Connect with us

China

သန့်စင်စွမ်းအင်က ရှီးဇန့်ဒေသ၏ တပ်ဆင်စွမ်းအင်ပမာဏ ၉၆ ရာခိုင်နှုန်းရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nagqu မြို့ရှိ လေစွမ်းအင်စီမံကိန်းကြီးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လားဆ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တပ်ဆင်စွမ်းအင်ပမာဏ၏ ၉၁.၄၄ ရာခိုင်နှုန်းမှာ သန့်စင်စွမ်းအင်ဖြစ်ပြီး သန့်ရှင်း၍ ရေရှည်တည်တံ့သော လျှပ်စစ်ဓာတ်အားပေးဝေရာတွင် ထိရောက်မှုရှိကြောင်း State Grid Tibet Electric Power ကုမ္ပဏီလီမိတက်ထံမှ သိရသည်။

လက်ရှိတွင် ရှီးဇန့်ဒေသ၌ ရေအားလျှပ်စစ် တပ်ဆင်စွမ်းအင်ပမာဏ၊ နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်အနေဖြင့် ၅၃.၇၂ ရာခိုင်နှုန်း၊ ၃၆.၃၂ ရာခိုင်နှုန်းနှင့် ၁.၄ ရာခိုင်နှုန်း အသီးသီးရှိသည်။
၂၀၂၃ ခုနှစ်တွင် ရှီးဇန့်လျှပ်စစ်ဓာတ်အားကွန်ရက်က အခြားပြည်နယ်များသို့ သန့်စင်သောစွမ်းအင် ကီလိုဝပ်နာရီ ၂.၅၇ ဘီလီယံ ပေးဝေနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၁၃.၉၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ယင်းပမာဏမှာ စံချိန်မီကျောက်မီးသွေးလောင်ကျွမ်းမှု တန်ချိန် ၁.၀၃ သန်းအထိ လျှော့ချနိုင်ခဲ့သလို ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တန်ချိန် ၂.၅၂ သန်းအထိ လျှော့ချပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှီးဇန့်ဒေသသည် လာမည့်သုံးနှစ်အတွင်း လျှပ်စစ်ဓာတ်အား အကူအညီပေးရေး မူဘောင်အရ ပြည်နယ် ၁၈ ပြည်နယ်အား လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၅.၅ ဘီလီယံ ပံ့ပိုးပေးနိုင်ရန်လည်း လျာထားသည်။ (Xinhua)

………………………………
(English Version)
Clean energy accounts for over 90 pct of Xizang’s installed power capacity
LHASA, Jan. 15 (Xinhua) — Clean energy constitutes 91.44 percent of the installed power capacity in southwest China’s Xizang Autonomous Region, effectively achieving a clean and sustainable power supply, according to the State Grid Tibet Electric Power Company Limited.
At present, the installed capacity of hydropower, photovoltaic and wind power in Xizang accounts for 53.72 percent, 36.32 percent and 1.4 percent, respectively.
In 2023, Xizang Power Grid supplied 2.57 billion kWh of clean power to other provinces, an increase of 13.98 percent year on year, which helped reduce standard coal burning by 1.03 million tonnes and reduce carbon dioxide emissions by about 2.52 million tonnes.
Xizang is also scheduled to supply 15.5 billion kWh of electricity to 18 provinces under a framework agreement on power aid in the next three years.
Photo: This aerial photo taken on Dec. 31, 2023 shows a large-scale wind power project in Nagqu City, southwest China’s Xizang Autonomous Region. (Lin Yongqiu/CHN Energy Xizang Power Company Limited/Handout via Xinhua)