Connect with us

China

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ဆားဘီးယား ချစ်ကြည်ရင်းနှီးမှုကို “သံမဏိသဖွယ် ခိုင်မာသည့် မိတ်ဆွေ” ဟု အဓိပ္ပါယ်ဖွင့်ဆို

ပေကျင်း၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆားဘီးယားနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ် သွားရောက်တော့မည်ဖြစ်ကြောင်း သိရသည်။
ဆားဘီးယားနိုင်ငံသည် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် တရုတ်နိုင်ငံနှင့် ပထမဆုံးသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ပေသည်။ မကြာသေးမီနှစ်များအတွင်း သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Aleksandar Vučić တို့၏ မဟာဗျူဟာ လမ်းညွှန်မှုအောက်တွင် တရုတ်- ဆားဘီးယား ဆက်ဆံရေးသည် မြင့်မားသောအဆင့်တွင် ဆက်လက်တည်ရှိခဲ့ကြောင်း၊ အပြန်အလှန် ဗဟိုအကျိုးစီးပွားနှင့် အဓိက စိုးရိမ်ပူပန်မှုများကို နှစ်ဖက်စလုံးက အပြန်အလှန် အခိုင်အမာ ထောက်ခံအားပေးခဲ့ပါကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ခိုင်မာကြောင်း၊ ရပ်ဝန်း နှင့် ပိုးလမ်းမအား အရည်အသွေးမြင့် ပူးတွဲတည်ဆောက်မှုသည် အောင်မြင်မှုရလဒ် များစွာ ရရှိပြီး နယ်ပယ်ပေါင်းစုံတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဆားဘီးယားနိုင်ငံတို့သည် “သံမဏိသဖွယ် ခိုင်မာသည့် မိတ်ဆွေများ” ဖြစ်သည်ဟု အရေးကြီးသော အခမ်းအနားများတွင် အကြိမ်ကြိမ် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)


………………………………………………
(Chinese Version)
“铁杆朋友” ——习近平主席这样阐释中塞友谊
国家主席习近平即将对塞尔维亚进行国事访问。
塞尔维亚是中国在中东欧地区首个全面战略伙伴。近年来,在习近平主席和武契奇总统战略引领下,中塞关系保持高水平运行,双方坚定支持彼此核心利益和重大关切,两国政治互信牢固,高质量共建“一带一路”取得丰硕成果,在多边领域协调紧密。习近平主席多次在重要场合提及,中国和塞尔维亚是“铁杆朋友”。