Connect with us

Africa & Middle East

ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့က ပင်လယ်နီတွင် ဗြိတိန်ကုန်တင်သင်္ဘောအား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ

ဟူသီ(Houthis)လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yahya Saree အား ဒီဇင်ဘာ ၂၆ ရက်၌ ထုတ်ပြန်ခဲ့သည့် ဗီဒီယို တစ်ခု၌ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ က ဖေဖော်ဝါရီ ၁ ရက် ၌ ပင်လယ်နီတွင် ဗြိတိန်နိုင်ငံပိုင် ကုန်တင်သင်္ဘော တစ်စင်းအား အစ္စရေး ဆိပ်ကမ်းသို့ မသွားရောက်နိုင်ရန်အတွက် တားဆီးရာတွင် ဒုံးကျည်များစွာဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Yahya Saree က ထုတ်ပြန်ကြေညာခဲ့သည်။
တိုက်ခိုက်ခဲ့သည့် ကုန်တင်သင်္ဘော၏ အမည် နှင့် ဒုံးကျည်များက ပစ်မှတ်အား ထိမှန်ခဲ့ခြင်းရှိမရှိကို Yahya Saree က ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပေ။
ဗြိတိန်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းဌာန က ဖေဖော်ဝါရီ ၁ ရက် ၌ ကုန်တင်သင်္ဘောတစ်စင်းအနေဖြင့် ယီမင်နိုင်ငံ Hudaydah မြို့၏ အနောက်ဘက် ရေမိုင် ၅၇ အကွာအဝေးခန့် ဧရိယာတွင် သင်္ဘော၏ ညာဘက်အခြမ်းအနီးတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ၊ ယင်းပေါက်ကွဲမှုများကြောင့် ကုန်တင်သင်္ဘော တစ်စုံတစ်ရာထိခိုက်မှု နှင့် သင်္ဘောပေါ်ရှိ တာဝန်ထမ်းဆောင်သူများ ထိခိုက်ဒဏ်ရာရရရှိမှုမရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်နှစ် အောက်တိုဘာလတွင် အစ္စရေး-ပါလက်စတိုင်းအကြား တိုက်ခိုက်မှုများ ပြန်လည်စတင်ဖြစ်ပွားခဲ့ပြီးနောက်တွင် ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့ က မောင်းသူမဲ့လေယာဉ် နှင့် ဒုံးကျည်များဖြင့် ပင်လယ်နီအနီးတစ်ဝိုက်တွင် တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ဒီဇင်ဘာလမှစတင်၍ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က ဟူသီလက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထား၍ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ လူအများအပြား သေဆုံးဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့သည်။ အချို့သောနိုင်ငံများက အမေရိကန် နိုင်ငံ နှင့် ဗြိတိန်နိုင်ငံ၏ အဆိုပါ ဆောင်ရွက်မှုများသည် ယီမင်နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးလွန်ရာရောက်ပြီး ဒေသတွင်း တင်းမာမှုအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ (Xinhua)

…………………………….
(Chinese Version)
也门胡塞武装在红海袭击英国商船
2024-02-02 05:02:51 分类: 政治法律
新华社开罗2月1日电(记者王尚)萨那消息:也门胡塞武装发言人叶海亚•萨雷亚1日发表声明说,该组织当天向一艘在红海行驶的英国商船发射了多枚导弹,以阻止其前往以色列港口。
萨雷亚在声明中没有提及这艘商船的名字,也未透露导弹是否命中目标。
英国海上贸易行动办公室1日说,一艘商船当天中午在也门红海城市荷台达以西约57海里处海域报告,该船右舷附近海域发生爆炸。爆炸未对船体造成损坏,船上没有人员受伤。
去年10月新一轮巴以冲突爆发后,也门胡塞武装使用无人机和导弹多次袭击红海水域目标。今年1月12日以来,美国和英国连续对胡塞武装目标发动空袭,造成多人死伤。一些国家谴责美英两国的行动,认为这是对也门主权的侵犯,会加剧地区紧张局势。(完)
Photo: 这张12月26日的视频截图显示,胡塞武装发言人叶海亚•萨雷亚发表声明。新华社发