Connect with us

Asia

လာအိုနိုင်ငံက စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် အာဆီယံ စွမ်းအင်စီးပွားရေးဖိုရမ်ကို လက်ခံကျင်းပမည်

ဗီယင်ကျန်း၊ မတ် ၅ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနက မြို့တော်ဗီယင်ကျန်းတွင် စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပရန်စီစဉ်ထားသော ၂၄ ကြိမ်မြောက် အာဆီယံ စွမ်းအင်စီးပွားရေးဖိုရမ် (AEBF-24) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကာ စွမ်းအင်ကဏ္ဍ၌ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်သည် “အာဆီယံ- ကွန်ရက်ချိတ်ဆက်မှုနှင့် ကြံ့ကြံ့ခံရပ်တည်မှု အဆင့်မြှင့်တင်ခြင်း” ဟူသောဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ချိန်ညှိဆောင်ရွက်မည်ဖြစ်ကြောင်း Lao News Agency က မတ် ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ထိုဖိုရမ်က စွမ်းအင်ကဏ္ဍတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရာ၌ လာအိုနိုင်ငံ၏ ကတိကဝတ်ကို စမ်းသပ်မှုဖြစ်ကြောင်း လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနအောက်ရှိ စီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Akhomdeth Vongsay က ပြောခဲ့သည်။
“အာဆီယံရဲ့ ကွန်ရက်ချိတ်ဆက်မှု အားကောင်းစေဖို့၊ စီးပွားရေးပေါင်းစည်းမှု မြှင့်တင်ဖို့နဲ့ ဒေသတွင်းရဲ့ စွမ်းအင်ကြံ့ကြံ့ခံမှု အခိုင်အမာဆောင်ရွက်ဖို့ရည်ရွယ်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

……………………………………..
(English Version)
Laos to host ASEAN Energy Business Forum to advance energy cooperation
VIENTIANE, March 5 (Xinhua) — Laos’ Ministry of Energy and Mines will host the 24th ASEAN Energy Business Forum (AEBF-24), which is scheduled to take place from Sept. 25 to Sept. 27 in Lao capital Vientiane, to advance regional cooperation in the energy sector.
The forum will align with Laos’ ASEAN chairmanship in 2024 under the theme of “ASEAN: Enhancing Connectivity and Resilience,” Lao News Agency reported on Tuesday.
Director General of the Department of Planning and Cooperation under the Lao Ministry of Energy and Mines, Akhomdeth Vongsay, said the forum is a testament to Laos’ commitment to advancing regional cooperation in the energy sector.
“We aim to strengthen ASEAN’s connectivity, promote economic integration, and fortify the region’s energy resilience,” he said.