Connect with us

Asia

ဗီယက်နမ်၏ ပင်လယ်စာတင်ပို့မှု အမေရိကန်ဒေါ်လာ နှစ်ဘီလီယံရှိခဲ့

ဗီယက်နမ်နိုင်ငံ An Giang ပြည်နယ်ရှိ စက်ရုံတစ်ရုံတွင် ပြည်ပသို့ ငါးများတင်ပို့ရန် ဆောင်ရွက်နေသော အလုပ်သမားများကို ၂၀၂၂ ခုနှစ် မတ် ၁၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမသုံးလပတ်တွင် ပင်လယ်စာထုတ်ကုန်များ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံနီးပါးရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ရှစ်ရာခိုင်နှုန်း တိုးလာကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်း၏ ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှုမှာ ဇန်နဝါရီလမှ မတ်လအတွင်း အမေရိကန်ဒေါ်လာ သန်း ၆၉၀ ကျော် ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၄ ရာခိုင်နှုန်း တိုးမြင့် လာခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာထုတ်ကုန်များ အဓိကတင်သွင်းသည့် နိုင်ငံသုံးနိုင်ငံဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်း၏ ဆက်သွယ်ရေး ဒါရိုက်တာလီဟန်းက ပြောကြားသည်။

တရုတ်နိုင်ငံသို့ ပုစွန်နှင့် ကဏန်း တင်ပို့မှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ခုနစ်ဆမှ ၁၁ ဆအထိ အသီးသီး တိုးတက်မှုရှိခဲ့ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူ က ဆက်လက်ပြောသည်။ ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံအထိရောက်ရှိရန် ခန့်မှန်းထားကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ (Xinhua)

………………………
(English Version)
Vietnam’s seafood exports reach 2 bln USD in Q1
HANOI, April 1 (Xinhua) — Vietnam reaped nearly 2 billion U.S. dollars from exporting seafood products in the first quarter of this year, increasing over 8 percent year on year, Vietnam News Agency reported Monday, citing the Vietnam Association of Seafood Exporters and Producers.
Shrimp exports were estimated at over 690 million dollars during the January-March period, up 24 percent year on year.
Tra fish exports hit nearly 424 million dollars, increasing 0.4 percent year on year while tuna exports’ revenue hit over 220 million dollars, a surge of 22.2 percent year on year, said the association.
Le Hang, the association’s communication director, said the United States, Japan and China were the three biggest importers of Vietnamese seafood products for the cited period.
Exports of lobsters and crabs to China recorded growth rates at 11 times and seven times year on year, respectively, the association official added.
Vietnam’s seafood exports are forecast to reach the 9.5 billion dollars mark in 2024, local media reported. ■
Photo- Workers process fish for export at a factory in An Giang province, Vietnam, March 14, 2022. (VNA/Handout via Xinhua)