Connect with us

Asia

အရည်အသွေးမြင့်၊ အဆင့်မြင့်၊ စံနှုန်းမြင့်မားသော အေးအတူပူအမျှ တရုတ်-ကမ္ဘောဒီးယားအသိုက်အဝန်း တည်ဆောက်ရေး ရှေ့ဆက်ဆောင်ရွက်မည်

တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဝမ်ရိနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Sun Chanthol တို့ ၂၀၂၄ ခုနှစ် ဧပြီ ၂၂ ရက်က ပြုလုပ်သော ၇ ကြိမ်မြောက် တရုတ်-ကမ္ဘောဒီးယား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေး၌ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အရည်အသွေးမြင့်၊ အဆင့်မြင့်၊ စံနှုန်းမြင့်မားသော အေးအတူပူအမျှ တရုတ်-ကမ္ဘောဒီးယားအသိုက်အဝန်း တည်ဆောက်မှု အဆင့်မြှင့်တင်ရေး ထပ်မံကြိုးပမ်းဆောင်ရွက်မည်ဟု ဧပြီ ၂၂ ရက်က ကတိပြုခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်တွင် ပြုလုပ်သော ၇ ကြိမ်မြောက် တရုတ်-ကမ္ဘောဒီးယား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေးအတွင်း နှစ်နိုင်ငံအသိုက်အဝန်း တစ်ဆင့်တိုးတည်ဆောက်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု ရရှိခဲ့ကြသလို ယင်းအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေးကိုလည်း အပြည့်အဝသုံးသပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
အပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/SSG

……………………………..
(English Version)
China, Cambodia to move forward in building high-quality, high-level, high-standard community with shared future
PHNOM PENH, April 23 (Xinhua) — China and Cambodia on Monday pledged further efforts to advance the building of a high-quality, high-level, and high-standard China-Cambodia community with a shared future. The two sides reached broad consensus on the direction for their efforts in the next stage of building the bilateral community and fully reviewed the implementation work of the community-building action plan during the seventh meeting of the China-Cambodia Intergovernmental Coordination Committee held in the Cambodian capital Phnom Penh.
Photo 1: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, and Cambodian Deputy Prime Minister Sun Chanthol co-chair the seventh meeting of the China-Cambodia Intergovernmental Coordination Committee in Phnom Penh, Cambodia, April 22, 2024. (Photo by Sovannara/Xinhua)