Connect with us

Asia

ဆမ်ဆောင်း ဥက္ကဋ္ဌ စီမံခန့်ခွဲမှုဆိုင်ရာဆက်စပ်သောအမှုများမှ တရားသေလွတ်မြောက်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ဆိုးလ်တရားရုံးချုပ်သို့ ရောက်ရှိလာသော ဆမ်ဆောင်း အီလက်ထရွန်းနစ် ဒုတိယဥက္ကဋ္ဌ လီဂျေယွန်းကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား တရားရုံးက ဆမ်ဆာင်း အီလက်ထရွန်းနစ် ဥက္ကဋ္ဌ လီဂျေးယွန် (Lee Jae-yong) အား စီမံခန့်ခွဲမှုဆိုင်ရာနှင့်ဆက်စပ်၍ စတော့ခ်ဈေးနှုန်း ခြယ်လှယ်ခြင်း၊ ငွေစာရင်းလိမ်လည်ခြင်း စသည့်အမှုများမှ ဖေဖော်ဝါရီ ၅ ရက်တွင် တရားသေလွှတ်ပေးခဲ့ကြောင်း သိရသည်။

လီသည် စတော့ခ်ဈေးနှုန်းအား ခြယ်လှယ်ခြင်း၊ ငွေစာရင်းလိမ်လည်ခြင်းနှင့် ၂၀၁၅ ခုနှစ်က Cheil Industries နှင့် Samsung C&T ကြား အငြင်းပွားဖွယ်ရာ ကုမ္ပဏီပူးပေါင်းမှုနှင့် ဆက်စပ်သော တရားမဝင်မှုများဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် တရားစွဲဆိုခြင်းခံခဲ့ရသည်။

ဆမ်ဆောင်းကုမ္ပဏီအုပ်စုမှ ကိုင်တွယ်ဆောင်ရွက်နေသော Samsung C&T သည် ပုံမှန်မဟုတ်သော နည်းလမ်းများမှတစ်ဆင့် စတော့ခ်ဈေးကွက်တွင် တန်ဖိုးလျှော့ချခြင်းများ ပြုလုပ်ခဲ့ပြီး ထိုအချိန်က လီ ကြီးကြပ်လုပ်ကိုင်သည့် Cheil ကုမ္ပဏီ၏ တန်ဖိုးကို မြင့်တက်အောင် ဆောင်ရွက်ခဲ့သည်ဟု ရှေ့နေများက သံသယရှိခဲ့သည်။ (Xinhua)

……………………………
(English Version)
Samsung chair acquitted of charges linked to management succession
SEOUL, Feb. 5 (Xinhua) — A South Korean court on Monday acquitted Samsung Electronics Chairman Lee Jae-yong of charges, such as stock price rigging and accounting fraud, linked to his management succession.
Lee was indicted in September 2020 on charges of stock price manipulation, accounting fraud and other illegalities relevant to the controversial merger in 2015 between Cheil Industries and Samsung C&T.
Prosecutors suspected that Samsung C&T, the de-facto holding company of Samsung Group, was devaluated in the stock market through irregularities, while inflating the valuation of Cheil, controlled by Lee at the time.
Photo: Lee Jae-yong, vice chairman of Samsung Electronics, arrives at the Seoul High Court in Seoul, South Korea, Nov. 9, 2020. (Photo by Lee Sang-ho/Xinhua)