Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းနှင့် အလယ်ပိုင်းတွင် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၁ ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ Khan Younis မြို့တွင် အဆောက်အအုံအပျက်အစီးများကြားမှ လမ်းလျှောက်လာသော အမျိုးသားတစ်ဦးအား မတ်လ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မတ် ၉ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းနှင့် အလယ်ပိုင်းရှိ နေရာအများအပြားကို တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့သည်ဟု ပါလက်စတိုင်း ရုပ်မြင်သံကြားသတင်း၏ မတ် ၆ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ Khan Younis မြို့တွင် အဆောက်အအုံအပျက်အစီးများကြားမှ လမ်းလျှောက်လာသော အမျိုးသားတစ်ဦးအား မတ်လ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ Khan Younis မြို့တွင် အဆောက်အအုံအပျက်အစီးများကြားမှ လမ်းလျှောက်လာသော လူတစ်စုအား မတ်လ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စရေးစစ်တပ်သည် မတ် ၆ ရက်တွင် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ Khan Younis မြို့နေရာအများအပြားကို ဆက်လက်ပြင်းပြင်းထန်ထန် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဆေးရုံသို့ သေဆုံးသူ လူ ၂၉ ဦးထက်မနည်း ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ ဂါဇာကမ်းမြောင်အလယ်ပိုင်း၊ Besor Stream အနီးရှိ ကယ်ဆယ်ရေးစခန်းတစ်ခုအား အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး အခြားသူ ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ Nuseirat Refugee Camp ဒုက္ခသည်စခန်း၏ လူအိမ်တစ်လုံးကို လေကြောင်းနှင့်တိုက်ခိုက်ခဲ့ရာ အဆိုပါနေ့တွင် လူငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းတွင် ကယ်ဆယ်ရေးပစ္စည်းများ ပြတ်တောက်နေပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရေဓာတ်ခန်းခြောက်မှုနှင့် အာဟာရချို့တဲ့မှုကြောင့် အနည်းဆုံး လူ ၂၀ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာနက မတ် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် စုစုပေါင်း ၈၆ ဦး သေဆုံးကာ ၁၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန၏ မတ် ၆ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ ပြီးခဲ့သောနှစ် အောက်တိုဘာလက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန်ဖြစ်ပွားချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏စစ်ဆင်ရေးကြောင့် လူပေါင်း ၃၀,၇၀၀ ကျော် သေဆုံးပြီး ၇၂,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………….
(Chinese Version)
以军袭击加沙地带南部和中部至少41人死亡
新华社加沙3月6日电(记者柳伟建)据巴勒斯坦电视台6日报道,以色列军队当天袭击加沙地带南部和中部多个地区,造成至少41人死亡。
报道说,以军6日继续密集轰炸加沙地带南部城市汗尤尼斯多地,至少29名死者被送往医院。加沙地带中部加沙干河附近一处救援物资领取点当天遭以军袭击,造成至少7人死亡、14人受伤。此外,以军当天空袭加沙地带中部努赛赖特难民营一处住宅,造成至少5人死亡。
巴勒斯坦加沙地带卫生部门6日发表声明说,加沙地带北部缺乏援助物资,过去数日已有至少20人因脱水和营养不良死亡。
据加沙地带卫生部门6日发布的数据,以军过去24小时对加沙地带的袭击共造成86人死亡、113人受伤。去年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过3.07万人死亡、逾7.2万人受伤。(完)
Photo 1: 3月6日,在加沙地带南部城市汗尤尼斯,一名男子经过建筑废墟。
Photo 2: 3月6日,在加沙地带南部城市汗尤尼斯,一名男子经过建筑废墟。
Photo 3: 3月6日,在加沙地带南部城市汗尤尼斯,人们经过建筑废墟