Connect with us

Asia

ဂျပန်နိုင်ငံတွင် ငလျင်များလှုပ်ခတ်မှုကြောင့် လူ ၉၂ ဦးသေဆုံး၊ အခြားသူ ၂၄၂ ဦး ပျောက်ဆုံးနေ

ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စု၊ ဝါဂျီမာမြို့တွင် ငလျင်များလှုပ်ခတ်ပြီးနောက် ပျက်စီးနေသော အဆောက်အအုံများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အလယ်ပိုင်း အီရှီကာဝါစီရင်စုနှင့် အနီးဝန်းကျင်တွင် အင်အား ၇.၆ အဆင့်အထိရှိသော ငလျင်များ လှုပ်ခတ်ပြီးနောက် လေးရက်အကြာ ယင်းစီရင်စု၌ သေဆုံးသူ ၉၂ ဦးအထိမြင့်တက်လာကာ လူ ၂၀၀ ကျော် ပျောက်ဆုံးနေကြောင်း၊ ပျက်စီးမှုများမှာ စိုးရမ်ဖွယ် မြင့်တက်လာသလို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများလည်း အပြင်းအထန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စု၊ ဝါဂျီမာမြို့တွင် ငလျင်များလှုပ်ခတ်ပြီးနောက် ပျက်စီးနေသော အဆောက်အအုံများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အီရှီကာဝါစီရင်စု၊ ဝါဂျီမာမြို့ရှိ ယာယီငလျင်ရှောင်စခန်းတွင် အနားယူနေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဇန်နဝါရီ ၅ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီအထိ အီရှီကာဝါစီရင်စုတွင် ပျောက်ဆုံးသူ အရေအတွက် စုစုပေါင်း ၂၄၂ ဦးရှိကြောင်း ပြည်နယ်ဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အား ကိုးကား၍ နိုင်ငံပိုင် Kyodo သတင်းဌာနက ဖော်ပြခဲ့သည်။

ငလျင်လှုပ်ခတ်မှုဒဏ် အဆိုးဝါးဆုံး ခံစားခဲ့ရသည့် ဝါဂျီမာ ကမ်းရိုးတန်းမြို့တွင် အပျက်အစီးများကြား ပိမိကာ ပိတ်မိနေသူ ၄၀ ကျော်ရှိနေဆဲဖြစ်သည်။ ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင် ၄,၆၀၀ ခန့်အထိ တိုးချဲ့၍ ရဲတပ်ဖွဲ့၊ မီးသတ်ဌာနများနှင့် ပူးပေါင်းလျက် ပျောက်ဆုံးနေသူများအား ရှာဖွေခြင်းနှင့် ဘေးကင်းကြောင်း အတည်ပြုခြင်းများ မြန်ဆန်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုများအတွင်း ဝါဂျီမာမြို့လယ်တွင် မီးလောင်မှုကြီးလည်း ဖြစ်ပွားခဲ့ရာ ဘောလုံးကွင်း လေးကွင်းခွဲခန့် အရွယ်အစားနှင့် ညီမျှသော စတုရန်းမီတာ ၄၈,၀၀၀ ခန့် ကျယ်ဝန်းသည့်ဧရိယာ ပျက်စီးခဲ့ကြောင်း Geospatial Information Authority of Japan မှ နောက်ဆုံးခန့်မှန်းတွက်ချက်မှုအား ကိုးကားလျက် Kyodo သတင်းဌာနက ဖော်ပြထားသည်။

မြေပြိုကျမှုများကြောင့် လမ်းများပိတ်ထားရသဖြင့် နေရာ ၁၀ ခုကျော်တွင် မရှိမဖြစ်အသုံးအဆောင်ပစ္စည်းများ ပို့ဆောင်ရန် စိန်ခေါ်မှုရှိနေဆဲဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အီရှီကာဝါစီရင်စုတစ်ခွင်ရှိ သီးသန့်ရပ်ကွက်များတွင် လူပေါင်း ၇၀၀ ကျော် သောင်တင်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် အီရှီကာဝါစီရင်စုရှိ ငလျင်ရှောင်စခန်း ၃၇၀ ခန့်တွင် လူပေါင်း ၃၃,၀၀၀ ခန့် နေထိုင်လျက်ရှိကြောင်း၊ သန့်စင်ခန်းများရရှိမှု အပါအဝင် မိလ္လာစနစ်နှင့် ဆက်စပ်သော ကိစ္စများမှာလည်း စိုးရိမ်ဖွယ်ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံမီဒီယာသတင်းများ၌ ဖော်ပြထားသည်။

ဇန်နဝါရီ ၁ ရက်က အီရှီကာဝါစီရင်စုရှိ နိုတိုကျွန်းဆွယ်ပေါ်တွင် အနက်တိမ်သောနေရာ၌ အင်အား ၇.၆ အဆင့်ရှိသော ငလျင်အပါအဝင် အင်အားပြင်းငလျင်များစွာ လှုပ်ခတ်ခဲ့သည်။ အဆိုပါ ငလျင်ကို ၂၀၂၄ ခုနှစ် နိုတိုကျွန်းဆွယ်ငလျင်ဟု ဂျပန်မိုးလေဝသအေဂျင်စီက တရားဝင်အမည်ပေးခဲ့ကြောင်း သိရသည်။

ဝါဂျီမာမြို့ အရှေ့-အရှေ့မြောက်ဘက် ၃၀ ကီလိုမီတာခန့်အကွာအား ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်သည် အင်အားအဆင့် ၇ ကျော်ရှိရာ ထိုပမာဏမှာ လူများအနေဖြင့် မတ်တတ်ရပ်ရန်ပင်မဖြစ်နိုင်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
At least 92 dead, 242 missing in Japanese quakes over fears of escalating damage
TOKYO, Jan. 5 (Xinhua) — The death toll has risen to 92, with the number of people unaccounted for exceeding 200 in the central Japanese prefecture of Ishikawa four days after a series of earthquakes of up to 7.6 magnitude struck the prefecture and its vicinity, raising concerns of escalating damages as rescue and search efforts intensify.
As of 9:00 a.m. local time on Friday, a total of 242 people were reported missing in Ishikawa, national news agency Kyodo reported, citing prefectural authorities.
In the aftermath of the earthquake, the most-hit coastal city of Wajima still faces over 40 cases of people being buried and trapped under collapses. The Japan’s Self-Defense Forces have expanded their efforts with approximately 4,600 personnel involved, collaborating with the police and fire departments to expedite search and confirmation of the safety of those missing.
An area of about 48,000 square meters, equivalent to the size of 4.5 football fields, was destroyed after a massive fire broke out in the center of Wajima city during the temblors, Kyodo reported, citing the latest estimates from Geospatial Information Authority of Japan.
The delivery of essential supplies remains a challenge, with over 10 locations experiencing road closures due to landslides. Meanwhile, over 700 people are stranded in isolated communities across the prefecture.
While some 33,000 people have stayed at about 370 evacuation centers in Ishikawa, issues related to sanitation, including access to toilets, have also emerged as pressing concerns, local media reports showed.
A series of strong earthquakes, with a major one of 7.6 magnitude, on Monday struck at a shallow depth in the Noto region of Ishikawa. The Japan Meteorological Agency has officially named it the 2024 Noto Peninsula Earthquake.
Centered around 30 km east-northeast of Wajima, the devastating quake registered a maximum intensity of 7, which would make it impossible for people to stand.
Photo 1, 2: Photo taken on Jan. 3, 2024 shows damaged buildings after earthquakes in Wajima, Ishikawa prefecture, Japan.(Xinhua/Zhang Xiaoyu)
Photo 3: People rest at a temporary shelter in Wajima, Ishikawa prefecture, Japan on Jan. 3, 2024. (Xinhua/Zhang Xiaoyu)