Connect with us

China

အမေရိကန်က တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှု ထိန်းချုပ်ရေး လုပ်ဆောင်ချက်များကို ပြင်ဆင်ခြင်းအပေါ် တရုတ်က တုံ့ပြန်

ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ၂၀၂၃ခုနှစ် အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သော တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)တင်ပို့မှု ထိန်းချုပ်ရေး လုပ်ဆောင်ချက်များကို ပြင်ဆင်ရန် မကြာသေးမီက အမေရိကန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာချက်အပေါ် တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်က တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှု ထိန်းချုပ်ရေး လုပ်ဆောင်ချက်များသည် နောက်ဆုံးအကြိမ် ပြင်ဆင်ချမှတ်ပြီးချိန်မှ နှစ်ဝက်မပြည့်သေးသည်ကို တရုတ်နိုင်ငံအနေဖြင့် သတိပြုမိကြောင်း၊ အမေရိကန်ကုမ္ပဏီများအပါအဝင် နိုင်ငံတကာကုမ္ပဏီများ အားလုံးသည် တည်ငြိမ်ပြီး တွက်ဆ၍ရသည့် စီးပွားရေးဝန်းကျင်တစ်ခု မျှော်လင့်ကြောင်း၊ အမေရိကန်နိုင်ငံ၏ နိုင်ငံလုံခြုံရေးသဘောထားကို ယေဘုယျပြောကြားကာ စည်းမျဉ်းစည်းကမ်းများကို မဆင်မခြင်ပြင်ဆင်ခြင်း၊ ထိန်းချုပ်ရေး လုပ်ဆောင်ချက်များကို တင်းကျပ်ခြင်း တို့သည် တရုတ်-အမေရိကန်နှစ်နိုင်ငံရှိ ကုမ္ပဏီများ၏ ပုံမှန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် အဟန့်အတားများ ပိုမိုဖန်တီးပေးပြီး လိုက်နာခြင်းဝန်ထုပ်ဝန်ပိုးပိစေသည်သာမက ကမ္ဘာ့တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းအတွက် ဆိုးကျိုးများ ဖြစ်ပေါ်စေကြောင်း၊ ယင်းသည် တရုတ်နှင့် ပြည်ပကုမ္ပဏီများကြား အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ပြင်းထန်စွာ သက်ရောက်ပြီး တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေကြောင်း၊ ယင်းကိစ္စအပေါ် တရုတ်နိုင်ငံသည် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း မတ် ၃၁ ရက်တွင် တုံ့ပြန်ခဲ့သည်။
တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်လာခဲ့ပြီး ဆယ်စုနှစ်ချီ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးနောက် အပြန်အလှန်ဆက်နွှယ်နေသော လုပ်ငန်းပုံစံဖြစ်လာကြောင်း၊ ယင်းမှာ ဈေးကွက်ဥပဒေများနှင့်လုပ်ငန်းရွေးချယ်မှုများ ပေါင်းစပ်အကျိုးသက်ရောက်မှု၏ ရလဒ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းဈေးကွက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အားလုံးနှင့်အတူ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေပြီး ကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
商务部回应美修订半导体出口管制措施
新华社北京4月1日电 针对近日美国商务部发布公告,对美国2023年10月17日发布的半导体出口管制规则进行修订,商务部新闻发言人3月31日回应称,中方注意到,美方修订了半导体出口管制措施,这距离美上次出台措施仅半年不到。包括美国企业在内的各国企业都希望有一个稳定、可预期的经营环境。美方泛化国家安全概念,肆意修改规则,加严管制措施,不仅给中美两国企业开展正常经贸合作设置了更多的障碍,施加了更重的合规负担,还给全球半导体产业造成了巨大的不确定性。这严重影响中外企业开展互利合作,损害其正当合法权益。中方对此坚决反对。
这位发言人表示,半导体产业高度全球化,经过数十年发展,已形成你中有我、我中有你的产业格局,这是市场规律和企业选择共同作用的结果。中国是全球最大的半导体市场。中方愿与各方一道,加强互利合作,促进全球半导体产业链供应链的安全与稳定。(完)