Connect with us

Africa & Middle East

အစ္စရေးတို့က ရွေးကောက်ပွဲ ဆောလျင်စွာ ကျင်းပရေး တောင်းဆိုဆန္ဒပြမှုများ ဆက်လက်ပြုလုပ်

ဂျေရုဆလမ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အစ္စရေးပြည်သူများက အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ရာထူးမှဆင်းပေးပြီး ပါလီမန်ရွေးကောက်ပွဲ ကျင်းပပေးရန် မတ် ၃၁ ရက် ညနေပိုင်းတွင် အနောက် ဂျေရုဆလမ်၌ အကြီးစား ဆန္ဒပြလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ် နေတန်ယာဟုက ဂါဇာဒေသ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ရွေးကောက်ပွဲ စောစီးစွာ ကျင်းပခြင်းသည် တိုင်းပြည်ကို အင်အားချိနဲ့သွားစေမည်ဟု အဆိုပါညပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် အနောက်ဂျေရုဆလမ်ရှိ အစ္စရေးပါလီမန် အဆောက်အအုံအပြင်ဘက်၌ လူတစ်သိန်းခန့် စုဝေးခဲ့ကြသည်ဟု ဆန္ဒပြပွဲပြုလုပ်သူများ၏ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။ ဆန္ဒပြတောင်းဆိုသူများက အစိုးရအား ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် သဘောတူညီချက်ရရှိရန်၊ ထိန်းသိမ်းခံထားသော အစ္စရေးများကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………………………
(Chinese Version)
以色列民众继续举行抗议活动要求提前选举
新华社耶路撒冷3月31日电 以色列民众3月31日晚在西耶路撒冷举行大规模抗议活动,要求以总理内塔尼亚胡下台、举行议会选举。内塔尼亚胡当晚表示,在加沙冲突仍在进行时提前举行选举会让国家陷入瘫痪。
当地媒体援引抗议组织者的话说,约10万名民众当天聚集在西耶路撒冷的以色列议会大楼外。他们还呼吁政府尽快与巴勒斯坦伊斯兰抵抗运动(哈马斯)达成协议,释放被扣押以色列人。(完)