Connect with us

Asia

ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) ၏ (၈၀) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဘန်ကောက်တွင် ကျင်းပ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီ ၂၂ ရက်က ပြုလုပ်သော ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) ၏ (၈၀) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၊ အထွေထွေဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာကျောင်းရွှိက မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) ၏ (၈၀) ကြိမ်မြောက် နှစ်ပတ်လည် ဝန်ကြီးအဆင့် အစည်းအဝေးကို ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ယခုလ ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း၊ ဤနှစ်ပတ်လည်အစည်းအဝေး၏ ခေါင်းစဉ်မှာ “ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုဖြင့် အာရှ-ပစိဖိတ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်”ဟူ၍ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UNESCAP) ၏ အမှုဆောင်အတွင်းရေးမှူးချုပ် Alisjahbana၊ အိမ်ရှင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆေထာ ထဝီဆင်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်အပါအဝင် အဖွဲ့ဝင်ကိုယ်စားလှယ်စုစုပေါင်း လူ ၈၀၀ ခန့် တက်ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာကျောင်းရွှိက ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ကာ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


………………………………
(Chinese Version)
联合国亚太经社会第80届年会在曼谷举行
曼谷,2024年4月23日
联合国亚太经社会第80届年会部长级会议22日至26日在泰国首都曼谷举行,本届年会主题为“撬动数字创新促进亚太可持续发展”。联合国亚太经社会执行秘书阿利斯夏巴纳、东道主泰国总理赛塔、柬埔寨首相洪玛奈和成员代表等约800人与会。中国外交部副部长马朝旭率团出席会议。
图说:4月22日,中国外交部副部长马朝旭在泰国曼谷举行的联合国亚太经社会第80届年会一般性辩论中发言。新华社记者 王腾 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.