Connect with us

Asia

ဗီယက်နမ်နိုင်ငံ ယာယီသမ္မတအဖြစ် Vo Thi Anh Xuan ကို ခန့်အပ်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၊ လွှတ်တော်အဆောက်အအုံတွင် အခြေခံဥပဒေကို သစ္စာစောင့်သိပါမည်ဟု ကျမ်းသစ္စာကျိန်ဆိုနေသော သမ္မတ ဗိုဘင်သောင်ကို ၂၀၂၃ ခုနှစ် မတ် ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -VNA/Handout via Xinhua)

ဟနွိုင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ သမ္မတဟောင်း ဗိုဘင်သောင် နုတ်ထွက်ပြီးနောက်တစ်နေ့ မတ် ၂၁ ရက်တွင် ဒုတိယသမ္မတ ဗိုသီအန်စွမ်း (Vo Thi Anh Xuan) ကို ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို ဗီယက်နမ်အမျိုးသားလွှတ်တော် (NA) အထူးအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
စွမ်းသည် သမ္မတသစ်ရွေးကောက်တင်မြှောက်ခြင်းမတိုင်မီအထိ ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း NA အမြဲတမ်းကော်မတီက ပြောကြားခဲ့သည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက သောင်၏ ပုဂ္ဂိုလ်ရေးတောင်းဆိုချက်အရ သမ္မတတာဝန်မှ နုတ်ထွက်မှုကို မတ် ၂၀ ရက်က လက်ခံခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
Vo Thi Anh Xuan named as Vietnamese acting president
HANOI, March 21 (Xinhua) — Vietnamese Vice President Vo Thi Anh Xuan was named as the acting president of the country on Thursday, a day after former President Vo Van Thuong resigned, local media reported.
The decision was made at an extraordinary session of the Vietnamese National Assembly (NA), Vietnam News Agency reported.
Xuan will serve as the acting president until a new president is elected, said the NA Standing Committee.
On Wednesday, Vietnam’s Communist Party Central Committee accepted Thuong’s resignation upon his personal request.
Photo: Vietnam’s newly elected President Vo Van Thuong takes the oath of allegiance to the Constitution at the Parliament House in Hanoi, Vietnam, on March 2, 2023. (VNA/Handout via Xinhua)