Connect with us

Australia / Oceania

နအူရူးနိုင်ငံတွင် တရုတ်နိုင်ငံ သံရုံး ပြန်လည်ဖွင့်လှစ်

တရုတ်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ အကြီးအကဲ Luo Zhaohui (ယာဘက် ဒုတိယ) ၊ နအူရူးနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Lionel Aingimea (ဝဲဘက် ဒုတိယ) တို့က တရုတ်နိုင်ငံ သံရုံး ကမ္ပည်းအား ဖွင့်လှစ်ပေးနေသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာယန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သော နအူရူးနိုင်ငံတွင် တရုတ်နိုင်ငံ သံရုံး ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယင်းနိုင်ငံ အရှေ့တောင်ဘက်ရှိ ဟိုတယ်တစ်ခု၌ ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

နအူရူးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ပြန်လည်ဖွင့်လှစ်ခြင်းအခမ်းအနားတွင် မိန့်ခွန်းပြောကြားနေသော နအူရူးနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Lionel Aingimea ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သံရုံး ကမ္ပည်းကို နအူရူးနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Lionel Aingimea ၊ တရုတ်နိုင်ငံ အစိုးရကိုယ်စားလှယ်အဖြစ် ယင်းအခမ်းအနားသို့ တက်ရောက်လာသော တရုတ်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ အကြီးအကဲ Luo Zhaohui တို့က ဖွင့်လှစ်ပေးခဲ့ကြသည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်မှုကို နအူရူးနိုင်ငံက လှိုက်လှဲစွာကြိုဆိုကြောင်း၊ နအူရူးနိုင်ငံအနေဖြင့် အတူတကွဆောင်ရွက်နိုင်မည့်အရာများကိုလည်း မျှော်လင့်ကြောင်း Aingimea က အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အသိအမှတ်ပြုခြင်းက နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ထိန်းသိမ်းမှုနှင့် တိုးတက်မှုအတွက် နိုင်ငံရေးအခြေခံဖြစ်ကြောင်း နအူရူးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ပြန်လည်ထားရှိခြင်းဆိုင်ရာ တာဝန်ရှိသူ Wang Xuguang က ၎င်း၏ မိန့်ခွန်း၌ ပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နအူရူးနိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Marcus Stephen နှင့် နအူရူးနိုင်ငံ အစိုးရနှင့် လွှတ်တော်အဖွဲ့ဝင်များ၊ တရုတ်ကုမ္ပဏီများနှင့် တရုတ်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
နအူရူးနိုင်ငံတွင် ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက တရုတ်သံတမန်အဖွဲ့မှ တရုတ်နိုင်ငံအလံ လွှင့်ထူခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ပစိဖိတ်ကျွန်းနိုင်ငံဖြစ်သော နအူရူးနိုင်ငံတွင် အချိန် ၁၉ နှစ်နီးပါးကြာပြီးမှ ကြယ်ငါးပွင့်အနီရောင်အလံကို ပထမဆုံးအကြိမ် လွှင့်ထူခြင်းလည်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် နအူရူးနိုင်ငံတို့သည် သံအမတ်အဆင့် အပြန်အလှန်ထားရှိသော သံတမန်ဆက်ဆံရေး ပြန်လည်စတင်ကြောင်း ပူးတွဲသဘောတူညီချက်ကို ပေကျင်းမြို့၌ ဇန်နဝါရီ ၂၄ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)

…………………………
(English Version)
Chinese embassy in Nauru holds reopening ceremony
YAREN, Jan. 29 (Xinhua) — The reopening ceremony of the Chinese embassy in Nauru was held on Monday evening in a hotel in the southeastern part of the Pacific island country.
A plaque of the Chinese embassy was unveiled by Nauru’s Minister for Foreign Affairs and Trade Lionel Aingimea and Luo Zhaohui, head of the China International Development Cooperation Agency, who participated in the event as a representative of the Chinese government.
Aingimea said in his speech at the ceremony that developing relations with China is very welcome in Nauru. “Nauru looks forward to what we can do together,” he said.
Wang Xuguang, head of the team responsible for re-establishing the Chinese embassy in Nauru, said in his speech that the recognition of the one-China principle is the political foundation for the restoration and development of the two countries’ bilateral relations.
The event was also attended by Marcus Stephen, speaker of the Nauru parliament, and other members of Nauru’s government and parliament, as well as representatives of a Chinese company and the local Chinese community.
A Chinese national flag-raising ceremony was held on Monday morning in Nauru by the Chinese diplomatic team, marking the first time in nearly 19 years that the five-star red flag has been raised in the island country.
China and Nauru signed a joint communique in Beijing on Jan. 24 on the resumption of diplomatic relations at the ambassadorial level.
Photo 1: Luo Zhaohui (2nd R), head of the China International Development Cooperation Agency, who participates in the reopening ceremony of the Chinese embassy in Nauru as a representative of the Chinese government, and Nauru’s Minister for Foreign Affairs and Trade Lionel Aingimea (2nd L), unveil a plaque of the Chinese embassy during the ceremony held in a hotel in Nauru, Jan. 29, 2024. (Photo by Chen Guolong/Xinhua)
Photo 2: Nauru’s Minister for Foreign Affairs and Trade Lionel Aingimea speaks during the reopening ceremony of the Chinese embassy in Nauru held in a hotel in Nauru, Jan. 29, 2024. (Photo by Chen Guolong/Xinhua)