Connect with us

China

ပြင်သစ်နိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကို နွေးထွေးစွာ ကြိုဆို

ပြင်သစ်၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ အထူးလေယာဉ်ဖြင့် ဒေသစံတော်ချိန် မေ ၅ ရက် ညနေပိုင်းက ရောက်ရှိခဲ့ကြောင်း၊ ပြင်သစ်သမ္မတ မက်ခရွန်၏ ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် Paris Orly လေဆိပ်သို့ ရောက်ရှိလာချိန်တွင် ပြင်သစ်ဝန်ကြီးချုပ် Attal နှင့် ပြင်သစ်အစိုးရ၏ အကြီးတန်းကိုယ်စားလှယ်များက နွေးထွေးစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ရှီကျင့်ဖိန်သည် လေဆိပ်မှ ဟိုတယ်သို့ ကားစီးလာသော လမ်း၌လည်း ပြည်ပရောက် တရုတ်နွယ်ဖွားများနှင့် ပညာတော်သင် တရုတ်ကျောင်းသားများက လမ်း၏တစ်ဖက်တစ်ချက်စီတွင် စောင့်နေခဲ့ပြီး “တရုတ်နှင့် ပြင်သစ်ကြား ချစ်ကြည်ရင်းနှီးမှု အစွန့်ရှည်ပါစေ” ၊ “သမ္မတ ရှီကျင့်ဖိန် ပြင်သစ်နိုင်ငံ အလည်အပတ်ခရီး အောင်မြင်ပါစေ” ဟု ရေးသားထားသော အနီရောင်စာတန်းများ ကိုင်ဆောင်ခဲ့လျက် တရုတ်၊ ပြင်သစ် နိုင်ငံအလံများကို ဝှေ့ယမ်းကာ မောင်းတီးခြင်း၊ ဗုံတီးခြင်း၊ တရုတ်နဂါး၊ ခြင်္သေ့အကများကခြင်းဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………………………………
(Chinese Version)
到访法国 习近平受到热情迎接
当地时间5月5日下午,国家主席习近平乘专机抵达巴黎,应法兰西共和国总统马克龙邀请,对法国进行国事访问。
习近平乘坐专机抵达巴黎奥利机场时,法国总理阿塔尔等法国政府高级代表热情迎接。
习近平乘车从机场赴下榻饭店途中,华人华侨和中国留学生自发等候在道路两旁,高举“中法友谊万岁!”、“祝习近平主席访问法国取得圆满成功!”等红色横幅,挥舞中法两国国旗,敲锣打鼓,舞龙舞狮,热烈欢迎习近平主席到访。