Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်တို့၏ ဗုံးခွဲမှုကြောင့် အနည်းဆုံး လူ ၆၃ ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းရှိ Nusayrat ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ဗုံးကြဲပြီးနောက်မြင်ကွင်းကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားကို အပြင်းအထန် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၆၃ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ၏ မတ် ၁၀ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
အစ္စရေးစစ်တပ်သည် လွန်ခဲ့သည့် နာရီပိုင်းအတွင်း ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ နေရာအများအပြားကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူ ၃၇ ဦး သေဆုံးပြီး ၁၁၈ ဦး ဒဏ်ရာရရှိကာ ဒဏ်ရာရသူများကို ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ Al-Aqsa ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သတင်းများအရ သိရသည်။ ဂါဇာကမ်းမြောင်ဒေသရှိ တောင်ပိုင်းမြို့များဖြစ်သော ခန်ယွန်းနစ်နှင့် ရာဖာတို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုနေ့တွင်ပင် လူ ၁၆ ဦးထက်မနည်း သေဆုံးပြီး ဆယ်ချီ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ ဂါဇာမြို့ နေအိမ်တစ်လုံးကို အဆိုပါနေ့တွင်ပင် လေကြောင်းတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ရာဖာမြို့၌ အစ္စရေးစစ်တပ်က မတ် ၁၀ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကားတစ်စီးကို လူများက ကြည့်ရှုနေကြစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းရှိ Nusayrat ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ဗုံးကြဲပြီးနောက်မြင်ကွင်းကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းရှိ Nusayrat ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ဗုံးကြဲပြီးနောက်မြင်ကွင်းကို မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ အသီးသီး နှင့် အထူးသဖြင့် မြောက်ပိုင်းဒေသတွင် ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး မြေပြင်အကူအညီများသည် ဂါဇာမြောက်ပိုင်းသို့ ဝင်ရောက်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း Near East ဒေသရှိ ပါလက်စတိုင်း ဒုက္ခသည်များ သက်သာရေးနှင့် လုပ်ငန်းများဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီက လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် စုစုပေါင်းလူ ၈၅ ဦး သေဆုံးကာ ၁၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာနမှ ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်သော အချက်အလက်အရ သိရသည်။ ပြီးခဲ့သောနှစ် အောက်တိုဘာလက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန်ဖြစ်ပွားချိန် မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏စစ်ဆင်ရေးကြောင့် လူပေါင်း ၃၁,၀၀၀ ကျော် သေဆုံးပြီး ၇၂,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(Chinese Version)
以军轰炸加沙多地至少63人死亡
新华社加沙3月10日电(记者柳伟建)据巴勒斯坦通讯社10日报道,以色列军队当天密集轰炸加沙地带多个地区,造成至少63人死亡。
报道说,以色列军队过去数个小时轰炸加沙地带中部多个地区,造成37人死亡,另有118人受伤,伤者已被送往加沙地带中部的阿克萨医院。加沙地带南部城市汗尤尼斯和拉法当天遭以军空袭,造成至少16人死亡、数十人受伤。此外,以军当天空袭加沙地带北部加沙城一处住宅,造成至少10人死亡。
联合国近东巴勒斯坦难民救济和工程处10日在社交媒体上说,加沙地带各个地区目前都面临饥饿的威胁,特别是北部地区,地面援助仍难以进入加沙北部。
据巴勒斯坦加沙地带卫生部门10日发布的数据,以军过去24小时对加沙地带的袭击共造成85人死亡、130人受伤。去年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过3.1万人死亡、逾7.2万人受伤。(完)
图说 1:这是3月10日拍摄的加沙地带中部努赛赖特难民营被以军轰炸后的场景。
图说2:这是3月10日,在加沙地带南部城市拉法,人们查看被以军轰炸的汽车。
图说3:这是3月10日拍摄的加沙地带中部努赛赖特难民营被以军轰炸后的场景。
图说4:这是3月10日拍摄的加沙地带中部努赛赖特难民营被以军轰炸后的场景。