Connect with us

International Organizations

အဓိက ရေနံထုတ်လုပ်သော နိုင်ငံများက မိမိဆန္ဒအလျောက် ထုတ်လုပ်မှု လျှော့ချခြင်းကို ဇွန်လကုန်အထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း ကြေညာ

ဗီယင်နာ၊ မတ် ၅ ရက် (ဆင်ဟွာ)

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) ၏ အတွင်းရေးမှူးရုံးမှ OPEC အဖွဲ့ဝင် နှင့် OPEC အဖွဲ့ဝင် မဟုတ်သော ရေနံထုတ်လုပ်သည့် နိုင်ငံအများအပြားသည် နိုင်ငံတကာ ရေနံဈေးကွက် တည်ငြိမ်မှုနှင့် ဟန်ချက်ညီမှုကို ထိန်းသိမ်းရန် ယခုနှစ်ပထမသုံးလပတ်တွင် တစ်ရက်လျှင် စည်ပေါင်း ၂ ဒသမ ၂ သန်းလျှော့ချရေးအစီအမံကို ဇွန်လကုန်အထိ သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ ၎င်းထုတ်လုပ်မှုလျှော့ချခြင်းသည် ၂၀၂၃ ခုနှစ် ဇွန်လက ကျင်းပသည့် ၃၅ ကြိမ်မြောက် OPEC+ ဝန်ကြီးများအစည်းအဝေးတွင် သတ်မှတ်ထားသော အဖွဲ့ဝင်တစ်ဦးစီ၏ ၂၀၂၄ ခုနှစ် ထုတ်လုပ်မှုသတ်မှတ်ချက်ကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ပြီး၊ ပြီးခဲ့သောနှစ် ဧပြီလတွင် အဓိက ရေနံထုတ်လုပ်သည့် နိုင်ငံများမှ ဆန္ဒအလျောက် ထုတ်လုပ်မှု လျှော့ချရေး အစီအမံများကို ကြေညာပြီးနောက် နောက်ထပ် ထုတ်လုပ်မှု လျှော့ချခြင်း ဖြစ်သည်။

ဇွန်လကုန်အထိ ၎င်း၏ဆန္ဒအလျောက် တစ်ရက်လျှင် စည်ပေါင်း ၁ သန်း ထုတ်လုပ်မှုလျှော့ချခြင်းကို သက်တမ်းတိုးမည်ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံက ကြေညာခဲ့သည်။ ရုရှားနိုင်ငံကလည်း ယခုနှစ် ဒုတိယသုံးလပတ်တွင် တစ်ရက်လျှင် စည်ပေါင်း ၄ ဒသမ ၇၁ သိန်း ကို ဆန္ဒအလျောက် လျှော့ချမည်ဖြစ်ကြောင်းကြေညာခဲ့ပြီးယင်းမှာ ပထမသုံးလပတ်တွင် တစ်ရက်လျှင် ဆန္ဒအလျောက် စည်ပေါင်း ၅သိန်း လျှော့ချမှုထက် အနည်းငယ် ကျဆင်းသွားခဲ့သည်။ OPEC+ အဖွဲ့ဝင်များဖြစ်သော အီရတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနှင့် အိုမန်တို့သည် ပထမသုံးလပတ်အတွင်း ဆန္ဒအလျောက် ထုတ်လုပ်မှုလျှော့ချခြင်းကို ဇွန်လကုန်အထိ သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။

ယခုနှစ် ဒုတိယသုံးလပတ်အပြီးတွင် သက်ဆိုင်ရာ “OPEC+” အဖွဲ့ဝင်များသည် ရေနံဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် စျေးကွက်အခြေအနေများအပေါ် အခြေခံ၍ ဆန္ဒအလျောက် ထုတ်လုပ်မှုလျှော့ချခြင်းကို တဖြည်းဖြည်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် ဧပြီလတွင် “OPEC+” မှ ဆန္ဒအလျောက် တစ်ရက်လျှင် စည်ပေါင်း ၁ ဒသမ ၆၆ သန်းကို ယင်းနှစ် မေလကုန်အထိ ထုတ်လိုက်မှုလျှော့ချလိုက်ကြောင်းနှင့် ယင်းထုတ်လုပ်မှု လျှော့ချရေးအစီအမံကို ၂၀၂၄ နှစ်ကုန်အထိ သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇွန်လတွင် ပြုလုပ်သော ဝန်ကြီးများ အစည်းအဝေးတွင် “OPEC+” သည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း ရေနံစိမ်းထုတ်လုပ်မှုသတ်မှတ်ချက်ကို နေ့စဉ် ပျမ်းမျှ စည်ပေါင်း ၄၀ ဒသမ ၄၆ သန်းအထိ ချိန်ညှိရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(Chinese Version)
主要产油国宣布将自愿减产措施延至6月底
新华社维也纳3月3日电(记者刘昕宇)石油输出国组织(欧佩克)秘书处3日发表声明说,多个欧佩克和非欧佩克产油国决定把今年第一季度日均220万桶的自愿减产措施延长至6月底,以维护国际石油市场的稳定与平衡。
根据声明,此次减产将继续参照2023年6月“欧佩克+”第35次部长级会议设定的2024年各成员产量目标,是继去年4月主要产油国宣布自愿减产措施后额外增加的减产。
沙特阿拉伯当日宣布,将把日均100万桶的自愿减产措施延长至6月底。俄罗斯宣布,今年第二季度自愿日均减产47.1万桶,略低于第一季度日均50万桶的自愿减产量。伊拉克、阿联酋、科威特、哈萨克斯坦、阿尔及利亚和阿曼等“欧佩克+”成员也宣布将第一季度的自愿减产措施延长至6月底。
声明说,今年第二季度后,相关“欧佩克+”成员将视市场情况逐步削减自愿减产力度,以维护石油市场稳定。
2023年4月, “欧佩克+” 宣布自当年5月至当年年底自愿日均减产166万桶,该减产措施此后被延长至2024年年底。在2023年6月举行的部长级会议上, “欧佩克+” 决定将2024年原油总产量目标调整为日均4046万桶。(完)