火,停止一切暴力和杀戮行为,停止袭击平民和民用设施,反对并谴责一切违反国际人道法、国际人权法等国际法的行为,其中包括对巴勒斯坦民众从其土地上进行个人及集体强迫转移和强制迁移,强调呼吁释放双方人质和被扣押人员。
二、对加沙地带日益恶化的人道局势和加沙民众正在遭受的苦难深表忧虑,强调人道援助应充足、快速、安全、无障碍、可持续地进入加沙地带;应落实联合国有关决议,其中包括安理会关于在加沙地带设立必要人道机制的2720号决议。
三、呼吁国际社会和国际捐助方向巴勒斯坦民族权力机构提供一切形式的支持,帮助其在全部巴勒斯坦被占领土上全面行使被赋予的职责。
四、双方密切关注红海局势发展,应将其同加沙局势这一主要诱因联系看待。双方对冲突在地区扩大表示担忧,强调国际社会和地区国家应共同努力,立即制止对加沙的侵犯,缓和地区局势紧张和动荡,优先保障红海航行安全。
五、国际社会应担负起责任,根据联合国决议着手落实“两国方案”愿景,并以此为实现巴以和平和巴以两国人民和平共处开辟政治前景。应通过召开国际和会、结束占领、建立以1967年6月4日边界为基础、以东耶路撒冷为首都、领土连贯的独立巴勒斯坦国,并支持巴勒斯坦成为联合国正式会员国,从而实现巴勒斯坦问题的全面、公正、持久解决。
六、中埃双方赞赏彼此为推动地区局势降温、缓解当前加沙地带人道危机影响、努力推动结束加沙战事和支持巴勒斯坦人民合法权利所作的努力。支持埃方为实现和解所作的努力。
七、中埃双方同意就根据有关国际准则实现巴勒斯坦问题的全面、公正、持久解决继续保持沟通协调。(完)
Photo: 当地时间1月14日,中共中央政治局委员、外交部长王毅同埃及外长舒凯里签署中埃全面战略伙伴关系第二个五年实施纲要。
新华社记者 王东震 摄