Connect with us

Africa & Middle East

အစ္စရေးစစ်တပ်သည် ရာဖာမြို့တွင် ဟားမက်စ်များအပေါ် “တိကျသောတိုက်ခိုက်မှုများ” ဆက်လက်လုပ်ဆောင်

ဂျေရုဆလမ်၊ မေ ၁၃ ရက် (ဆင်ဟွာ)

အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမြို့ ရာဖာ၌ ပါလက်စတိုင်း အစ္စလာမ္မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) အား တိကျသောတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က မေ ၁၂ ရက်တွင် ဗီဒီယိုမိန့်ခွန်း၌ ပြောကြားခဲ့ကြောင်း သိရသည်။
အစ္စရေးစစ်တပ်သည် ရာဖာ တွင် ဟားမက်စ်များကို တိကျသော တိုက်ခိုက်မှု စတင်ခဲ့ပြီးနောက် ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့ဝင် ဆယ်နှင့်ချီ သေဆုံးခဲ့ပြီး ဥမင်လိုဏ်ခေါင်းများနှင့် လက်နက်အများအပြားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Hagari က ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်သည် ဟားမက်စ်များကို ချေမှုန်းရေးနှင့် ထိန်းသိမ်းခံထားရသူ အစ္စရေးအားလုံး လွတ်မြောက်ရေး ရည်မှန်းချက် အောင်မြင်ရန် ကြိုးပမ်းအားထုတ်နေသည်ဟု Hagari က အလေးအနက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………….
(Chinese Version)
以军继续在拉法展开针对哈马斯的“精准打击”
新华社耶路撒冷/加沙5月12日电 以色列国防军发言人哈加里12日发表视频讲话说,以军继续在加沙地带南部城市拉法对巴勒斯坦伊斯兰抵抗运动(哈马斯)进行“精准打击”。
哈加里说,以军在拉法对哈马斯进行“精准打击”以来,已打死数十名巴勒斯坦武装人员,并发现地道和大量武器。哈加里强调,以军致力于实现击败哈马斯并使以方所有被扣押人员获释的目标。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.