Connect with us

China

တရုတ်နိုင်ငံ၏ အသက်မွေးဝမ်းကျောင်းပညာရေးက ကမ္ဘောဒီးယားရှိ အရည်အချင်းရှိသူများကို ပျိုးထောင်ပေးရာတွင် အထောက်အကူပြု

တရုတ်နိုင်ငံ Northwest A&F Universityတွင် ရေကြောင်းထိန်းသိမ်းရေးအင်ဂျင်နီယာမေဂျာတွင် ပညာသင်ယူနေသော ကမ္ဘောဒီးယားကျောင်းသား လီကျိကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် ကျောင်းသားအဆောင်၌ စာလေ့လာနေချိန် တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

“ကျွန်မ ကြိုးစားပြီး တရုတ်ပြည်မှာ ကျောင်းသွားတက်မယ်” ဟု ကမ္ဘောဒီးယား-တရုတ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (Cambodia-China University of Technology and Science) က ဘွဲ့ကြိုကျောင်းသူသစ် မှုန့်မိန်မိန် က သတင်းထောက်များကို စိတ်လှုပ်ရှားစွာ ပြောပြခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယား-တရုတ် ဆရာဖြစ်သင်တန်းကျောင်းရှိ စာသင်ခန်းတစ်ခန်းအား ၂၀၁၈ ခုနှစ် မေလတွင် တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယား-တရုတ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ ပထမအသုတ် ဘွဲ့ကြိုတန်းကျောင်းဖွင့်ပွဲ အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည်။ မှုန့်မိန်မိန် သည် ပြုံးပန်းဆင်ကာ အခြားကျောင်းသား ၉ ဦးနှင့်အတူ အခမ်းအနားစင်မြင့်ပေါ်သို့ တက်ရောက်ပြီး ထူးချွန်ကျောင်းသား ပညာသင်ဆုလက်မှတ်ကို လက်ခံရယူခဲ့သည်။ မှုန့်မိန်မိန် သည် အသက် ၁၈ နှစ်ရှိပြီဖြစ်ပြီး ကမ္ဘောဒီးယား-တရုတ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်တွင် E-commerce မေဂျာ ကို စတင်လေ့လာမည်ဖြစ်ကြောင်း၊ ၎င်းသည် ကျောင်း၏ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းဝင်းပတ်ဝန်းကျင်ကို အလွန်နှစ်သက်ပြီး ဤနေရာတွင် တရုတ်ဘာသာနှင့် ပညာရပ်ဆိုင်ရာ အသိပညာများကို သင်ယူရန် မျှော်လင့်ပြီး စိတ်လှုပ်ရှားနေကြောင်း သိရသည်။

ကမ္ဘောဒီးယား-တရုတ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို တရုတ်နိုင်ငံ နန်ကျင်းအသက်မွေးဝမ်းကျောင်းစက်မှုနည်းပညာ တက္ကသိုလ် (Nanjing Vocational University of Industry Technology) နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ခမာ-တရုတ်နွယ်ဖွားများအဖွဲ့ချုပ် (Federation of Khmer Chinese in Cambodia) တို့မှ ပူးပေါင်းတည်ဆောက်ထားကြောင်း၊ ၎င်းသည် ဘွဲ့ကြိုဒီဂရီပညာရေး သင်ကြားပေးသော တရုတ်နိုင်ငံ အသက်မွေးဝမ်းကျောင်းပညာရေး၏ ပထမဆုံးသော အသုံးချနည်းပညာဆိုင်ရာ ပြည်ပတက္ကသိုလ်တစ်ခုလည်းဖြစ်ကြောင်း၊ ကျောင်းသားများသည် တစ်ချိန်တည်းမှာပင် တရုတ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံလုံး၏ ပညာရေးဘွဲ့လက်မှတ်များကို ရယူနိုင်ကြောင်း သိရသည်။ အဆိုပါကျောင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ဖနွမ်းပင်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး ပထမအသုတ်အနေဖြင့် ဘွဲ့ကြိုကျောင်းသား ၁၆၀ ဦး နှင့် စာတွေ့-လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုသင်တန်းတွင် အသက်မွေးဝမ်းကျောင်းသင်တန်းသား ၄၀၀ စာရင်းသွင်းခဲ့ကြောင်း၊ ပထမအသုတ်အနေဖြင့် သင်ကြားမည့် ဘွဲ့ကြိုမေဂျာ ခြောက်ခုမှာ စွမ်းအင်အသစ်ထုတ်လုပ်သည့် အင်ဂျင်နီယာနည်းပညာ၊ မော်တော်ကားဝန်ဆောင်မှုအင်ဂျင်နီယာနည်းပညာ၊ အင်တာနက်အင်ဂျင်နီယာနည်းပညာ၊ E-commerce၊ ခေတ်မီထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုနှင့် ခရီးသွားစီမံခန့်ခွဲမှုတို့ ဖြစ်ကြောင်း သိရသည်။

ဆိုဗာနာ သည်လည်း မှုန့်မိန်မိန် ကဲ့သို့ ကမ္ဘောဒီးယား-တရုတ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ ပထမအသုတ် ဘွဲ့ကြိုကျောင်းသားသစ်တစ်ဦး ဖြစ်သည်။ ကျောင်းတွင် သင်ကြားရေး ပံ့ပိုးမှုအင်္ဂါရပ်များ စုံလင်စွာပါရှိကြောင်း၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့မှ ကျွမ်းကျင်ကထိကများ သင်ကြားပေးပြီး ကျောင်းသားများအနေဖြင့် တစ်ချိန်တည်းမှာပင် တရုတ်နှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံလုံး၏ ပညာရေးဘွဲ့လက်မှတ်များကို ရယူနိုင်ကြောင်း သိရှိပြီးနောက် လျှောက်ထားရန် ဆိုင်းငံ့မှုမရှိခဲ့ကြောင်း သတင်းထောက်များအား ၎င်းကပြောကြားခဲ့သည်။

“အနာဂတ်မှာ ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုမှာ အလုပ်လုပ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဒီမှာ သင်ယူခဲ့တဲ့ ပညာရပ်ဆိုင်ရာ အသိပညာနဲ့ ကျွမ်းကျင်မှုတွေက ဘွဲ့ရပြီးရင် သက်ဆိုင်ရာ နယ်ပယ်တွေမှာ လုပ်ဆောင်တဲ့အခါ ကျွန်တော့်ကို ပိုကောင်းအောင် ကူညီပေးမယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုဗာနာ က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား-တရုတ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ရှိ ကထိကအများစုကို တရုတ်ပြည်တွင်းဘွဲ့ကြိုကောလိပ်များနှင့် တက္ကသိုလ်များမှ ရွေးချယ်ထားခြင်းဖြစ်ပြီး သင်ကြားပေးသော ဆရာ၊ဆရာမများသည် မဟာဘွဲ့နှင့်အထက် ပညာအရည်အချင်းရှိပြီး သင်ကြားမှုအတွေ့အကြုံကြွယ်ဝကြောင်း၊ ကျောင်းတွင် ပြီးပြည့်စုံသော သင်ကြားရေး ပံ့ပိုးမှုအင်္ဂါရပ်များ၊ အဆင့်မြင့် စမ်းသပ်လေ့ကျင့်ရေးခန်းနှင့် ကွန်ပျူတာခန်းများ တပ်ဆင်ထားပြီး ကျွမ်းကျင်မှုဆိုင်ရာ သင်ကြားမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ ကျောင်းသည် အဓိကအားဖြင့် တရုတ်ဘာသာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုပညာရေးကို ပေါင်းစပ်ထားသောကြောင့် ကျောင်းသားများသည် တရုတ်ဘာသာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုများကို တစ်ချိန်တည်းတွင် ကျွမ်းကျင်နိုင်ပြီး ဘွဲ့ရပြီးနောက် လုပ်ငန်းများ၏ အလုပ်အကိုင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါကျောင်းမှ ကွန်ရက်အင်ဂျင်နီယာနည်းပညာဆရာမ ကျိုးဟွေ့ က သတင်းထောက်များအား ပြောကြားခဲ့သည်။

ပထမအသုတ် ဘွဲ့ကြိုကျောင်းသားသစ်များ ကျောင်းစတက်သည်နှင့်တပြိုင်နက် တရုတ်ရင်နှီးမြှုပ်နှံသောကုမ္ပဏီများက ကျောင်းကို ကမ်းလှမ်းမှုများ လုပ်ပြီး ကျွမ်းကျင်သူများကို ကြိုတင်စာရင်းသွင်းထားကြောင်း ကျိုးဟွေ့ က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား-တရုတ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်သည် စာတွေ့-လက်တွေ့ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့် အရည်အချင်းရှိသူများကို ပျိုးထောင်ပေးခြင်း၊ ပညာရပ်ဆိုင်ရာ တည်ဆောက်မှုများ၊ သင်ကြားရေးဝန်ထမ်း တည်ဆောက်မှုများ၊ သိပ္ပံဆိုင်ရာသုတေသနဝန်ဆောင်မှုများနှင့် အခြားကဏ္ဍပေါင်းစုံတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြောင်း၊ ကျောင်းသားများအား စွမ်းရည်များ၊ ကျွမ်းကျင်မှုများ တိုးတက်စေရန်နှင့် ကမ္ဘောဒီးယား၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးရန်အတွက် အဆိုပါ ကျောင်းသည် လုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ကျောင်းသားများ၏ သွင်ပြင်လက္ခဏာများကို ပေါင်းစပ်ပြီး “ကျွမ်းကျင်မှု + တရုတ်ဘာသာ”ဖြင့် စတင်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

စာတွေ့-လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ပညာသင်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယခုအကြိမ် ကျောင်းဖွင့်ပွဲအခမ်းအနားတွင်ကျင်းပခဲ့ပြီး ထူးချွန်ကျောင်းသား ၆၃ ဦးအား ပညာသင်ဆုနှင့် စာတွေ့-လက်တွေ့ ပူးပေါင်းဆောင်ရွက်ရေး သတ်မှတ်ထားသောအရည်အချင်းမြှင့်တင် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်ကျင်းအသက်မွေးဝမ်းကျောင်းစက်မှုနည်းပညာတက္ကသိုလ် နှင့် ကမ္ဘောဒီးယားနိုင်ငံရှိ ခမာ-တရုတ်နွယ်ဖွားများအဖွဲ့ချုပ် တို့ ပူးပေါင်း၍ ကမ္ဘောဒီးယားနိုင်ငံ အသက်မွေးဝမ်းကျောင်းပညာရေး အရည်အချင်းရှိသူများကို ပျိုးထောင်ပေးသောနေရာဖန်တီးရန်နှင့် ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးကို နက်ရှိုင်းစေ၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အထောက်အကူ ဖြစ်ရန် ကမ္ဘောဒီးယား-တရုတ် သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို တည်ထောင်ခဲ့ကြောင်း၊ ကျောင်းသားများသည် ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် တရုတ်ဘာသာကို ကောင်းမွန်စွာ သင်ယူနိုင်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ မဏ္ဍိုင်များနှင့် ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေး သံတမန်များ ဖြစ်လာစေရန် မျှော်လင့်ကြောင်း ခမာ-တရုတ်နွယ်ဖွားအသင်း ကြီးကြပ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ကျန့်ယွမ်လှိုင် က ကျောင်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua)

……………………………………………………
(Chinese Version)
通讯|中国职业教育助力柬埔寨人才培养
新华社金边3月18日电(记者吴长伟 廖泓清)“我要争取去中国留学!”来自柬埔寨柬华应用科技大学的本科新生孟梅梅激动地对记者说。
柬华应用科技大学首批本科生开学典礼日前在柬埔寨金边举行。孟梅梅同其他9名新生一同走上领奖台,接过优秀学生奖学金奖状,笑容灿烂。孟梅梅今年18岁,即将开始在柬华应用科技大学电子商务专业学习,她很喜欢学校的课程设置和校园环境,非常期待在这里学习中文和专业知识。
柬华应用科技大学由中国南京工业职业技术大学与柬埔寨柬华理事总会合作共建,是中国职业教育第一所海外应用技术大学,开展本科学历教育,学生可同时获得中国和柬埔寨两国学历和学位证书。学校于2023年12月在金边揭牌,首届共招收160名本科学历生和400名校企合作订单班非学历生。首批开设的6个本科专业为新能源发电工程技术、汽车服务工程技术、网络工程技术、电子商务、现代物流管理和旅游管理。
同孟梅梅一样,索万纳也是柬华应用科技大学首届本科新生。他告诉记者,在了解到学校拥有完善的教学设施、来自柬中两国的专业讲师授课、学生能同时获得柬中两国学历学位证书后,他毫不犹豫地申请就读。
“我希望以后从事物流管理工作。”索万纳说,“相信在这里学到的专业知识和技能可以帮助我在毕业后更好地从事相关领域工作。”
柬华应用科技大学网络工程技术专业教师周惠向记者介绍,该校大部分讲师是从中国国内本科院校选拔公派而来,授课教师均为硕士及以上学历,教学经验丰富。学校配备有完善的教学设施,建有先进的实验实训室和计算机机房,能够满足专业学习所需。学校主要采用中文培训加专业技能教育相结合的方式,使学生同时掌握中文和职业技术,毕业后能够满足企业的用人需求。
周惠说,第一批本科新生刚刚入学,就有中资企业向学校抛来橄榄枝,“预定”专业人才。
据介绍,柬华应用科技大学通过校企合作模式,同企业在人才培养、专业建设、师资建设、科研服务等方面开展合作。学校结合企业需求和学生特点,以“技能+中文”为切入点,帮助学生提升多种能力和本领,服务柬埔寨经济社会发展。
本次开学典礼上还举行了校企合作奖助学金颁发仪式,63名优秀学生获得奖学金和校企合作定向培养助学金。
柬华理事总会监事长郑源来在开学典礼上表示,柬华理事总会与南京工业职业技术大学合作共建柬华应用科技大学,是要打造柬埔寨职业教育人才培养高地,为深化柬中两国友谊作出贡献。他希望学生们学好技能、练好中文,成为柬埔寨国家发展的栋梁和深化柬中友谊的使者。(完)
图说1:2019年11月25日,就读于西北农林科技大学水利工程专业的柬埔寨留学生李致在宿舍里学习。新华社记者李一博摄
图说2:2018年5月,在柬埔寨金边拍摄的柬华师资培训中心课堂。新华社记者毛鹏飞摄