Connect with us

Europe

ရာသီဥတုပြောင်းလဲမှုက ကမ္ဘာလုံးဆိုင်ရာအချိန်ကိုက်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု လေ့လာမှုအသစ်တွင် ခန့်မှန်းထား

လန်ဒန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

မကြာသေးမီက အွန်လိုင်းတွင် ထုတ်ဝေခဲ့သည့် အင်္ဂလန်နိုင်ငံ Nature မဂ္ဂဇင်းမှ သုတေသနစာတမ်းတစ်ခုက ကမ္ဘာ့ဝင်ရိုးစွန်းများရှိ ရေခဲများ အရှိန်အဟုန်ဖြင့် အရည်ပျော်မှုသည် ကမ္ဘာ၏၎င်းဝင်ရိုးပေါ် လည်ပတ်သည့်အရှိန်ကို ထိခိုက်စေပြီး ယင်းက သမိုင်း၌ ပထမဆုံး အနုတ်စက္ကန့်ထပ် (Negative Leap Second) ကို သုံးနှစ်နှောင့်နှေးပြီး ထွက်ပေါ်စေမည်ဟု ခန့်မှန်းခဲ့သည်။

စာတမ်းကိုရေးသားသူ ကယ်လီဖိုးနီးယားတက္ကသိုလ် San Diego မှ Scripps အဏ္ဏဝါဗေဒဌာနမှ ဘူမိရူပဗေဒပညာရှင် Duncan Agnoly သည် ဂြိုလ်တုအချက်အလက်ကို အသုံးပြုပြီး ကမ္ဘာ့အူတိုင်(Earth’s core)လှုပ်ရှားမှုနှင့် ရာသီဥတုပြောင်းလဲမှု စသည်တို့က ကမ္ဘာ၏ ၎င်းဝင်ရိုးပေါ်တွင် လည်ပတ်သည့်အရှိန်အပေါ် သက်ရောက်မှုရှိကြောင်း သုတေသနပြုလုပ်ခဲ့သည်။

မကြာသေးမီဆယ်စုနှစ်များအတွင်း ကမ္ဘာ့အူတိုင်၏ အရည်အစိတ်အပိုင်း လည်ပတ်ထောင့်အလျင်သည် စဉ်ဆက်မပြတ်ပြောင်းလဲမှုနှုန်းဖြင့် ဆက်လက်လျော့ကျသွားပြီး၊ ယင်းသည် ကမ္ဘာ၏ကျန်ရှိအစိုင်အခဲအစိတ်အပိုင်းများ၏ လည်ပတ်ထောင့်အလျင်ကို တိုးလာစေကြောင်း၊ ဤအကျိုးသက်ရောက်မှုအောက်တွင် ဝင်ရိုးစွန်းရှိ ရေခဲများ အရည်ပျော်ခြင်းကို ထည့်သွင်းစဉ်းစားခြင်းမရှိပါက ကမ္ဘာပေါ်တွင် ၂၀၂၆ ခုနှစ်အစောပိုင်း၌ ပထမ Negative Leap Second ချိန်ညှိမှု လိုအပ်မည်ဖြစ်ကြောင်း၊ သို့သော်လည်း ၂၀ရာစု ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ ဂရင်းလန်းနှင့် အန္တာတိကတိုက်ရှိ ရေခဲများ အရှိန်အဟုန်ဖြင့် အရည်ပျော်လာခြင်းကြောင့် ကမ္ဘာ၏ ဒြပ်ထု အချို့သည် ဝင်ရိုးစွန်းများမှ အီကွေတာသို့ ရွှေ့ပြောင်းခဲ့ပြီး ယင်းကြောင့် ကမ္ဘာ၏ ၎င်းဝင်ရိုးပေါ်တွင် လည်ပတ်သည့် ထောင့်အလျင်ကို နှေးကွေးသွားစေခဲ့ကြောင်း၊ ယင်းသက်ရောက်မှုကြောင့် ပထမအကြိမ် Negative leap second ချိန်ညှိမှုသည် ၂၀၂၉ ခုနှစ် အထိနှောင့်နှေးနိုင်ကြောင်း ဆောင်းပါးမှ သိရသည်။

ကမ္ဘာပေါ်တွင် အသုံးများသော Universal Time (UT) နှင့် International Atomic Time (TAI) အချိန်ကိုက်စနစ် နှစ်ခု ရှိကြောင်း၊ ကမ္ဘာ၏ ၎င်းဝင်ရိုးပေါ်တွင် လည်ပတ်သည့်အရှိန် မညီညာမှုကြောင့် အချိန်ကြာလာသည်နှင့်အမျှ အချိန်ကိုက်စနစ်နှစ်ခုကြားတွင် အချိန်ကွာခြားမှုများ ဖြစ်ပေါ်လာမည်ဖြစ်ရာ ကမ္ဘာတစ်ဝန်းမှ အချိန်နာရီတို့အား ညှိနှိုင်းဖော်ပြသည့်အဓိကစံနှုန်း “Coordinated Universal Time” (UTC) ၏ သဘောတရားဖြစ်ပေါ်လာကြောင်း၊ “Coordinated Universal Time” (UTC) သည် International Atomic Time (TAI) စက္ကန့်ကြာချိန်ပေါ်တွင် အခြေခံထားပြီး အချိန်ကို Universal Time (UT) နှင့် အနီးစပ်ဆုံး ချိန်ညှိထားကြောင်း သိရသည်။

Leap second စက္ကန့်ထပ်သည် Universal Time (UT) နှင့် နီးစပ်မှုရှိစေရန် Coordinated Universal Time (UTC) တွင် လူလုပ် ၁စက္ကန့် တိုးခြင်း လျှော့ခြင်း ပြုလုပ်သော ချိန်ညှိမှုတစ်ခုဖြစ်ကြောင်း၊ UT နှင့် International Atomic Time (TAI) အကြား အချိန်ကွာခြားချက်မှာ ၀.၉ စက္ကန့်သို့ ရောက်ရှိပါက Coordinated Universal Time (UTC)ကို ရှေ့သို့ ၁ စက္ကန့်တိုးခြင်း (၁စက္ကန့် နုတ်ခြင်း Negative Leap Second) သို့မဟုတ် နောက်သို့ ၁ စက္ကန့် ဆုတ်ခြင်း(၁ စက္ကန့် ပေါင်းထည့်ခြင်း Positive Leap Second) ပြုလုပ်ကြောင်း၊ ယခုအချိန်အထိ ကမ္ဘာတစ်ဝန်းတွင် Leap Second ၂၇ ကြိမ် ချိန်ညှိမှုများ ပြုလုပ်ထားပြီး ၎င်းတို့အားလုံးသည် Positive Leap Second များဖြစ်ပြီး Negative Leap Second များကို မည်သည့်အခါမျှ အသုံးမပြုရသေးကြောင်း သိရသည်။

Leap Second များ သည် တိကျမှု လိုအပ်သော အချိန်ထိန်းညှိမှု၏ တွက်ချက်မှုစနစ်ကို လွန်စွာ အနှောင့်အယှက် ဖြစ်စေကြောင်း၊ ၂၀၂၂ ခုနှစ်တွင်၂၇ ကြိမ်မြောက် နိုင်ငံတကာ အလေးချိန်နှင့်တိုင်းတာမှုဆိုင်ရာ အထွေထွေညီလာခံ (CGPM) က ၂၀၃၅ ခုနှစ် မတိုင်ခင် Leap Second ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး “Coordinated Universal Time” ကို အနည်းဆုံး နှစ်တစ်ရာအထိ ဆက်လက်ဆောင်ရွက်နိုင်မည့် အစီအမံသစ်တစ်ခုကို ညှိနှိုင်းပြီး အဆိုပြုရန် အားလုံးကို တောင်းဆိုခဲ့ကြောင်း သိရသည်။
မက်ထရိုဗေဒ ရှုထောင့်အရ ပထမဆုံး Negative Leap Second သုံးနှစ် နှောင့်နှေးပြီးမှ ဖြစ်ပေါ်လာခြင်းသည် “သတင်းကောင်း” ဖြစ်သော်လည်း ယင်းကို ကမ္ဘာကြီး ပူနွေးလာမှုအတွက် ကောင်းသော အခြေခံအဖြစ် မယူဆသင့်ဟု ပညာရှင်များက ထောက်ပြခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………..
(Chinese Version)
新研究预测气候变化或将影响全球计时
新华社伦敦3月31日电 近日在线发表于英国《自然》杂志上的一篇研究论文预测,地球两极冰加速融化正在影响地球自转速度,这将导致历史上首个负闰秒推迟三年出现。
论文作者、美国加利福尼亚大学圣迭戈分校斯克里普斯海洋研究所的地球物理学家邓肯·阿格纽利用卫星数据,研究了地核运动和气候变化等对地球自转角速度的影响。
文章说,近几十年来,地核液态部分自转角速度以恒定变化率持续下降,这导致地球其余固态部分自转角速度增加。在这种效应影响下,如果不考虑两极融冰,地球上可能最早于2026年需要进行首次负闰秒调整。然而从20世纪90年代以来,由于格陵兰岛和南极洲冰融化加快,部分地球质量从两极向赤道附近转移,这导致地球自转角速度减慢。受此影响,首次负闰秒调整可能将推迟到2029年。
世界上有两种常用计时系统,分别是基于地球自转的世界时(UT)和基于原子振荡周期的国际原子时(TAI)。由于地球自转速度的不均匀性,随着时间推移,两个计时系统之间会出现时差,因此有了“协调世界时”(UTC)的概念。“协调世界时”以国际原子时秒长为基础,在时刻上尽量接近世界时。
闰秒是1972年以来为使“协调世界时”接近于世界时的时刻,而对“协调世界时”人为增加或删减1秒的调整,即当世界时和国际原子时之间相差达到0.9秒时,就将协调世界时向前拨1秒(删减1秒,即负闰秒)或向后拨1秒(增加1秒,即正闰秒)。迄今全球已进行过27次闰秒调整,均为正闰秒,负闰秒从未被使用过。
闰秒对需要精准对时的计算机系统造成巨大干扰。2022年第27届国际计量大会决定,最迟不晚于2035年废除闰秒,并要求各方协商提出一个可以将“协调世界时”持续至少百年的新方案。
专家指出,从计量学角度来看,首个负闰秒推迟三年出现“是个好消息”,但这不应被视为全球变暖有利的依据。(完)