Connect with us

Europe

ဥရောပသမဂ္ဂက ယူကရိန်းအား စစ်ရေးအကူအညီ နောက်ထပ် ယူရို ၅ ဘီလီယံ ခွဲဝေသတ်မှတ်ပေး

ဘရပ်ဆဲလ်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီပေးရန် နောက်ထပ် ယူရို ၅ ဘီလီယံ ခွဲဝေပေးမည်ဟု ဥရောပကောင်စီက မတ် ၁၈ ရက်နေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။
ဥရောပကောင်စီသည် လက်ရှိဥရောပငြိမ်းချမ်းရေးရန်ပုံငွေ၏မူဘောင်အတွင်း ယူကရိန်းအကူအညီရန်ပုံငွေသီးသန့် ထူထောင်ပေးခြင်းဖြစ်ပြီး ယူကရိန်းအား စစ်ရေးအကူအညီ ယူရို ၅ ဘီလီယံ ခွဲဝေပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက အဆိုပါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယူကရိန်းအကူအညီရန်ပုံငွေဖြင့် ဥရောပသမဂ္ဂသည် လူသေစေနိုင်သောနှင့် လူမသေစေနိုင်သော စစ်လက်နက်ပစ္စည်းများနှင့် လေ့ကျင့်ပေးခြင်းများ ထောက်ပံ့ပေးနိုင်ပြီး ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အစဉ်မပြတ်တိုးတက်ရန် လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ရန်ပုံငွေသည် ယူကရိန်းသို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ပေးအပ်သည့် စစ်ရေးအကူအညီကို ဖြည့်စွက်ပေးကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပဋိပက္ခများကို တားဆီးရန်၊ ငြိမ်းချမ်းရေးတည်ဆောက်ရန်နှင့် နိုင်ငံတကာလုံခြုံရေးကို အားကောင်းလာစေရန် စသည့် ရည်ရွယ်ချက်များတွင် ဥရောပသမဂ္ဂ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ဥရောပငြိမ်းချမ်းရေးရန်ပုံငွေကို တည်ထောင်ရေးအတွက် ၂၀၂၁ ခုနှစ် မတ်လတွင် ဥရောပကောင်စီက ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါရန်ပုံငွေသည် ဥရောပသမဂ္ဂ၏ ဘဏ္ဍာရေးဘတ်ဂျက်တွင် မပါဝင်ကြောင်း၊ ယခုအချိန်တွင် အဆိုပါရန်ပုံငွေသည် အကြိမ်များစွာထပ်ဖြည့်ပြီးနောက် ၂၀၂၁ မှ ၂၀၂၇ ခုနှစ်ကာလအတွင်း ဘတ်ဂျက်အမြင့်ဆုံး စုစုပေါင်းမှာ ယူရို ၁၇ ဘီလီယံကျော်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်း ပဋိပက္ခ ပြင်းထန်လာပြီးနောက် ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းအား အမျိုးမျိုးသော ကူညီမှုများတွင် ယူရို ၁၃၈ ဘီလီယံကျော် ထောက်ပံ့ပြီး သို့မဟုတ် ထောက်ပံ့ရန် ကတိပြုပြီးဖြစ်ကြောင်း၊ ယင်းပမာဏတွင် ယူရို ၂၈ ဘီလီယံသည် စစ်ရေးအကူအညီဖြစ်ကြောင်း ဥရောပသမဂ္ဂမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ (Xinhua)

………………………………………
(Chinese Version)
欧盟再拨款50亿欧元为乌克兰提供军事援助
新华社布鲁塞尔3月18日电(记者付一鸣)欧盟理事会18日宣布,再拨款50亿欧元为乌克兰提供军事援助。
欧盟理事会当天在一份新闻公报中说,决定在现有欧洲和平基金框架内专设乌克兰援助基金并拨款50亿欧元,用于向乌克兰提供军事援助。
公报说,乌克兰援助基金将使欧盟能够通过提供致命和非致命军事装备和训练,进一步满足乌克兰武装部队不断变化的需求;该基金对欧盟成员国向乌克兰提供的军事援助形成补充。
2021年3月,欧盟理事会批准设立欧洲和平基金,旨在增强欧盟在防止冲突、建设和平以及加强国际安全领域的能力,该基金不列入欧盟的财政预算。经多次追加后,该基金在2021年至2027年期间的预算上限总额目前已超过170亿欧元。
欧盟公布的数据显示,自俄乌冲突2022年2月升级以来,欧盟及其成员国已向乌克兰提供或承诺提供超过1380亿欧元的各项援助,其中280亿欧元为军事援助。(完)