Connect with us

Africa & Middle East

ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာနိုင်ငံ အစိုးရအား ကူညီဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တရုတ်နိုင်ငံက တောင်းဆို

ကုလသမဂ္ဂ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
သက်ဆိုင်ရာနိုင်ငံ အစိုးရမှ ထိရောက်သော အစီအမံများ၊ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကလေးငယ်များ ဘက်စုံဖွံဖြိုးတိုးတက်စေရေးတို့အတွက် လုပ်ဆောင်ချက်များတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပံ့ပိုးကူညီပေးရန် ဧပြီ ၃ ရက်တွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ပြောကြားခဲ့သည်။

ကလေးငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ လုံခြုံရေးကောင်စီ၏ တွေ့ဆုံဆွေးနွေးပွဲ၌ ကလေးငယ်များသည် လက်နက်ကိုင်ပဋိပက္ခများတွင် အပြစ်ကင်းဆုံးသူများဖြစ်ပြီး အကူအညီပေးရန် အလိုအပ်ဆုံး အားနွဲ့သူများဖြစ်ကြောင်း၊ လက်ရှိ ကမ္ဘာပေါ်တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးတကြီးလိုအပ်နေသည့် ကလေးငယ်ပေါင်း သန်း ၁၅၀ ရှိကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများချောမွေ့စွာလုပ်ဆောင်ရေးနှင့် ဘေးကင်းစွာ ဝင်ရောက်နိုင်ရေးသည် ၎င်းကလေးငယ်များ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အခြေခံလိုအပ်ချက်များဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့် လုံခြုံရေးကောင်စီတို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားရေးနှင့် အကာအကွယ်အတားအဆီးများကို ခိုင်မာစွာတည်ဆောက်ရေး စသည့် လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးငယ်တိုင်းအတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီမှုရရှိရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း အဆိုပါနေ့တွင် ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)
…………………………………………

(Chinese Version)
中方呼吁国际社会帮助当事国政府采取措施保障儿童全面发展
新华社联合国4月3日电(记者王建刚)中国常驻联合国副代表耿爽3日呼吁国际社会帮助当事国政府采取有效措施,消除饥饿与贫困,普及教育和医疗,保障儿童的全面发展。
耿爽当天在安理会儿童与武装冲突公开会上表示,儿童是武装冲突中最无辜的受害者,是武装冲突中最需要帮助的脆弱群体。全球目前有1.5亿儿童亟需人道救援,确保人道行动顺利开展、人道准入安全畅通,是保障这些儿童权益的基础和前提。中方希望国际社会和安理会采取切实行动,消除人道阻碍,筑牢保护屏障,让武装冲突中每一名儿童都能最大程度地得到支持和帮助。