Connect with us

North America

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် မြေအောက်ရထားတွဲချော်မှုဖြစ်ပွားခဲ့ရာ လူပေါင်းဒါဇင်နှင့်ချီ၍ဒဏ်ရာရရှိ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ၉၆ လမ်းဘူတာတွင် မြေအောက်ရထားနှစ်စင်း တိုက်မိသောနေရာတွင် လုပ်ငန်းဆောင်ရွက်နေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ နယူးယောက်မြို့၏ မန်ဟက်တန်မြေအောက်ရထားလိုင်းတွင် မြေအောက်ရထားတစ်စင်း တွဲချော်မှုဖြစ်ပွားခဲ့ရာလူပေါင်း ၂၄ ဉီးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ၉၆ လမ်းဘူတာအနီး မြေအောက်ရထားနှစ်စင်း တိုက်မိပြီးနောက် ၅၉ လမ်း အမှတ် ၁ ရထားပလက်ဖောင်းတွင် ခရီးသည်တစ်ဦးအား လမ်းညွှန်ပြနေသော အလုပ်သမားတစ်ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သတင်းဖော်ပြချက်များအရ ယခုအကြိမ်ရထားတွဲချော်မှုသည် ဗဟိုဥယျာဉ်အနောက်ပိုင်းရှိ ရထားလမ်းပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဒေသစံတော်ချိန် ညနေ ၃ နာရီ ခန့်တွင် အမှတ်(၁) လမ်းပိုင်းရထားလမ်းတွင် မြေအောက်ရထားက လုပ်ငန်းတာဝန်ထမ်းဆောင်နေသော ရထားတွဲကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ၊ ရထားတွဲချော်မှုကြောင့် လူပေါင်း၂၄ဉီး ဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး လူပေါင်း ၈ ဦးက ဆေးဝါးကုသမှု ခံယူနေရကာ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။ မြေအောက်ရထားပေါ်ရှိခရီးသည်များကိုလည်း လုံခြုံစွာ ဖယ်ရှားပေးနိုင်ခဲ့ကြောင်းသိရသည်။

နယူးယောက်မြို့လမ်းပန်းဆက်သွယ်ရေးဌာန(MTA) ဇန်နဝါရီ ၄ ရက်၌ မြေအောက်ရထားတွဲချော်မှုဖြစ်ပွားခဲ့ရခြင်းကြောင့် အမှတ်(၁) ၊ (၂) နှင့်(၃) ရထားလမ်းပိုင်း တို့၏ ဝန်ဆောင်မှုကို ဆိုးရွားစွာ အနှောင့်အယှက် ဖြစ်စေမည်ဖြစ်ပြီး အမှတ်(၄) နှင့် (၅) ရထားလမ်းပိုင်း တို့တွင်လည်း အချိန်နောက်ကျမှုများ ဖြစ်ပွားစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိချိန်တွင် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

……………………………..
(Chinese Version)
纽约地铁列车脱轨致数十人受伤
新华社纽约1月4日电(记者刘亚南 杨士龙)据美国媒体报道,纽约市曼哈顿地铁4日下午发生列车脱轨事故,造成24人受伤。
报道说,这起事故发生在中央公园西侧地铁路段。当地时间15时左右,一列1号线地铁列车撞上正在施工的工作列车,导致列车脱轨并造成24人受伤。至少有8人被送医治疗,伤势并不危及生命。列车上乘客均被安全疏散。
纽约大都会交通局当天说,由于应对脱轨事故,地铁1号、2号和3号线服务被严重干扰,并导致4号和5号线地铁出现延迟。
目前,事故具体原因尚在调查中。(完)

Photo 1: Staff members respond to the collision of two subway trains at the 96th Street Station in New York, the United States, Jan. 4, 2024. (Photo by Michael Nagle/Xinhua)
Photo 2: A worker helps a passenger at the 59th Street 1 train platform after a collision of two subway trains near the 96th Street Station in New York, the United States, Jan. 4, 2024. (Photo by Michael Nagle/Xinhua)