Connect with us

Europe

ဆွီဒင်နိုင်ငံက NATO အဖွဲ့ တွင် တရားဝင် ပါဝင်လာ

ဝါရှင်တန်၊ မတ် ၉ ရက် (ဆင်ဟွာ)

ဆွီဒင်နိုင်ငံသည် NATO အဖွဲ့ ဝင်ဖြစ်ကြောင်း တရားဝင် သဘောတူစာချုပ်ကို အမေရိကန် နိုင်ငံခြားရေးရာဝန်ကြီးဌာနတွင် တရားဝင်အပ်နှံခြင်းအခမ်းအနားကို မတ်လ ၇ ရက်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဘလင်ကန် နှင့် ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် Kristersson တို့က အမေရိကန် နိုင်ငံခြားရေးရာဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။ ယင်းသည်မှာ ဆွီဒင်နိုင်ငံသည် NATO အဖွဲ့ဝင် တရားဝင် ဖြစ်သွားကြောင်းအထိမ်းအမှတ်လည်းဖြစ်သည်။

ဆွီဒင်နိုင်ငံ၏ NATOအဖွဲ့သို့ ဝင်ရောက်ခွင့် ပရိုတိုကော သဘောတူစာချုပ်ကို ဟန်ဂေရီနိုင်ငံသမ္မတ Tamás Sulyok က ယခုနှစ် မတ်လ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဆွီဒင်နိုင်ငံအား NATO အဖွဲ့သို့ တရားဝင် ဝင်ရောက်ခွင့်ပြုလိုက်သည်။ ဟန်ဂေရီသည် ဆွီဒင်အား ၃၂ နိုင်ငံမြောက် NATO အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန် လမ်းရှင်းပေးလိုက်ခြင်းဖြစ်ပြီး NATO အဖွဲ့ဝင်အဖြစ် အတည်ပြုပေးသော နောက်ဆုံးနိုင်ငံဖြစ်သည်။ လုပ်ထုံးလုပ်နည်းအရ NATO အဖွဲ့ဝင်အားလုံး တညီတညွတ်တည်း သဘောတူမှသာလျှင် အဖွဲ့ဝင်အသစ်ကို လက်ခံကြခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအကျပ်အတည်း ပြင်းထန်လာပြီးနောက် ဆွီဒင်နိုင်ငံနှင့် ဖင်လန်နိုင်ငံတို့သည် ထိုနှစ် မေလတွင် NATO အဖွဲ့သို့ ပါဝင်ရန် အတူတကွ လျှောက်ထားခဲ့သည်။ ဖင်လန်နိုင်ငံသည် ယခင်နှစ် ဧပြီလတွင် NATO အဖွဲ့သို့ တရားဝင် ၀င်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(Chinese Version)
瑞典正式加入北约
新华社华盛顿3月7日电(记者邓仙来)美国国务卿布林肯与瑞典首相克里斯特松7日在美国国务院主持仪式,将瑞典加入北约的法律文件正式存放在美国国务院。这标志着瑞典正式成为北约成员国。
今年3月5日,匈牙利总统舒尤克签署批准瑞典加入北约议定书的议案,正式批准瑞典“入约”。匈牙利是最后一个批准瑞典“入约”的北约成员国,为瑞典成为北约第32个成员国扫清障碍。按照规程,北约所有成员国必须一致同意才能吸收新成员。
2022年2月乌克兰危机升级后,瑞典和芬兰同年5月同时申请加入北约。芬兰已于去年4月正式获准加入北约。(完)