Connect with us

China

ရှန်ဟိုင်းဆိပ်ကမ်း သုံးလတာကာလ မော်တော်ယာဉ်တင်ပို့မှု အစီးရေ ၅၂၀,၀၀၀ ကျော်ရှိ

တရုတ်နိုင်ငံ ဖူကျိုးဆိပ်ကမ်း ကျန်းရင်းဆိပ်ကမ်းဧရိယာတွင် တင်ပို့မည့် မော်တော်ယာဉ်များ သင်္ဘောပေါ်သို့ မောင်းနှင်နေသည်ကို မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ယခုနှစ် သုံးလတာကာလတွင် ရှန်ဟိုင်းဆိပ်ကမ်းမှ တင်ပို့သော မော်တော်ယာဉ် အစီးရေ ၅၂၉,၀၀၀ ရှိရာ ပြီးခဲ့သည့်နှစ် ကာလတူထက် ၃၀.၇ ရာခိုင်နှုန်းတိုးမြင့်လာခြင်း ဖြစ်ပြီး ၎င်းတို့အနက် လျှပ်စစ်လူတင်မော်တော်ယာဉ်သည် ၄၀ ရာခိုင်နှုန်းကျော် ရှိကြောင်း ရှန်ဟိုင်း အကောက်ခွန်ရုံး၏ ယခုရက်ပိုင်း ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိ ယန်ဇီမြစ်ပင်လယ်ဝရှိ ရှန်ဟိုင်း ဝိုက်ကောင်းချောင် ဆိပ်ကမ်းဧရိယာတွင် နိုင်ငံခြားကုန်သွယ်မှု Ro-Ro ကုန်တင်ကုန်ချသင်္ဘောကုမ္ပဏီ ၄၀ နီးပါးသည် ကမ္ဘာတစ်ဝန်း နိုင်ငံနှင့်ဒေသပေါင်း ၁၁၀ ကျော်ရှိ မော်တော်ယာဉ် ကုန်သွယ်ရေး ရေကြောင်းခရီးလမ်းများ ပြေးဆွဲနေပြီ ဖြစ်သည်။ (Xinhua)

…………………………………
(Chinese Version)
中国经济简讯:上海口岸一季度汽车出口超52万辆
上海海关近日公布,今年一季度,上海口岸出口汽车52.9万辆,比去年同期增长30.7%,其中电动载人汽车占比超四成。据介绍,目前,在长江入海口的上海外高桥港区,已有近40家外贸滚装船公司开通了遍及全球110多个国家和地区的汽车贸易航线。
1. 3月12日,准备出口的车辆从福州港江阴港区码头驶上远洋滚装轮(无人机照片)。