Connect with us

China

မွန်ထရီရယ် ကမ္ဘာ့ဖလားရေငုပ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းက ရွှေတံဆိပ် ၉ ခု ဆွတ်ခူး

တရုတ်အားကစားသမား Chang Yani (ဝဲ) / Chen Yiwen ကို အမျိုးသမီးစုံတွဲ ၃ မီတာ စပရိန်ဘုတ်ဒိုင်ဗင်ထိုးပြိုင်ပွဲတွင် မတ်လ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကနေဒါ၊ မတ် ၅ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ၊ မွန်ထရီရယ်အိုလံပစ်စင်တာ ရေကူးကန်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဖလားရေငုပ်ပြိုင်ပွဲ မွန်ထရီရယ်ပြိုင်ပွဲကို မတ်လ ၃ရက် က ကျင်းပပြီးစီးခဲ့သည်။ တရုတ်နိုင်ငံ၏ ရေငုပ်အသင်း “Dream team” သည် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၂ ခုဖြင့် ရွှေတံဆိပ်များအားလုံးကို ဆွတ်ခူးခဲ့ပြီး ဆုတံဆိပ်ဇယားထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။

တရုတ်အားကစားသမား Chang Yani (ဝဲ) / Chen Yiwen ကို အမျိုးသမီးစုံတွဲ ၃ မီတာ စပရိန်ဘုတ်ဒိုင်ဗင်ထိုးပြိုင်ပွဲ ဆုချီးမြှင့်ပွဲတွင် မတ်လ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုနေ့တွင် အမျိုးသမီးစုံတွဲ ၃မီတာ စပရိန်ဘုတ်ဒိုင်ဗင်ထိုးပြိုင်ပွဲ ဖိုင်နယ်တွင် တရုတ်နိုင်ငံအသင်းမှ Chang Yani နှင့် Chen Yiwen တို့က ရမှတ် ၃၂၉ ဒသမ ၄၀ မှတ်ဖြင့် ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး အမေရိကန်နှင့် သြစတြေးလျအသင်းတို့က ဒုတိယနှင့် တတိယနေရာမှ အသီးသီး ရရှိခဲ့ကြသည်။ အမျိုးသားစုံတွဲ ၁၀ မီတာ ပလက်ဖောင်းပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်းမှ Lian Junjie နှင့် Yang Hao က ရွှေတံဆိပ်ဆုကို ၄၅၇ ဒသမ ၂၃ မှတ်ဖြင့် ရရှိခဲ့ပြီး မက္ကဆီကိုနှင့် ဗြိတိန်အသင်းတို့က ငွေတံဆိပ်နှင့် ကြေးတံဆိပ် အသီးသီး ရရှိခဲ့ကြသည်။

အမျိုးသား ၃ မီတာ စပရိန်ဘုတ်ဒိုင်ဗင်ထိုးပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်း Wang Zongyuan က ရမှတ် ၅၄၉ ဒသမ ၅၀ မှတ်ဖြင့် ပထမ၊ မက္ကဆီကိုနှင့် ဗြိတိန်အသင်းတို့က ဒုတိယနှင့် တတိယ အသီးသီးရရှိကာ နောက်ထပ် တရုတ်နိုင်ငံအားကစားသမား Zheng Jiuyuan က အဆင့် ၄ ရရှိခဲ့သည်။ အမျိုးသမီး ၁၀ မီတာ ပလက်ဖောင်းပြိုင်ပွဲတွင် တရုတ်နိုင်ငံအသင်း၏ နာမည်ကြီး အားကစားသမား Chen Yuxi က နောက်ဆုံးတွင် ရမှတ် ၄၁၅ ဒသမ ၃၅ မှတ်ဖြင့် ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး Quan Hongchan ကလည်း ၄၁၁ ဒသမ ၄၅ မှတ်ဖြင့် ဒုတိယနေရာကို ရရှိခဲ့သည်။

၎င်းပြိုင်ပွဲသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဖလားရေငုပ်ပြိုင်ပွဲ၏ ပထမအကျော့ဖြစ်သည်။ ဒုတိယအကျော့ကို ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ယခုလ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပမည်ဖြစ်သည်။ စူပါဖိုင်နယ်ပြိုင်ပွဲကို ဧပြီလ ၁၉ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံ ရှီးအန်းမြို့ ၌ ကျင်းပမည်ဖြစ်သည်။ (Xinhua)

……………………………….
(Chinese Version)
跳水世界杯蒙特利尔站:中国队9金收官
新华社加拿大蒙特利尔3月3日电(记者林威)2024年跳水世界杯蒙特利尔站比赛3日在加拿大蒙特利尔奥林匹克中心游泳馆落幕。中国跳水“梦之队”包揽全部金牌,以9金1银2铜的成绩位列奖牌榜第一。
在当日进行的女子双人3米板决赛中,中国队昌雅妮携手陈艺文以329.40分夺得冠军,美国和澳大利亚组合分获二、三名。男子双人10米台项目,中国队练俊杰/杨昊以457.23分获得金牌,墨西哥和英国组合分获银牌和铜牌。男子3米板项目,中国队王宗源以549.50分名列第一,墨西哥和英国选手分获二、三名,另一位中国选手郑九源位列第四。女子10米台项目,中国名将陈芋汐最终以415.35分夺冠,全红婵紧随其后,以411.45分的成绩获得亚军。
此次比赛是2024年跳水世界杯的第一站。第二站将于本月21日至24日在德国柏林举办。超级总决赛将于4月19日至21日在中国西安举行。
Photo 1: 3月3日,中国选手昌雅妮(左)/陈艺文在女子双人3米板比赛中。新华社发(刘佳欢摄)
Photo 2: 3月3日,中国选手昌雅妮(左)/陈艺文在女子双人3米板颁奖仪式上。新华社发(刘佳欢摄)