Connect with us

China

လုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရမည်ဟု တရုတ်နိုင်ငံက အလေးပေးပြောကြား

ကုလသမဂ္ဂ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

လုံခြုံရေးကောင်စီတွင် မတ် ၂၅ ရက်က မဲခွဲခဲ့သည့် ဂါဇာအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်းက အလေးပေးထည့်သွင်းပြောကြားခဲ့သည်။

ဂါဇာပဋိပက္ခဖြစ်ပွားသော လွန်ခဲ့သော ၆ လအတွင်း အပြစ်မဲ့ပြည်သူ ၃၂,၀၀၀ အသက်ဆုံးရှုံးခဲ့ကြရပြီး ယင်းဆုံးရှုံးခဲ့ကြရသော အသက်များအတွက် လုံခြုံရေးကောင်စီ၏အစည်းအဝေးဆုံးဖြတ်ချက်မှာ အချိန်လွန်ခဲ့ကြောင်း၊ သို့သော် မကြုံစဖူး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးတွင် ပိတ်မိလျက်ရှိနေသည့် သန်းပေါင်းများစွာသော ဂါဇာဒေသပြည်သူများအတွက် ယင်းအစည်းအဝေးဆုံးဖြတ်ချက် အပြည့်အဝ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်လျှင် ကာလရှည်ကြာစွာစောင့်စားခဲ့ရသော မျှော်လင့်ချက် ပေးဆောင်နိုင်သေးကြောင်း၊ လုံခြုံရေးကောင်စီ၏အစည်းအဝေးဆုံးဖြတ်ချက်သည် ချည်နှောင်ကန့်သတ်နိုင်စွမ်းရှိပြီး နိုင်ငံများအနေဖြင့် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” တွင် ပါဝင်သော ၎င်းတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စေရန်နှင့် အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တရုတ်နိုင်ငံက တောင်းဆိုခဲ့ကြောင်း၊ အရေးကြီးသော သြဇာလွှမ်းမိုးမှုရှိသော နိုင်ငံများအနေဖြင့် ယင်းအစည်းအဝေးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာတွင် ထိရောက်သော နည်းလမ်းအားလုံးကို အသုံးပြုခြင်းအပါအဝင် ပါဝင်ပတ်သက်သောသူများပေါ်တွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ထောက်ပံ့သင့်ကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။

ရမ်ဇာန်လ အပစ်အခတ်ရပ်စဲရေးသည် ပထမခြေလှမ်းဖြစ်ပြီး ယင်းကိုအခြေခံထားကာ အမြဲတမ်းအပစ်အခတ်ရပ်စဲရေးဆီသို့ ဦးတည်သွားရမည်ဖြစ်ကြောင်း၊ တချိန်တည်းမှာပင် ဂါဇာကမ်းမြောင်ဒေသအား ပိတ်ဆို့ထားမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများဝင်ခွင့်၏ လူလုပ်အတားအဆီးများကို ချက်ချင်း ဖြေလျှော့ပေးရမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ဂါဇာကမ်းမြောင်ဒေသသို့ အလုံအလောက် လျင်မြန်စွာရောက်ရှိနိုင်ရန် နှင့် ပြည်သူများလက်ထဲသို့ လုံခြုံစွာ အချိန်မီ ရောက်ရှိနိုင်ရန် သေချာစေရမည်ဖြစ်ကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီသည် ဂါဇာအခြေအနေကို အနီးကပ်ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သော လုပ်ဆောင်ချက်များ ပြင်ဆင်မှုများ လုပ်ဆောင်ရန် အစည်းအဝေးဆုံးဖြတ်ချက် အချိန်မီရရှိခြင်းနှင့် အပြည့်အဝဆောင်ရွက်ခြင်းကို သေချာစေရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အဖွဲ့အစည်းများနှင့်အတူ ဂါဇာစစ်ပွဲကို ဆောလျင်စွာ အဆုံးသတ်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးကို ဖြေလျှော့ရန်၊ “နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း”ကို အကောင်အထည်ဖော်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် လုံခြုံရေးကောင်စီ၏ ကြိုပမ်းဆောင်ရွက်မှုများကို ကြိမ်ဖန်များစွာ ကန့်ကွက်ခဲ့ပြီးနောက် နောက်ဆုံးတွင် လုံခြုံရေးကောင်စီ၏ အပစ်အခတ်ချက်ချင်းရပ်စဲရေးကြိုးပမ်းမှုကို အဟန့်အတားမပြုတော့ကြောင်း၊ သို့သော်ငြားလည်း အမေရိကန်သည် အကြောင်းပြချက်မျိုးစုံရှာကာ တရုတ်နိုင်ငံအား အပြစ်တင်ပြောဆိုနေကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ အမြင်မှာ ရှင်းလင်းပြီး အမေရိကန်နိုင်ငံ၏ အပြစ်တင်ပြောဆိုနေခြင်းမှာ အခြေအမြစ်မရှိကြောင်း၊ ဆန့်ကျင်ဘက်အနေနှင့် တရုတ်နှင့် သက်ဆိုင်သောနိုင်ငံများ၏ စည်းမျဉ်းစည်းကမ်းများလိုက်နာမှုနှင့် တရားမျှတမှုတို့ကြောင့်သာ လုံခြုံရေးကောင်စီ၏ မှန်ကန်သောလမ်းကြောင်းပေါ်၌ အဓိကကျသောအဆင့်များဆောင်ရွက်မှုအပေါ် အမေရိကန်နိုင်ငံ၏ ဟန့်တားနေမှုကို ဖိအားပေးနိုင်ခဲ့ကြောင်း၊ နောက်ဆုံးတွင် တရားမျှတမှုက အနိုင်ရမည်ဖြစ်ကြောင်း ကျန်းကျွင်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………………………
(Chinese Version)
中方强调安理会加沙停火决议必须得到落实
新华社联合国3月25日电 中国常驻联合国代表张军25日在安理会表决通过加沙停火问题决议后作解释性发言,强调决议必须得到落实。
张军说,加沙冲突爆发近6个月,3.2万多无辜平民被夺去生命。对于已经逝去的生命,安理会今天的决议来得太迟了。但对于上百万仍深陷前所未有的人道灾难的加沙民众来说,这项决议如果能得到全面、有效落实,还是可以带来期待已久的希望。安理会决议是有约束力的,中方要求当事方履行《联合国宪章》规定的义务,根据决议要求采取应有行动。中方期待有重要影响的国家对当事方发挥积极作用,包括采取一切有效手段支持决议的实施。
张军说,斋月停火只是第一步,必须以此为基础迈向持久停战。同时,必须立即解除对加沙地带的封锁和对人道物资准入的人为设障,保障人道物资充足、快速进入加沙地带,安全、及时送到有需要的民众手中。
张军说,安理会要继续密切关注加沙局势,为采取进一步必要行动做好准备,确保决议得到及时、充分执行。中方将继续同各方一道,为早日平息加沙战火、缓解人道灾难、落实“两国方案”作出不懈努力。
张军说,美国在多次否决安理会行动之后,终于决定不再阻挠安理会要求立即停火的努力。尽管如此,美方仍然寻找种种借口,对中国进行指责。国际社会的眼睛是雪亮的,美方的指责完全站不住脚。恰恰相反,正是中国和有关国家坚持原则、主持正义,才迫使美国认识到美不能也无法再继续阻挠安理会朝着正确方向迈出关键步伐。正义终将胜利。(完)