Connect with us

Africa & Middle East

အီရန် အကျိုးစီးပွားကို ထိခိုက်စေမည့် တစ်ဆင့်တိုး လုပ်ဆောင်မှု မှန်သမျှ ပို၍ပြင်းထန်စွာ တုံ့ပြန်ခြင်းခံရမည်ဟု အီရန် သမ္မတ ပြောကြား

ဆီးရီးယားမြို့တော် ဒမတ်စကတ်၌ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားသည့် အချင်းဖြစ်နေရာအား ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

အီရန် အကျိုးစီးပွားကို ထိခိုက်စေမည့် တစ်ဆင့်တိုး လုပ်ဆောင်မှုမှန်သမျှသည် ပိုမို ကြီးမားပြင်းထန်သည့် တုံ့ပြန်မှုကို ခံရမည် ဖြစ်သည်ဟု အီရန် သမ္မတ Ebrahim Raisi က ရုရှားသမ္မတ ပူတင်နှင့် ဧပြီ ၁၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်စဉ် ပြောကြားခဲ့ကြောင်း အီရန် သမ္မတရုံးက ယင်းနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေး၏ အီရန် သံတမန်အဖွဲ့ကို တိုက်ခိုက်မှုသည် 《သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာသဘောတူညီချက်》ကို အပါအဝင် နိုင်ငံတကာ သတ်မှတ်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ပြီး အီရန်၏ တန်ပြန်တိုက်ခိုက်ခြင်းသည် 《ကုလသမဂ္ဂပဋိညာဉ်စာတမ်း》ပုဒ်မ ၅၁ အရ ဆောင်ရွက်ခြင်း ဖြစ်ရာ မိမိကိုယ်ကို ကာကွယ်ခြင်း တစ်မျိုး ဖြစ်ကြောင်း Ebrahim Raisi က ပြောကြားခဲ့သည်။ (Xinhua)

………………………..
(Chinese Version)
伊朗总统:任何进一步损害伊朗利益的行为都将受到更强烈回应
新华社德黑兰4月16日电 伊朗总统府16日发表声明说,伊朗总统莱希当天在与俄罗斯总统普京通电话时表示,任何进一步损害伊朗利益的行为都将受到更强烈、更大规模的回应。
莱希说,以色列对伊朗外交使团的袭击公然违反了包括《维也纳外交关系公约》在内的国际规定。伊朗的反击是根据《联合国宪章》第51条进行的,是一种自卫措施。(完)
1. 这是4月1日在叙利亚首都大马士革拍摄的空袭现场(手机拍摄)。