Connect with us

Africa & Middle East

ဂါဇာဒေသတွင် အစ္စရေးက ငတ်မွတ်ခေါင်းပါးခြင်းကို လက်နက်သဖွယ်အသုံးပြုမှုအပေါ် ပါလက်စတိုင်း ရှုတ်ချ

ဂါဇာမြို့တွင် ကူညီထောက်ပံ့မှုများ ရရှိရန် စောင့်ဆိုင်းနေကြသူများကို ၂၀၂၄ ခုနှစ် မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာမာလာ၊ မတ် ၁၈ ရက် (ဆင်ဟွာ)
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသတွင် အချိန် ၅ လ ကျော်ကြာရှိနေပြီဖြစ်သော စစ်ပွဲတွင် ငတ်မွတ်ခေါင်းပါးမှုကို လက်နက်သဖွယ်အသုံးပြုနေခြင်းအပေါ် ပါလက်စတိုင်း အမျိုးသားစီးပွားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရသည်။

ဂါဇာမြို့တွင် ကူညီထောက်ပံ့မှုများ ရရှိရန် စောင့်ဆိုင်းနေကြသူများကို ၂၀၂၄ ခုနှစ် မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာမြို့တွင် ကူညီထောက်ပံ့မှုများ ရရှိရန် စောင့်ဆိုင်းနေကြသူများကို ၂၀၂၄ ခုနှစ် မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာမြို့တွင် အကူအညီရရှိထားသော ဂျုံအိတ်နှင့် အမျိုးသားတစ်ဦးကို ၂၀၂၄ ခုနှစ် မတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“နိုင်ငံတကာဥပဒေက အာမခံပေးထားတဲ့အတိုင်း အစားအစာနဲ့ ဆေးဝါး ရရှိခွင့်ကို အစ္စရေးအစိုးရက တန်ဖိုးမထားပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဂါဇာကမ်းမြောင်ဒေသဆီ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရာမှာ သူ့ရဲ့ တရားဝင် တာဝန်ရှိမှုတွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်မှုကို ထည့်သွင်းစဉ်းစားရပါမယ်” ဟု မတ် ၁၅ ရက်ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ ထုတ်ပြန်ချက်၌ ဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့သည်။
ကာလရှည် ပဋိပက္ခဖြစ်ပွားမှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်စရိတ် အညွှန်းကိန်းမှာ မကြုံစဖူး သိသိသာသာ ကြီးမြင့်လာသည်ကိုလည်း ထုတ်ပြန်ချက်၌ အလေးထားဖော်ပြထားပြီး အစ္စရေး-ဟားမက်စ် ပဋိပက္ခဖြစ်ပွားသော ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ ထိုသို့အညွှန်းကိန်းမှာ ၁၁၁ ရာခိုင်နှုန်းအထိ ကြောက်မက်ဖွယ်မြင့်တက်လာကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ငတ်မွတ်ခေါင်းပါးမှုဖြစ်ပွားနိုင်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူများက လုံခြုံရေးကောင်စီကို ဖေဖော်ဝါရီ ၂၇ ရက်က သတိပေးထားခဲ့သလို ပါလက်စတိုင်းနယ်မြေတွင် လူသားချင်းစာနာမှုဘေး ကာကွယ်ရေးဆောင်ရွက်မှုအတွက် အရေးပေါ်လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)

…………………….
(English Version)

Palestine condemns Israel’s use of starvation as weapon in Gaza
RAMALLAH, March 17 (Xinhua) — The Palestinian Ministry of National Economy on Friday condemned Israel for using starvation as a weapon in its war in the Gaza Strip for more than five months.
“The right to access food and medicine as guaranteed by international laws has no value to the Israeli government, in light of the international community’s failure to fulfill its legal and moral responsibilities in delivering humanitarian aid to the Gaza Strip,” the ministry said in a statement on the occasion of the World Consumer Rights Day.
It highlighted the sharp and unprecedented rise in the cost of living index in the Gaza Strip as a result of the prolonged conflict, recording a staggering increase of 111 percent since the outbreak of the Israel-Hamas conflict on Oct. 7, 2023.
On Feb. 27, United Nations officials alerted the Security Council to the imminent famine in the Gaza Strip, stressing the urgent need for action to prevent a humanitarian disaster in the Palestinian territory.
Photo 1 – 3: People wait to receive aid supplies in Gaza City, March 17, 2024. (Photo by Mohammed Ali/Xinhua)
Photo 4: A Palestinian shows the aided flours in Gaza City, March 17, 2024. (Photo by Mohammed Ali/Xinhua)