Connect with us

Europe

ရုရှားက ၎င်း၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်သော အမေရိကန်သံတမန်များကို နှင်ထုတ်မည်ဟု သတိပေး

ရုရှားနိုင်ငံမြို့တော် မော်စကိုရှိ အမေရိကန်သံရုံးကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Lynne M. Tracy ကို ဆင့်ခေါ်ပြီး ရုရှားပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော အမေရိကန် သံတမန်များကို နှင်ထုတ်မည်ဟု မတ် ၇ ရက်က သတိပေးခဲ့ကြောင်း သိရသည်။

ရုရှားသမ္မတရွေးကောက်ပွဲကို ယခုလလယ်တွင် ကျင်းပမည်ဖြစ်သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် “အဖျက်အမှောင့် လုပ်ရပ်များနှင့် သတင်းအချက်အလက် ဖြန့်ဝေခြင်း” ကို အာရုံစိုက်ပြီး ယင်းအပြုအမူများကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဟု ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ ရုရှား၏ တုံ့ပြန်ဆောင်ရွက်မှုများတွင် ယင်းကဲ့သို့သော အပြုအမူများဆောင်ရွက်နေသည့် အမေရိကန်သံရုံးဝန်ထမ်းများကို “နှစ်သက်ဖွယ်မရှိသော ပုဂ္ဂိုလ်များ” အဖြစ်သတ်မှတ်ကာ ပြည်နှင်ဒဏ်ပေးခြင်းလည်း ပါဝင်သည်။

ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယင်းအဆိုအပေါ် အမေရိကန်အနေဖြင့် မှတ်ချက်တစ်စုံတစ်ရာပေးထားခြင်းမရှိသေးကြောင်းပြောခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ထို့အပြင် အမေရိကန် အကျိုးအမြတ်မယူသောအဖွဲ့အစည်း ၃ ခုအား ထောက်ပံ့နေခြင်းကို ရပ်တန့်ရန် ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုခဲ့သည်။ ၎င်းအဖွဲ့အစည်းများသည် ရုရှားတွင် ပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းကို ဘန်းပြကာ “သြဇာကြီးသော ကိုယ်စားလှယ်များ” ပါဝင်ရန်ခေါ်ယူနေပြီး “ရုရှားဆန့်ကျင်ရေးစီမံချက်များ” လုပ်ဆောင်နေသည်ဟု ထောက်ပြခဲ့သည်။ (Xinhua)

…………………………
(Chinese Version)
俄警告将驱逐干涉俄内政的美外交官

新华社北京3月8日电 俄罗斯外交部7日说,已经召见美国驻俄大使琳恩•特雷西,并警告将驱逐干涉俄内政的美国外交官。
俄罗斯将于本月中旬举行总统选举。俄外交部在一份声明中说,将密切关注与选举有关的“颠覆行动和信息传播”,并坚决打击这种行为。俄方采取的应对措施包括把有此行为的美国使馆职员作为“不受欢迎的人”驱逐出境。
据路透社报道,美国驻俄使馆一名发言人说,美方对此暂无评论。
俄外交部还要求美国大使馆停止支持3家在俄罗斯的美国非营利组织,指认这些组织打着教育和文化交流的旗号,在俄招募“有影响力的代理人”从事“反俄项目”。
Photo:这是2021年4月16日在俄罗斯首都莫斯科拍摄的美国驻俄罗斯大使馆。新华社发(叶甫盖尼•西尼岑摄)