Connect with us

Europe

ဖင်လန်နှင့် ယူကရိန်းနိုင်ငံတို့ ၁၀ နှစ် သက်တမ်းရှိသော လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီစာချုပ် လက်မှတ်ရေးထိုး

ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့ ရှိ သမ္မတအိမ်တော်ရှေ့တွင် လက်ရှိသမ္မတ Stubb (ရှေ့တန်း ယာဘက်) နှင့် သမ္မတဟောင်း Sauli Niinistö ကို မတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ဖင်လန်နိုင်ငံသမ္မတ Alexander Stubb သည် ဧပြီ ၃ ရက်တွင် ကိဗ်မြို့သို့သွားရောက်ခဲ့ပြီး ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဖင်လန်နှင့် ယူကရိန်းတို့သည် ၁၀ နှစ် သက်တမ်းရှိသော လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယူကရိန်းနိုင်ငံက လိုအပ်ပါက ၎င်းအား စစ်ရေး၊ နိုင်ငံရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် အရပ်ဘက် ကာကွယ်ရေး စသည့်ရေရှည်အထောက်အပံ့များကို ဖင်လန်နိုင်ငံက ဆက်လက်ပံ့ပိုးပေးသွားမည်ဟု ကတိပြုခဲ့ကြောင်း ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် Stubb က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………..
(Chinese Version)
芬兰与乌克兰签署10年期安全合作协议
新华社北京4月4日电 芬兰总统亚历山大·斯图布3日到访基辅,会晤乌克兰总统弗拉基米尔·泽连斯基。斯图布在会后举行的记者会上宣布,芬乌两国签署了一份为期10年的安全合作协议,芬方承诺“将继续向乌克兰提供长期军事、政治和资金支持,以及人道援助和民防支持……只要对方需要”。
图说:这是3月1日在芬兰赫尔辛基的总统府前拍摄的斯图布(前右)与前总统尼尼斯托。新华社发(芬兰总统办公室供图)