Connect with us

Australia / Oceania

ဝမ်ရိက တရုတ်-သြစတြေးလျ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံနှင့်ပတ်သက်ပြီး ဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong တို့ကို မတ်လ ၂၀ ရက်က ကျင်းပသော (၇) ကြိမ်မြောက် တရုတ်-သြစတြေးလျ သံတမန်ရေးရာနှင့် မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးပွဲတွင်တွေ့ရစဉ် (ဆင်ဟွာ)

ကင်ဘာရာ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong တို့သည် (၇) ကြိမ်မြောက် တရုတ်-သြစတြေးလျ သံတမန်ရေးရာနှင့် မဟာဗျူဟာမြောက် တွေ့ဆုံဆွေးနွေးပွဲကို ကင်ဘာရာ၌ ဒေသစံတော်ချိန် မတ်လ ၂၀ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယခုတွေ့ဆုံမှုသည် ၎င်းတို့၏ (၆) ကြိမ်မြောက် ဖြစ်ပြီး တွေ့ဆုံချိန်တိုင်းတွင် နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှု တိုးလာကာ တရုတ်-သြစတြေးလျ ဆက်ဆံရေးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလာကြောင်း၊ ဤသည်မှာ ဆက်သွယ်ရေး ခိုင်မာအားကောင်းလာမှု၏ တန်ဖိုးဖြစ်ပြီး ယုံကြည်မှုကို စဉ်ဆက်မပြတ်တိုးလာစေကာ သံသယများကို ဖယ်ရှားပေးသည့် အပြုသဘောဆောင်သော လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ဤကောင်းမွန်သော အပြန်အလှန်ဆက်ဆံရေးအရှိန် ဆက်လက်တည်ရှိနေနိုင်မည်ဟု မိမိတို့မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအတွင်း သြစတြေးလျ နိုင်ငံ ဝန်ကြီးချုပ် Albanese နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှု အရှိန်မြှင့်တင်ရေးအတွက် အရေးကြီးသော နိုင်ငံရေးသဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း၊ ယင်းက မိမိတို့အတွက် ပူးပေါင်းကြိုးပမ်းမှုဦးတည်ချက်ကို အတည်ပြုပေးခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် Penny Wong တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သောအခါ နှစ်ဖက်စလုံးက “ပြန်လည်ပြင်ဆင်ပြီးမှ ခရီးပြန်လည်စတင်မည်” ဟု အဆိုပြုခဲ့ကြောင်း၊ နှစ်ဘက်စလုံး၏ ပူးပေါင်းကြိုးပမ်းမှုများကြောင့် တရုတ်-သြစတြေးလျ ဆက်ဆံရေးသည် ရေခဲမှတ်ကို ကျော်လွန်ပြီး တစ်ဖန် ခရီးဆက်ခဲ့ကြရာ နယ်ပယ်အသီးသီးတွင် ဆက်ဆံဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုအကြိမ် မိမိ၏ ဩစတေးလျနိုင်ငံခရီးစဉ်သည် သမ္မတရှီကျင့်ဖိန်၏ အောင်မြင်သော သြစတြေးလျနိုင်ငံခရီးစဉ်နှင့် တရုတ်-သြစတြေးလျကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ၁၀ နှစ်မြောက် နှစ်ပတ်လည်တို့နှင့် တိုက်ဆိုင်နေပြီး ဤသည်မှာ အတိတ်က အောင်မြင်မှုများကို ဆက်ခံပြီး အနာဂတ်တိုးတက်မှုတွေအတွက် ရှေ့ဆက်ရမည်ဖြစ်သော အရေးကြီးသောနှစ်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ယခုအချိန်တွင် နှစ်နိုင်ငံဆက်ဆံရေး၏ခိုင်မာသောအရှိန်အဟုန်ကို အခြေခံထားပြီး မိမိတို့သည် “ပိုမိုကောင်းမွန်သောအနာဂတ်အတွက် အတူတကွလုပ်ဆောင်သင့်” ကြောင်း၊ ပိုမိုတက်ကြွသော သဘောထားရပ်တည်ချက်၊ ပိုမိုရင့်ကျက်တည်ငြိမ်ပြီး အောင်မြင်မှုရလဒ်ကြွယ်ဝသော ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို ပူးတွဲတည်ဆောက်သင့်ကြောင်း ၎င်းက ဆိုသည်။

လွန်ခဲ့သည့် ၁၀ နှစ်တာကာလ၏ နိမ့်ချည်မြင့်ချည်များက မိမိတို့ကို သင်ခန်းစာယူစရာများ ချန်ထားခဲ့ရုံသာမက အဖိုးတန် အတွေ့အကြုံများကိုလည်း စုဆောင်းထားကြောင်း၊ အခြေခံအကျဆုံးအချက်မှာ အပြန်အလှန်လေးစားမှုရှိရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် သြစတြေးလျပြည်တွင်းရေးကို မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့်အပြင် သြစတြေးလျနိုင်ငံမှ ရွေးချယ်သော စနစ်နှင့် လမ်းကြောင်းကို လေးစားကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ထိုနည်းတူ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ဂုဏ်သိက္ခာနှင့် တရားဝင်ဥပဒေနှင့်အညီ စိုးရိမ်မှုများနှင့် ပတ်သက်၍ သြစတြေးလျသည် သံတမန်ဆက်ဆံရေး ထူထောင်ပြီးကတည်းက ကတိကဝတ်များကို ဆက်လက်လိုက်နာနိုင်ရန်၊ လေးစားလိုက်နာပြီး မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

အရေးကြီးဆုံးအချက်မှာ ကွဲပြားခြားနားမှုကို ဘေးဖယ်၍ တူညီမှုများအား ရှာဖွေရန်ဖြစ်ကြောင်း တရုတ်နှင့် သြစတြေးလျတွင် မတူညီသော လူမှုရေးစနစ်များ၊ သမိုင်းနှင့် ယဉ်ကျေးမှုများရှိပြီး ရှုထောင့်များစွာ၌ ကွဲပြားနေကြောင်း၊ သို့သော် နှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားသည် ၎င်းတို့၏ ကွဲပြားမှုများထက် များစွာသာလွန်နေကြောင်း နှစ်ဖက်စလုံးသည် ၎င်းတို့၏ ကွဲပြားမှုများကို ရင်ဆိုင်ရုံသာမကဘဲ ၎င်းတို့ကို စီမံခန့်ခွဲရန်နှင့် ကျော်လွှားရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အရေးကြီးဆုံးအချက်မှာ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် နှစ်နိုင်ငံအကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို လိုက်နာရန်ဖြစ်ကြောင်း၊ တရုတ်နှင့် သြစတြေးလျ၏ စီးပွားရေးများသည် လွန်စွာ လိုက်ဖက်ညီပြီး ကြီးမားသောအလားအလာများရှိကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ဆိုးရွားသောအခြေအနေများရှိနေသော်လည်း သြစတြေးလျနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပိုငွေ၏ ၈၀ ရာခိုင်နှုန်းနီးပါးသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမှ လာခြင်းဖြစ်ကြောင်း၊ မှန်ကန်သော လုပ်ဆောင်မှုသည် နှစ်ဖက်စလုံးမှ ဘုံအကျိုးစီးပွားကို ကြိုးစားချဲ့ထွင်ရန်နှင့် နှစ်နိုင်ငံစလုံးမှ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းလည်ပတ်မှုများအတွက် အဆင်ပြေသော စီးပွားရေးပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးရန်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တန်ဖိုးအရှိဆုံးအရာမှာ လွတ်လပ်ခြင်းနှင့် မိမိကိုယ်မိမိ မှီခိုအားထားခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လွတ်လပ်သောနိုင်ငံခြားရေးမူဝါဒကို အစဉ်အမြဲ ကျင့်သုံးခဲ့ပြီး သြစတြေးလျနိုင်ငံအပေါ် မိမိတို့၏မူဝါဒက တသမတ်တည်းရှိနေကြောင်း၊ သြစတြေးလျနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၏ အရေးကြီးသော နိယာမသည်လည်း လွတ်လပ်ရေး ဖြစ်သင့်ကြောင်း၊ တရုတ်-ဩစတြေးလျဆက်ဆံရေးသည် မည်သည့်ပြင်ပအဖွဲ့အစည်းကိုမျှ ရည်ညွှန်းခြင်းမရှိသလို၊ မည်သည့်ပြင်ပအဖွဲ့အစည်းမှ လွှမ်းမိုးမှု သို့မဟုတ် စွက်ဖက်ခြင်းကိုလည်း လက်ခံမည်မဟုတ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်-သြစတြေးလျ ဆက်ဆံရေးသည်လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိခဲ့ချိန်မှစ၍ တုံ့ဆိုင်း၊ သွေဖည်၊ နောက်ကြောင်းပြန်လှည့်ရမည် မဟုတ်ကြောင်း ဝမ်ရိက အလေးပေးပြောကြားခဲ့သည်။ ယခုအခါ ဦးတည်ချက်သည် ရှင်းရှင်းလင်းလင်းဖြစ်ပြီး ရှေ့သို့ မှန်မှန်၊ ကောင်းစွာ၊ ခရီးဝေးရောက်အောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ ဤအချက်သည် နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွား၊ ဒေသတွင်းနိုင်ငံများ၏ ယေဘုယျမျှော်မှန်းချက်နှင့် ကိုက်ညီကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………………………
(Chinese Version)
王毅谈中澳关系发展经验
新华社堪培拉3月20日电(记者章建华)当地时间3月20日,中共中央政治局委员、外交部长王毅在堪培拉同澳大利亚外长黄英贤举行第七轮中澳外交与战略对话。
王毅说,这已是我们的第六次见面。每见一次,双方互信就增加一分,中澳关系就前进一步。这就是加强沟通的价值所在,就是不断增信释疑的积极进程,希望这一良好互动的势头能够继续保持下去。
王毅表示,2022年11月习近平主席在出席二十国集团领导人峰会期间同阿尔巴尼斯总理会面,就加快改善双边关系达成重要政治共识,为我们明确了共同努力的方向。2022年12月你访华时,我们提出双方要“重整行装再出发”。经过双方共同努力,中澳关系实现破冰,重新起航,各领域交流合作逐步得到恢复。
王毅表示,我此次访澳,正值习近平主席成功对澳进行国事访问和中澳建立全面战略伙伴关系10周年。这是一个承前启后的重要年头。我们应在迄今双边关系良好势头基础上,“携手合作创未来”,以更加积极作为的姿态,共同构建更加成熟稳定、更加富有成果的全面战略伙伴关系。
王毅说,过去10年的跌宕起伏,既给我们留下需要汲取的教训,也积累了值得珍惜的经验。最根本的是坚持相互尊重。中方从不干涉澳方内政,尊重澳方选择的制度和道路。同样,在中国的主权、尊严和正当关切上,希望澳方也能继续恪守建交以来作出的承诺,予以尊重和妥善处理。
最关键的是坚持求同存异。中澳社会制度、历史文化不同,在很多方面有差异。但两国之间的共同利益远大于分歧。双方不仅要正视分歧,更要管控和超越分歧。
最重要的是坚持互利共赢。中澳经济高度互补,潜力巨大。去年双边贸易额逆势增长,澳对外贸易顺差中的近80%来自对华贸易。正确的做法是双方努力做大共同利益的蛋糕,并为两国企业投资运营提供良好营商环境。
最宝贵的是坚持独立自主。中方一直奉行独立自主的和平外交政策,我们的对澳政策一以贯之。独立也应是澳方对外政策的重要原则。中澳关系的发展不针对第三方,也不应受第三方的影响或干扰。
王毅强调,中澳关系既然回到正确轨道,就要不犹豫,不偏航,不走回头路。既然明确了前进方向,就要争取走得稳、走得好、走得远。这符合两国人民的共同利益,也是地区国家的普遍期待。(完)
图说:3月20日,中共中央政治局委员、外交部长王毅在堪培拉同澳大利亚外长黄英贤举行第七轮中澳外交与战略对话。